May 13, 2012

ချစ်သောအမေ

" အမေ" နူတ်ဆိုနဲ.တင်
အားမာန်တွေတင်းဘ၀ခရီးတွက်လျောက်လှမ်းနေပြီ
ချစ်သောအမေ
နဖူးကချွေးစက်ခြေဖမိုးပေါ်ကျစေအုံးတော.
သားသမီးမျက်ရည်မကျမီ
ပျာပျာသလဲစိတ်တွေနဲ.တူ
စိုထိတ်ပူပန်မူတွေနဲ.သားချော.တေးများညည်းတွားခဲ.တာ
ချစ်သောအမေ
ကြီးမားအံ.သြဘွယ်မိခင်စိတ်နဲ.
သွေးညှီရည်ကို
ချိုမြိန်အေးမြတဲ.နို.ရည်ကြည်.အဖြစ်
ပြောင်းလဲစေခဲ.တာ.....။
ချစ်သောအမေ
သားသမီးတစ်ဝမ်းထွာလေပြည်.အေးဘို.တွက်
မျက်တောင်မခတ်သူပြုစုခဲ.တာ...။
ချစ်သောအမေ
သူတတ်သိပညာတွေရဲ.
ဆပေါင်းများစွာတိုးသိမြင်တဲ.
ပညာကြွယ်ဝစိတ်မြင်.မားတဲ.
သားကောင်းသမီးမြတ်တွေသူပုံဖော်ပေးချင်တာ...။
အယူမမှားအိုးကောင်းအသွင်ရောက်စေဘို.
အံကိုခဲရင်းဘ၀အကြောင်းနာလည်မမေ.လျော.စေဘို.
တခါတရံမေတ္တာအရင်းခံဒေါသလေပြေနဲ.သူဆုံးမပေးခဲ.တာ...။
အတောင်စုံလိုရင်ခွင်စုံကန်မယ်ဆိုတာသိရက်နဲ.
ဖြူစင်မေတ္တာအသိစိတ်နဲ.
စုံကန်ဘ၀နေပျော်ကမ္ဘာမှာ
ပွင်.လန်းစေဘို.သူကိုယ်တိုင်ပဲ
အတောင်ရောင်စုံလေးတွေတပ်ဆင်ပေးခဲ.တာ......။
ချစ်သောအမေ
ဒီနေ.အမေ.ကိုထူးဆန်းထွေလာသတိမရပေမယ်.
နေ.စဉ်နဲ.အမျှအသိတရားဘောင်ထဲမှာ
အမေအရိပ်နဲ.ဖြတ်သန်းနေတဲ.သူပါ
ဘ၀ခရီးရဲ.ခလုတ်တိုက်ယိုင်နဲ.မူတွေကြောင်.
လေရိုက်သံတွေကြုံလာတိုင်း
အမေတေးချော.သံကိုကြားယောင်ရင်း
ရင်နင်.အောင်ခံစားမြိုသိပ်ရင်း
မျက်ရည်စက်လက်နဲ.အားပြန်တင်းရပေါင်းလည်းများခဲ.ပါပြီ....။
ချစ်သောအမေ
ပူပန်မူတွေတွက်အသိမှတ်ပြုချင်ပေမယ်.
သောကတွေတော.အမေစိတ်နှလုံးထံပါး
မဝေလိုက်ပါနဲ.
သားသမီးအတွက်သောကမျက်ရည်ကြောင်.ကျလာတဲ.
အမေ.မျက်ရည်ကလောင်စာတစ်ပေပါနည်းတူ
သားသမီးတွက်ပူလောင်ရပါတယ်..။
ဘ၀ခရီးတစ်လျောက်မှာ
ဘယ်သောခါမှအပြုံးမပျက်
အားပေးရင်းဘေးနားမှာပဲ
တံတိုင်းတခုဖွယ်
ဆက်လက်ရပ်တည်ပေးပါအမေ..။
ရှိခိုးဦးထိပ်ပန်ဆင်လျက်
တစ်ခုတည်းသောဘ၀တွက်လိုအပ်တဲ.
ပူဆာတောင်.မူလေးတစ်ခုပါချစ်သောအမေ....။

No comments:

Post a Comment