Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts
Nov 19, 2011
Nov 16, 2011
နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ် ရယူပေးခဲ့သည့် မြားပစ်မယ် အောင်ငှိမ်းနှင့် တစ်ခဏတာ

www.soccermyanmar.com
Myanmar Football Website - with the breaking news, football articles, interviews, match previews, match reviews and latest club news
Nov 13, 2011
England Vs Spain 1-0 All Highights And Goals 12-11-11
http://thebarca.com/videos/viewvideo/6195/best-skills-and-goals/england-vs-spain-1-0-all-highights-and-goals-12-11-11-friendly.html
England Vs Spain 1-0 All Highights And Goals 12-11-11
http://www.thebarca.com/videos/viewvideo/6195/best-skills-and-goals/england-vs-spain-1-0-all-highights-and-goals-12-11-11-friendly.html
England Vs Spain 1-0 All Highights And Goals 12-11-11
http://thebarca.com/videos/viewvideo/6195/best-skills-and-goals/england-vs-spain-1-0-all-highights-and-goals-12-11-11-friendly.html
Nov 9, 2011
မင်္ဂလာရှိသည့် နေ့ရက်ဖြစ်ကြောင်း ဦးဇော်ဇော် ဖွင့်ဟခဲ့
မြန်မာဘောလုံး အသင်းအား ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင် ခံထားရခြင်းနှင့် ပတ်သက်၍ အယူခံလွှာ တင်သွင်းခဲ့ရာ ဖီဖာက လက်ခံ ခဲ့ခြင်းနှင့် ပတ်သက်၍ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မင်္ဂလာရှိသည့် နေ့ရက်တစ်ရက် ဖြစ်ကြောင်း ၀မ်းမြောက်ဝမ်းသာ ဖွင့်ဟ ပြောကြားခဲ့သည်။
ယူ-၂၃ အသင်းနှင့် အတူ အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ရှိနေသည့် ဦးဇော်ဇော်က "ဒီနေ့ဟာ မင်္ဂလာရှိတဲ့ နေ့ရက်တစ်ရက် ပါပဲ။ ဖီဖာကို အယူခံ ၀င်တာက မရသလောက် နီးပါး ခက်ခဲပါတယ်။ အခုကိစ္စမှ အောင်မြင်တာပါ။ ဒါကြောင့်လည်း အရမ်းကို ၀မ်းသာပါတယ်။ အခုချိန်မှာတော့ ဗီယက်နမ်နဲ့ ဆီးဂိမ်းစ်ပွဲ ရလဒ်ကောင်းဖို့ပဲ မျှော်လင့်ပါတယ်" ဟု ဖွင်ဟ ပြောကြားခဲ့သည်။

Sports News
- ဗီယက်နမ် ၂-၀ အရှေ့တီမော ...10 November 2011, 4:35 am
နိုဝင်ဘာ (၉)ရက်နေ့ ဆီးဂိမ်းစ် အုပ်စု(ခ) ဒုတိယ ပွဲစဉ်တွင် ဗီယက်နမ်က တစ်ယောက်လျှော့ အရှေ့တီမော အသင်းအား (၂-၀)ဖြင့် အနိုင်ရရှိ ခဲ့ရာ မြန်မာအသင်းမှာ အုပ်စု ရပ်တည်မှု ထိပ်ဆုံးတွင် ဆက်လက် ရပ�...
- ဆီမီး တက်ရောက် နိုင်မည်ဟု ...10 November 2011, 3:46 am
ဘရူနိုင်း အသင်းအား (၄)ဂိုးပြတ် အနိုင်ရရှိ ခဲ့သည့် မြန်မာ ယူ-၂၃ အသင်း၏ နည်းပြချုပ် စတီဖန် ဟန်ဆန်က ဆီမီးဖိုင်နယ် အဆင့် တက်ရောက် နိုင်မည်ဟု ယုံကြည်မိကြောင်း ဖွင့်ဟ ပြောကြား ခဲ့သည်ဟု သိ�...
- ဘရူနိုင်းအား (၄)ဂိုးပြတ် ...10 November 2011, 1:19 am
Nov 6, 2011
လမ်းပတ် သွင်းဂိုးဖြင့် နိုင်ပွဲ ပြန်လည် ရရှိခဲ့သည့် ချယ်လ်ဆီး ~ ဘလက်ဘန်း ၀ - ၁ ချယ်လ်ဆီး

www.soccermyanmar.com
Myanmar Football Website - with the breaking news, football articles, interviews, match previews, match reviews and latest club news
Nov 4, 2011
ဖီဖာမှ ချီးမြှင့်မည့် ရွှေဘောလုံးဆု ၂၀၁၁ ခုနှစ်အတွက် ၂၃-ဦး ဇကာတင် စာရင်းနှင့် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး နည်းပြဆုအတွက် ဇကာတင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ကြေငြာခဲ့

ဖီဖာမှ ချီးမြှင့်မည့် ရွှေဘောလုံးဆု ၂၀၁၁ ခုနှစ်အတွက် ၂၃-ဦး ဇကာတင် စာရင်းနှင့် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး နည်းပြဆုအတွက် ဇကာတင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ကြေငြာခဲ့
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက ချီးမြင့်မည့် ရွှေဘောလုံးဆု ၂၀၁၁ အတွက် ၂၃-ဦးဇကာတင် စာရင်းအား ထုတ်ပြန်ကြေငြာခဲ့ရာ ဘာစီလိုနာ အသင်းမှ ဘောလုံး အကျော်အမော် လီယွန်နယ် မက်ဆီနှင့် ရီးရဲလ်မက်ဒရစ် ဂိုးသွင်းသူရဲကောင်း ခရစ္စတီယံနို ရော်နယ်ဒိုတို့ ပါဝင်လာခဲ့ကြောင်း သိရသည်
လာအိုအား ခက်ခက်ခဲခဲ အနိုင်ယူခဲ့သည့် ၁၀ယောက်ကျန် မြန်မာ ~ လာအို ၂-၃ မြန်မာ
(၂၆)ကြိမ်မြောက် ဆီးဂိမ်းစ် အဖွင့်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ ယူ-၂၃ အသင်းသည် ပြိုင်ဘက် လာအိုအသင်းအား (၃-၂)ဖြင့် အနိုင်ရရှိကာ အဖွင့် လှခဲ့သည်။
မြန်မာအသင်းသည် ပွဲချိန် ၁၅မိနစ်ခန့်၌ ဥာဏလွင် ထုတ်ပယ် ခံခဲ့ရ၍ (၁၀)တည်းဖြင့် ဆက်လက် ယှဉ်ပြိုင် ခဲ့ရသည်။ သို့သော် (၃)မိနစ် အကြာတွင်ပင် ကျော်ကိုကိုက ထောင့်ကန်ဘောမှ ခေါင်းတိုက် အဖွင့်ဂိုး စတင် သွင်းယူခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်းက တိုက်စစ်အား ဆက်လက် ဖွင့်ကစား ခဲ့ပြီး ပထမပိုင်း အပြီးတွင် (၁-၀)ဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။ ဒုတိယပိုင်း (၆၆)မိနစ်တွင် လာအို အသင်းက ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူခဲ့၍ (၁-၁) ဖြစ်နေခဲ့ပြီး မိနစ်(၇၀)တွင် ကျော်ကိုကို ဖန်တီးပေးသည့် ဘောလုံးအား မင်းမင်းသူ အပိုင် အသုံးချကာ (၂-၁)ဖြင့် ပြန်လည် ဦးဆောင်ခဲ့သည်။ ထို့နောက် (၇၅)မိနစ်တွင် မြန်မာ ဂိုးဧရိယာ အတွင်း ရှုပ်ယှက်ခတ် နေသည့် အနေအထားမှ လာအိုတို့ တစ်ဂိုး ပြန်လည် ရရှိခဲ့ကာ (၂-၂) ဖြစ်ခဲ့ပြန်သည်။ သို့သော် မိနစ် (၈၀)တွင် မြန်မာအသင်း (၃)မှတ်ပြည့် ရစေမည့် အနိုင်ဂိုးအား ကွင်းလယ်မှ ကြည်လင်း ထိုးပေးသည့် ဘောလုံးအား ရန်အောင်ဝင်းက ဂိုးသမားနှင့် ရင်ဆိုင်အတွေ့ ပါးပါးနပ်နပ် ကန်သွင်းယူ နိုင်ခဲ့သည်။
ထိုရလဒ်ကြောင့် မြန်မာအသင်း အုပ်စုအဖွင့် ရလဒ် ကောင်းမွန်ခဲ့ပြီး ဒုတိယပွဲအဖြစ် နိုဝင်ဘာ (၅)ရက်နေ့တွင် ဗီယက်နမ်နှင့် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။ အခြား ပွဲစဉ်တစ်ခုတွင်မူ ဗီယက်နမ် အသင်းက ဖိလစ်ပိုင် အသင်းအား (၃-၁)ဖြင့် အနိုင်ရရှိခဲ့သည်။
Sports News
- ရာပြည့်သွင်းဂိုး စံချိန်အတွက် ...4 November 2011, 9:49 pm
မိမိ၏ ရီးယဲလ် မက်ဒရစ် ဂိုးရာပြည့် စံချိန်ကောင်း အတွက် အသင်းဖော် များနှင့် နည်းပြ ဟိုဆေး မော်ရင်ဟို တို့ကို ကျေးဇူးတင်ကြောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြောကြားလိုက်သည်။ Read more... ...
- တယ်ရီ ကိစ္စအတွက် ကာပယ်လိုနှင့် FA ...4 November 2011, 9:40 pm
အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ဂျွန်တယ်ရီကို ရွေးသင့် မရွေးသင့် ဆုံးဖြတ်ရန် အတွက် အသင်း မန်နေဂျာ ဖေဘီယို ကာပယ်လိုသည် FA မှ တာဝန် ရှိသူများနှင့် ယနေ့ ဆွေးနွေး သွားမည်ဟု သိရသည်။ Read more... ...
- ကစားသမား များကို ...4 November 2011, 9:34 pm
မိမိ အနေနှင့် ဒိုင်လူကြီးများ ထံမှ ပြစ်ဒဏ်ဘော အခွင့်အရေးများ ရယူရန် ကစားသမား များကို ကျွမ်းကျင်သော ဒိုင်ဗင် သမားများ ဖြစ်လာအောင် သင်ကြား ပေးရမည်ဟု ဒီယေဂို မာရာဒိုနာက ပြောကြားလိုက...
- ဘေးလ် အပြီးတွင် ရမ်ဆေးကလည်း ...4 November 2011, 8:44 pm
ဝေလ FAက (၂၀၁၂)ခုနှစ်၊ လန်ဒန် အိုလံပစ်တွင် ဗြိတိန်ညွန့်ပေါင်း ဘောလုံးအသင်း ဖွဲ့စည်းရေးကို ဆန့်ကျင်နေဆဲ ဖြစ်သော်လည်း ဝေလ၏ နာမည်ကျော် ကစားသမား များကမူ ဗြိတိန် လက်ရွေးစင် အသင်းတွင် ပါဝ�...
- ဂွာဒီယိုလာအား “xxxx မရှိသူ”ဟု ဝေဖန် ...4 November 2011, 8:00 pm
ဘာစီလိုနာ နည်းပြ ဂျိုးဆက် ဂွာဒီယိုလာကို “xxxx မရှိသူ” (ယောက်ျား မပီသသူ)ဟု တိုက်ခိုက် ပြောဆိုခဲ့ဖူးကြောင်း ဇလာတန် အီဗရာ မိုဗစ်က ဖွင့်ဟ ၀န်ခံလိုက်သည်။ Read more... ...
- အမေရိကန် ဂိုးသမား ...4 November 2011, 6:32 pm
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ချီကာဂို ဖိုင်းယား အသင်းမှ ဂိုးသမား ရှောင်ဂျွန်ဆင်ကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရှိရသည်။ Read more... ...
- အာဆင်နယ် ခံစစ်မှူး များကြား ...4 November 2011, 5:45 pm
အာဆင်နယ် အသင်း ခံစစ် ကစား သမားများ အနေနှင့် ယခုထက် ပိုမို၍ နားလည်မှု ရှိရှိ စုစည်းရန် လိုအပ်ကြောင်း သောမတ်စ် ဗာမေလန်က အကြံပြု ပြောဆိုလိုက်သည်။ Read more... ...
- လူစားလဲစဉ် အင်္ကျီ ချွတ်မိသဖြင့် ...4 November 2011, 5:34 pm
ထူးထူးခြားခြား အနီကတ် ထိခဲ့ရသည့် ကိစ္စအတွက် ရာသီဥတု အပေါ်တွင်သာ အပြစ် တင်သင့်ကြောင်း ဆမ်မြူရယ်လ် အင်ကွမ်းက ပြောကြားခဲ့သည်။ Read more... ...
- နေမာအား ရီးယဲလ်သို့ ရောင်းရန် ...4 November 2011, 5:18 pm
နေမာအား ရီးယဲလ် မက်ဒရစ် အသင်းထံ ရောင်းချရန် သဘော တူညီထားပြီ ဆိုသော သတင်းများကို ဆန်းတို့စ် အသင်း ဥက္ကဋ္ဌ လူးဝစ် အယ်လ်ဗာရို ရီဘာရီယိုက ငြင်းဆိုခဲ့သည်။ Read more... ...
- မန်ယူ၏ မန်နေဂျာ ဘ၀ (၂၅)နှစ်တာ ...4 November 2011, 4:59 pm
မန်ချက်စတာ ယူနိုက်တက်တွင် ရာစုနှစ် တစ်စိတ်စာ ဖြတ်သန်း ခဲ့ရသည့် အတွေ့အကြုံသည
Oct 31, 2011
Sports News
- ပွဲစဉ် (၁၀)ပွဲအပြီး ...1 November 2011, 4:02 am
ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီသည် ပွဲစဉ် (၁၀)ပွဲ ယှဉ်ပြိုင်ကစားအပြီး သွင်းဂိုးအများဆုံး ဘောလုံး ရာသီအဖြစ် မှတ်တမ်းဝင် သွားခဲ့ကြောင်း သိရသည်။ Read more... ...
- လာအိုနှင့် အဖွင့်ပွဲတွင် ...1 November 2011, 3:26 am
ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျှက် ရှိသည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စုအဆင့် ပထမနေ့ ပွဲစဉ်တွင် မြန်မာ ယူ-၁၉ အသင်းသည် လာအို အသင်း၏ (၂)ဂိုးပြတ် ဦးဆောင်ခြင်း...
- မိမိ၏ ကစားသမားများ အတွက် ...31 October 2011, 10:21 pm
မန်ချက်စတာ စီးတီး အသင်းသည် အီတလီ ကလပ် နာပိုလီ အသင်းမှ ကစားသမား (၃)ဦးကို စိတ်ဝင်စားလျက် ရှိနေရာ အင်္ဂလန် ကလပ်ထံမှ အမှန်တကယ် ကမ်းလှမ်း လာပါက ကားလို့စ် တီဗက်ဇ်ကို အလိုက် တောင်းဆိုရန် နာ�...
- ဗန်ပါစီအား စိတ်ဝင်စား နေသော ...31 October 2011, 10:04 pm
အာဆင်နယ်၏ ဂိုးသွင်းစက် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီကို စိတ်ဝင်စား နေသော အသင်းများတွင် ယခုအခါ ဂျာမန်ထိပ်သီး ဘိုင်ယန် မြူးနစ်ပါ စာရင်း ၀င်လာပြီ ဖြစ်သည်။ Read more... ...
- အရန်အသင်း ကစားသမား များ၏ ...31 October 2011, 9:32 pm
ဘာစီလိုနာ နည်းပြ ဂျိုးဆက် ဂွာဒီယိုလာက အသင်း၏ အရန်အသင်း ကစားသမား များ၏ စွမ်းဆောင်မှု အပေါ် ကျေနပ် အားရနေကြောင်း သိရှိရသည်။ Read more... ...
- အနယ်လ်ကာကို ဇန်န၀ါရီ လတွင် ...31 October 2011, 9:15 pm
တော့တင်ဟမ် ဟော့စပါးသည် ချယ်လ်ဆီး တိုက်စစ်မှူး နီကိုလက်စ် အနယ်လ်ကာကို ဇန်န၀ါရီ လတွင် ခေါ်ယူသွားရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ Read more... ...
- တယ်ရီက ၎င်း၏ ညီအပေါ် လူမျိုးရေး ...31 October 2011, 8:27 pm
ဂျွန်တယ်ရီ အနေနှင့် မိမိ၏ ညီအပေါ် အမှန်တကယ် လူမျိုးရေး ခွဲခြားမှု ပြုလုပ်ခဲ့သည်ဟု ယုံကြည်ကြောင်း ရီယို ဖာဒီနန်က ထုတ်ဖော် ပြောကြားလိုက်သည်။ Read more... ...
- မည်သည့် အသင်းကို မဆို အနိုင်ယူရန် ...31 October 2011, 7:34 pm
မိမိတို့သည် မည်သည့် အသင်းကို မဆို အနိုင် ယူနိုင်ရန် အသင့် ဖြစ်နေပြီဟု အာဆင်နယ် ကစားသမား သီအိုဝဲလ်ကော့က ကြွေးကြော်လိုက်သည်။ Read more... ...
Oct 28, 2011
ကမ္ဘာ့အဆင့်(၁)ကို အနိုင်ယူခဲ့သူ ကိုရီးယားဂေါက်သီးမယ်

ကိုယ်ရေးအကျဉ်း
အမည် - နာယွန်ချွိုင်
ဇာတိ - တောင်ကိုရီးယား
မွေးသက္ကရာဇ် - ၂၈-၁၀-၈၇
အရပ် - ၅ ပေ ၅ လက်မ
ပရိုစ - ၂၀၀၄
LPGA စ - ၂၀၀၈
နိုင်ပွဲပေါင်း - ၁၂
ဆုကြေး - သုံးသန်း
အမည်ပြောင် - NYC
စပွန်ဆာ - SK Telecom
Oct 27, 2011
ကရာဆစ်ကို စိတ်ဝင်စားသည့် အသင်းများ အနက် ချယ်လ်ဆီး ပါဝင်လာ
မီလို့စ် ကရာဆစ်ကို ခေါ်ယူရန် စိတ်ဝင်စား နေသော အသင်းများအနက် ချယ်လ်ဆီးလည်း ပါဝင်လာပြီ ဖြစ်ကြောင်း ကစားသမား၏ အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောကြားလိုက်သည်။
၎င်းက ဂျူဗင်းတပ်စ် အသင်းတွင် ကရာဆစ် အနေနှင့် လတ်တလော အသားကျ ပျော်ရွှင်နေသော်လည်း တစ်နေ့နေ့တွင် ပရီးမီးယား လိဂ်သို့ ပြောင်းရွှေ့ဖြစ်နိုင်ကြောင်းလည်း အရိပ်အမြွက် ပြောဆိုသွားသည်။ ကရာဆစ်သည် အင်္ဂလန် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်၏ ပစ်မှတ်တစ်ခု အဖြစ်လည်း အစောပိုင်းကတည်းက သတင်း ကြီးနေခဲ့သည်။ ယခုအခါ လန်ဒန်ထိပ်သီး ချယ်လ်ဆီးသည်လည်း မိမိတို့အား ဆက်သွယ်လာကြောင်း အေးဂျင့်ဖြစ်သူ ဒီဂျန် ဂျော့ဆီမိုဗစ်က ဖွင့်ဟ ပြောကြားခဲ့သည်။

အီတလီမှ သတင်းများက ဂျူဗင်းတပ်စ် အနေနှင့် အာဆင်နယ်မှ အင်္ဂလန် လက်ရွေးစင် သီအိုဝဲလ်ကော့တ်ကို ခေါ်ယူရန် အထူး စိတ်ဝင်စား နေပြီး အောင်မြင်ခဲ့ပါက ဇန်န၀ါရီ လတွင် ကရာဆစ်ကို ထွက်ခွာခွင့် ပေးဖွယ် ရှိနေကြောင်းဖော်ပြခဲ့ကြသည်။ ကရာဆစ်၏ အေးဂျင့်က “ဇန်န၀ါရီလမှာ ကရာဆစ် ဂျူဗင်းတပ်စ်က ထွက်ဖြစ်မလား ဆိုတဲ့ မေးခွန်းကို ကျွန်တော် မဖြေနိုင်ပါဘူး။ ဒါပေမဲ့ သူ့ကို ကလပ် အသင်းတွေ အများကြီးက လိုချင် နေပါတယ်။ ဂျူဗင်းတပ်စ်က သူ့ကို ရောင်းမလား ဆိုတာကတော့ ကျွန်တော်လည်း အသေအချာ မသိတဲ့ ကိစ္စပါ” ဟု ပြောကြားသွားသည်။
ဆက်လက်၍ ဂျော့ဆီမိုဗစ်က “ပရီးမီးယား လိဂ်နဲ့ ကျွန်တော်တို့ အဆက်အသွယ် ရှိတာ အမှန်ပါပဲ။ အင်္ဂလန် ကလပ်တွေက ကရာဆစ် အပေါ် လေးစားမှု ရှိကြပါတယ်။ နောက်ပြီး မန်ယူနဲ့ ချယ်လ်ဆီးလို အသင်းတွေဟာ ကစားသမားတွေ အတွက် စိတ်ဝင်စားစရာ ထိပ်တန်းအဆင့် အသင်းတွေပါ” ဟု ပြောဆို သွားခဲ့သည်။

အင်္ဂလန်သို့ ပြောင်းရွှေ့ဖွယ် ရှိသည့် ကရာဆစ်

လူမျိုးရေး ခွဲခြားကြောင်း စွပ်စွဲချက်များ အတွက် ရှင်းလင်းအောင် တုံ့ပြန် သွားမည်ဟု တယ်ရီဆို
လူမျိုးရေး ခွဲခြားခဲ့သည်ဟု စွပ်စွဲခံရမှုများ အတွက် မိမိ၏ နာမည် ပျက်နေမှုကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် တုံ့ပြန် ဖြေရှင်း သွားမည်ဟု ဂျွန်တယ်ရီက ပြောကြားလိုက်သည်။
ချယ်လ်ဆီး အသင်း ခေါင်းဆောင်သည် ကွင်းပါ့ခ် ရိန်းဂျားစ် (QPR)ကို ရှုံးနိမ့်ခဲ့သော ပွဲစဉ်တွင် ပြိုင်ဘက်အသင်း နောက်ခံ ကစားသမား အန်တန်ဖာဒီနန် အပေါ် လူမျိုးရေး ခွဲခြားသည်ဟု Sky Sports က ရုပ်မြင်သံကြား မှတ်တမ်းများဖြင့် အခိုင်အမာ ဖော်ထုတ် စွပ်စွဲခဲ့သည်။ ထိုကိစ္စ နောက်ပိုင်း Social Media ၀က်ဘ်ဆိုက်များတွင် ပရိသတ် အများအပြားက တယ်ရီအား ဆန့်ကျင် ရှုတ်ချကြောင်း ရေးသားမှုများ ပြုလုပ်ခဲ့သလို တယ်ရီ အနေနှင့် ဖာဒီနန် အပေါ် အမှန်တကယ် လူမျိုးရေး ခွဲခြားခဲ့သည်ဟု ယုံကြည်မှုများ မြင့်တက် လာခဲ့သည်။

ရဲတပ်ဖွဲ့ကလည်း ပြည်သူ လူထု၏ အရေး ဆိုမှုကြောင့် မိမိတို့သည် ယင်းဖြစ်စဉ်ကို စုံစမ်းရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ တယ်ရီက “ကျွန်တော်နဲ့ အန်တန် ပြဿနာက အ၀တ် လဲခန်းထဲမှာ (၁၀)မိနစ်လောက် စကား ပြောပြီးတဲ့ အခါ ပြီးသွားပါပြီ။ ကျွန်တော်တို့ချင်း နားလည်မှု လွဲတာကို ဖြေရှင်း နိုင်ခဲ့သလို ကျွန်တော်က အန်တန်ကို Black ဆိုတဲ့ စကားနဲ့ လုံးဝ မစော်ကားခဲ့ပါဘူး။ ကျွန်တော့်ကို နာမည်ပျက်အောင် လုပ်နေတာတွေ အတွက် လိုအပ်သလို ပြန်ဖြေရှင်း သွားပါ့မယ်” ဟု ပြောဆိုသွားသည်။ အစောပိုင်းက တယ်ရီသည် ပွဲအတွင်း ဖာဒီနန်နှင့် အချင်းများစဉ် “မျက်လုံး ကန်းနေသလား” ဟု မေးခဲ့ရာ Blind ဆိုသော စကားကို Black ဟု Sky Sports က လိုရာစွဲ
ဖော်ပြခြင်းဟု သတင်းများ ထွက်ပေါ် ခဲ့သေးသည်။
တယ်ရီ၏ ဥပဒေ အကျိုးဆောင် အဖွဲ့က ယင်းကိစ္စကို ဖြေရှင်းရန် လိုအပ်ပါက ပြဿနာ ဖြစ်ချိန်တွင် အနီး၌ ရှိနေသည့် ချယ်လ်ဆီး အသင်းဖော် အက်ရှ် လေကိုးလ်ကို မျက်မြင်သက်သေ အဖြစ် ထွက်ဆိုရန် ဖိတ်ခေါ်သွားဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

ကနူတေးအား လူမျိုးရေး ခွဲခြားသည် ဆိုခြင်းအပေါ် Twitter မှတဆင့် ဖာဘရီဂက်စ် တုံ့ပြန်
ဖရက်ဒရစ် ကနူတေးအပေါ် မိမိက လူမျိုးရေး ခွဲခြား စော်ကားခဲ့သည် ဆိုခြင်းကို ဆက်စ် ဖာဘရီဂက်စ်က ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောဆိုသွားသည်။
ဆီဗီးလားနှင့် ဂိုးမရှိ သရေကျသော ပွဲစဉ်တွင် လူမျိုးရေး ခွဲခြားခဲ့ကြောင်း စွပ်စွဲ ခံရသည့် ကိစ္စနှင့် ပတ်သက်၍ မိမိသည် အဆိုပါ လုပ်ရပ်မျိုးကို မည်သည့် အခါမျှ ပြုလုပ်မည် မဟုတ်ကြောင်း ဘာစီလိုနာ ကွင်းလယ် ကစားသမားက ပြောကြားခဲ့သည်။ မာလီ လက်ရွေးစင် ကနူတေးသည် အဆိုပါ ပွဲစဉ်တွင် စပိန် လက်ရွေးစင်နှင့် ငြိခဲ့ပြီးနောက် အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ယင်းနှင့် ပတ်သက်ပြီး ဖာဘရီဂက်စ်သည် မိမိအပေါ် လူမျိုးရေး ခွဲခြားခဲ့ကြောင်း ကနူတေးက ဖွင့်ဟ ပြောကြားခဲ့သည်။

ယခုနှစ် နွေရာသီတွင် အာဆင်နယ်မှ နူးကမ့်သို့ ရောက်ရှိလာသော အသက်(၂၄)နှစ် အရွယ် ဖာဘရီဂက်စ်က Twitterမှတဆင့် မိမိသည် ယင်းကိစ္စနှင့် ပတ်သက်လျင် လုံးဝ ကင်းရှင်းကြောင်း ပရိသတ်များထံ အသိပေးခဲ့သည်။ ဖာဘရီဂက်စ်က “တခြား ကစားသမားတွေလိုပဲ ကျွန်တော်ဟာ စင်းလုံးချော ဖြူစင်နေတဲ့ သူတော်ကောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ ဘယ်တော့မှ လူမျိုးရေး ခွဲခြားတဲ့ စကား မပြောဖူးပါဘူး။ လူလူချင်း ခြားနားတဲ့ အမြင်မျိုး ကျွန်တော့်မှာ မရှိခဲ့ပါဘူး”ဟု Twitter တွင် ရေးသား သွားခဲ့သည်။http://www.soccermyanmar.com/ မှ တဆင့် တင်ပြသည်

လူမျိုးရေး ခွဲခြားသည် ဆိုသည့် စွပ်စွဲချက်အား ငြင်းဆန်လိုက်သည့် ဖာဘရီဂက်စ်
ယခုနှစ် နွေရာသီတွင် အာဆင်နယ်မှ နူးကမ့်သို့ ရောက်ရှိလာသော အသက်(၂၄)နှစ် အရွယ် ဖာဘရီဂက်စ်က Twitterမှတဆင့် မိမိသည် ယင်းကိစ္စနှင့် ပတ်သက်လျင် လုံးဝ ကင်းရှင်းကြောင်း ပရိသတ်များထံ အသိပေးခဲ့သည်။ ဖာဘရီဂက်စ်က “တခြား ကစားသမားတွေလိုပဲ ကျွန်တော်ဟာ စင်းလုံးချော ဖြူစင်နေတဲ့ သူတော်ကောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ ဘယ်တော့မှ လူမျိုးရေး ခွဲခြားတဲ့ စကား မပြောဖူးပါဘူး။ လူလူချင်း ခြားနားတဲ့ အမြင်မျိုး ကျွန်တော့်မှာ မရှိခဲ့ပါဘူး”ဟု Twitter တွင် ရေးသား သွားခဲ့သည်။http://www.soccermyanmar.com/ မှ တဆင့် တင်ပြသည်
Subscribe to:
Posts (Atom)