Showing posts with label မိဘမေတ္တာ. Show all posts
Showing posts with label မိဘမေတ္တာ. Show all posts

Sep 17, 2012

အမေနှင့်ရေ

ဒီကမ္ဘာကြီးမှာ
အမေဟာရေပါ
လူ့ဘ၀ကိုစရောက်ပြီး
မျက်ရည်တစ်စက်နှင့် ပေါက်လိုက်ကတည်းက
အမေဆိုတာ တုန်လှုပ်ပြီးသားပါ
ဒါကိုအခွင့်ကောင်း ထားပြီး
ငါးဆယ်ကျော် သားအရွယ်တောင်
မျက်ရည်တွေခမ်းချောက်တယ်မရှိဘူးလေ........၊
လိုချင်တာတစ်ခုတွက် နွဲဆိုး ဆိုးပြီး
အမေ့နားကို သွေးထိုးပေးလိုက်တိုင်း
ငါ့သား အရိုင်း မဟုက်ပေဘူးဆိုပြီး
ပီတိလှိုင်းတွနှင့် ပျော်ရွင်နေသူက အမေပေါ့..........၊
တကယ်တော့
မာယာကိုဆရာတင်ပြီး
ငါသာတယ်အထင် အမြင်နှင့်
အမေ့ခမျာ မသိရှာသရွေ့
ဘယ်လိုချောင်းဝေ့လိုက်ရမလဲဆိုပြီး
မသိစိက်အပြည့်
မွေးနေသူက သားလေ......၊
လိုချင်တာ ယဉ်ယဉ်နှင့်ရတဲ့သားက
ကိုယ်ကိုယ်ကို ဧကရာဇ်အထင်နှင့်
အမေ့ရင်ခွင်ကိုမှ     နင် ချေမိနေတာပေါ့
ကိုယ်စွမ်းအားကို ဖုံးကွယ်
မိခင်ရင်ခွင်ကို ခိုဝင်လိုက်ရမှ
ဘ၀ကြီးပြီးပြည့်စုံမယ်ဆိုသော အတွေး
ဒုန်းဝေးဝေး စဉ်းစားမိခဲတာပေါ့..........၊
မသိတရားတွေရင်သန်
အမေ့မေတ္တာမှန်ကို သိလာရတဲ့အချိန်
ကြွေးသစ်သစ်ဝေ  သောအမေ့လုပ်ငန်းဟာ
ဆုံးခန်းတိုင်အောင် ပြီးဆုံးခဲပေ့မဲ
မိုက်မဲမှု့ ပြစ်ချက်တွေနှင့်အတူ
အိုက်ခမန်းရဲ ငရဲခန်းလိုပူလောင်တဲသားဘဝ
မေတ္တာစန်းရေရဲ အကြွေးဇယားတွေ
သားတစ်ယောက်  အကုန်မဆပ်နိုင်တော့ဘူး
အမေ................................................။

Aug 16, 2012

အမေ့အတွက် ကဗျာတပုဒ်.

အမေသားကို ဆုတောင်းသလို သားညီအကို အမေတွေ
လဲဆုတောင်းနေမှာပါ င့ါသားတွေအောင်မြင်မူတွေနဲ့
အသီးပွင့် တွေ ပြည်တော်ကိုသယ်လာနိုင်ကြပါစေ
င့ါသားလေးတွေခွင့် ပြန်လာရင် ဘာကျွေးရမလဲ
အမေလို သားညီအကိုတိုင်းရဲ့အမေပေါင်းများစွာ
... တွေးနေမှာပါ....


အော်အမေ
သားတို့ တွေအမေတွေကို အနီးကပ်စောင့်ရှောက်ခွင့် မရပေမဲ့
ပြည်သူကို အသက်တွေရင်းပီး စောက်ရှောက်နေတာပါ.....


အမေရယ်
အသက်တွေရင်းလိုက်တဲ့ သားတို့ ညီအကိုတွေ
အမေတွေရဲ့ မျက်ရည်တွေမြင်ရင်
သားခုခွဲနေရတယ်ဆိုတာ ဘာမှမဟုတ်သေးပါဘူးအမေ
ဒီလိုဖြေလိုက်ရင် သားကိုလွမ်းတဲ့ အမေအလွမ်းတွေ
သက်သာမှာပါ...


အမေ သားမောင်တစ်နေ့ ပေးဆပ်ခဲ့ရရင်လည်း
ပြုံးပြုံးလေးနဲ့  မျက်ရည်ကျလိုက်ပါ အမေ...


အော်င့ါသားလိုစွန်လွတ်သွားတဲ့လူတွေတွက်
ဂုဏ်ပြူမျက်ရည်လေးတွေပါ ....

အမေသားမပေးဆပ်ရသေးဘူး ဒါပေမဲ့
သားမောင်တို့ စစ်သားတိုင်းလိုချင်တာလဲအဲ့တာပါဘဲ
..........

လူဘဝဆိုတာ လွယ်လွယ်မရတာ၊အမေတွေဟာ
ကိုယ်မွေးထားတဲ့ သားကို ဘယ်လောက်ချစ်တယ်
သားတို့ လဲသိသာပေါ့ အမေ....

သားမောင်စစ်သားတို့ မှ မစွန့်် လွတ်ရင်လဲနိုင်ငံအတွက်
ပြည်သူတွက် လွပ်လပ်ရေးဆိုတာ၊သာယာငြိမ်းချမ်းဖို့ ဆိုတာ
ပြောက်ကွယ်သွားနိုင်တယ်လေ...

ဒါကြောင့် စစ်သားတစ်ယောက်ဟာ သူ့တွက်ပြည်သ၊ူမိသားစု၊အမေ
တစ်စုံတစ်ယောက်က မျက်ရည်ကျမယ်ဆို
သူဟာ ပြည်သူ တိုင်းပြည်သာယာဖို့ 
စွန့် လွတ်အနစ်နာခံသွားတဲ့ အတွက်
သူ့ ခံစားချက်က ဂုဏ်ယူမျက်ရည်ဘဲ
ကျစေချင်မှာဘဲ အမေ....

စွန်လွတ်သွားတဲ့လူတိုင်းမှာ ကလဲ
ပြည်သူတွက်ဆိုပီး စွန်လွတ်ခဲ့တာကို
ဂုဏ်ယူသွားမှာဆိုတာ သားမောင်လိုစစ်သားတွေဘဲသိမှာပါ.....


ဘာလို့လဲဆို
အမေကိုယ်တိုင်လဲ ပြည်သူဘဲကိုး အမေကို
အနီးကပ်မစောင့်ရှောက်နိုင်ပေမဲ့ တပြည်လုံးက
အမေအမေပေါင်းများစွာ ပြည်သူတွေရဲ့ပျော်ရွင်ရေးတွက်
တိုင်းပြည်သာယာရေး တရားဥပဒေစိုးမိုးရေးတွက်
အသက်ကို မြေသြဇာလို ချကျွေးတာ
သားမောင်တို့ လို စစ်သားတွေပါအမေ...........


ဒီအကြောင်းလေးအမေသိရင် မျက်ရည်ကျမိမယ်ဆိုရင်
ဂုဏ်ပြုမျက်ရည်လေးဘဲ ကျလိုက်ပါအမေ
ကျလိုက်ပါအမေ...
ကျဆုံးပေးဆပ်သွားတဲ့ သားမောင်ရှင်အမေတွေအတွက်
ခံစားမိရင် ကျလိုပါအမေ
ဂုဏ်ပြုမျက်ရည်လေး...
ကျလိုက်ပါ.......
(တပ်မတော်သား ညီအကိုများကိုလေစားစွာဖြင့်)

Jul 12, 2012

မိဘဂုဏ် (၁၂)ပါး

မိဘဂုဏ် (၁၂)ပါး
ဂုဏ်တွေသိတော့ပိုပြီးလေးစားတက်လာတာပေါ့။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။
မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသောစာသားများဖြစ်သည်။ အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွား ရိပ်သာ သို့ပို့ထားကြသည်။ အချို့ သော သားသမီးများက မိဘတို့ကိုစော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီးလိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။ အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။ ၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။ ၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက်၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိဟုခေါ်သည်။
Posted by အရှင်နန္ဒသာရ(သစ္စာရောင်ခြည်)

သိသင့်တယ်ထင်လို့ ပြန်ကူးတင်ပေးတာပါ။

May 13, 2012

မေမေ

ကိုးလလွယ်..
ဆယ်လဖွား...
ရင်ခွင်ကြားက သားကို..
အမေ တေးဆိုပြ...ခဏခဏပါပဲ......။။
ဖိုးလမင်းထံ...
ထမင်းဆီဆမ်း..
ရွှေလင်ပန်းနဲ့..
တောင်းကာတေးဆို...
မေမေ့ ရင်ခွင်အိုထဲ...
သားငယ် စိတ်ကောက်နေဆဲလေ.......။။
မငိုပါနဲ့ ကလေးရယ်...
ကြောင်ကြီး ကိုက်လိမ့်မယ် ဆိုတိုင်း...
မျက်ရည် ဝိုင်းရာကတိတ်...
မေမေ့ ရင်ခွင်မှာ အိပ်စက်လိုက်တယ်......။။
မေမေရေ...
ဒီလိုနေ့ ဒီလိုအချိန်ဆို...
မေမေ့ အိမ်ကို..
အလွမ်းပို ခဲ့တယ်..........။။
မြင့်မိုရ်တောင်မက ကြီးမား...
မိဘ မေတ္တာတရားကို...
ရင်ခွင်မှာ တမ်းတရင်း.....
သား....အဝေးက ကန်တော့နေရင်းပေါ့.......။။

ချစ်သောအမေ

" အမေ" နူတ်ဆိုနဲ.တင်
အားမာန်တွေတင်းဘ၀ခရီးတွက်လျောက်လှမ်းနေပြီ
ချစ်သောအမေ
နဖူးကချွေးစက်ခြေဖမိုးပေါ်ကျစေအုံးတော.
သားသမီးမျက်ရည်မကျမီ
ပျာပျာသလဲစိတ်တွေနဲ.တူ
စိုထိတ်ပူပန်မူတွေနဲ.သားချော.တေးများညည်းတွားခဲ.တာ
ချစ်သောအမေ
ကြီးမားအံ.သြဘွယ်မိခင်စိတ်နဲ.
သွေးညှီရည်ကို
ချိုမြိန်အေးမြတဲ.နို.ရည်ကြည်.အဖြစ်
ပြောင်းလဲစေခဲ.တာ.....။
ချစ်သောအမေ
သားသမီးတစ်ဝမ်းထွာလေပြည်.အေးဘို.တွက်
မျက်တောင်မခတ်သူပြုစုခဲ.တာ...။
ချစ်သောအမေ
သူတတ်သိပညာတွေရဲ.
ဆပေါင်းများစွာတိုးသိမြင်တဲ.
ပညာကြွယ်ဝစိတ်မြင်.မားတဲ.
သားကောင်းသမီးမြတ်တွေသူပုံဖော်ပေးချင်တာ...။
အယူမမှားအိုးကောင်းအသွင်ရောက်စေဘို.
အံကိုခဲရင်းဘ၀အကြောင်းနာလည်မမေ.လျော.စေဘို.
တခါတရံမေတ္တာအရင်းခံဒေါသလေပြေနဲ.သူဆုံးမပေးခဲ.တာ...။
အတောင်စုံလိုရင်ခွင်စုံကန်မယ်ဆိုတာသိရက်နဲ.
ဖြူစင်မေတ္တာအသိစိတ်နဲ.
စုံကန်ဘ၀နေပျော်ကမ္ဘာမှာ
ပွင်.လန်းစေဘို.သူကိုယ်တိုင်ပဲ
အတောင်ရောင်စုံလေးတွေတပ်ဆင်ပေးခဲ.တာ......။
ချစ်သောအမေ
ဒီနေ.အမေ.ကိုထူးဆန်းထွေလာသတိမရပေမယ်.
နေ.စဉ်နဲ.အမျှအသိတရားဘောင်ထဲမှာ
အမေအရိပ်နဲ.ဖြတ်သန်းနေတဲ.သူပါ
ဘ၀ခရီးရဲ.ခလုတ်တိုက်ယိုင်နဲ.မူတွေကြောင်.
လေရိုက်သံတွေကြုံလာတိုင်း
အမေတေးချော.သံကိုကြားယောင်ရင်း
ရင်နင်.အောင်ခံစားမြိုသိပ်ရင်း
မျက်ရည်စက်လက်နဲ.အားပြန်တင်းရပေါင်းလည်းများခဲ.ပါပြီ....။
ချစ်သောအမေ
ပူပန်မူတွေတွက်အသိမှတ်ပြုချင်ပေမယ်.
သောကတွေတော.အမေစိတ်နှလုံးထံပါး
မဝေလိုက်ပါနဲ.
သားသမီးအတွက်သောကမျက်ရည်ကြောင်.ကျလာတဲ.
အမေ.မျက်ရည်ကလောင်စာတစ်ပေပါနည်းတူ
သားသမီးတွက်ပူလောင်ရပါတယ်..။
ဘ၀ခရီးတစ်လျောက်မှာ
ဘယ်သောခါမှအပြုံးမပျက်
အားပေးရင်းဘေးနားမှာပဲ
တံတိုင်းတခုဖွယ်
ဆက်လက်ရပ်တည်ပေးပါအမေ..။
ရှိခိုးဦးထိပ်ပန်ဆင်လျက်
တစ်ခုတည်းသောဘ၀တွက်လိုအပ်တဲ.
ပူဆာတောင်.မူလေးတစ်ခုပါချစ်သောအမေ....။