Nov 9, 2012

အချစ်နဲ့အတူ





ကြင်သူလက်ကန်း

ကြိုသောလမ်းက

စမ်းလိုမအေး

ပန်းမမွှေးပဲ

ရောထွေးခရောင်

ကျောက်စွန်းစောင်းတွေ

ရှိနေရင်လည်း....လိုက်မယ်ကွယ်.....

ချစ်သူလမ်းက

ကြိုသောလမ်းဝယ်

ဆိုးသွန်းရေလှိုင်း

ကျား..ဆင်ရိုင်းတွေ

ရှိနေရင်လည်း....လိုက်မယ်ကွယ်...

ချစ်သူလမ်းက

ကြိုသောခရီးဝယ်

ချစ်ပန်းလှိုင်လှိုင်

ယုယစွာဖြင့်

မခွဲမခွါ

ရှောက်ကြစို့ကွယ်......။

အချစ်နဲ့အတူ




ကြင်သူလက်ကန်း

ကြိုသောလမ်းက

စမ်းလိုမအေး

ပန်းမမွှေးပဲ

ရောထွေးခရောင်

ကျောက်စွန်းစောင်းတွေ

ရှိနေရင်လည်း....လိုက်မယ်ကွယ်.....

ချစ်သူလမ်းက

ကြိုသောလမ်းဝယ်

ဆိုးသွန်းရေလှိုင်း

ကျား..ဆင်ရိုင်းတွေ

ရှိနေရင်လည်း....လိုက်မယ်ကွယ်...

ချစ်သူလမ်းက

ကြိုသောခရီးဝယ်

ချစ်ပန်းလှိုင်လှိုင်

ယုယစွာဖြင့်

မခွဲမခွါ

ရှောက်ကြစို့ကွယ်......။

Nov 2, 2012

ဟစ်တလာ သမိုင်းအကျဉ်း





မာတိကာ

  1. ဟစ်တလာနှင့် နာဇီဝါဒ
  2. အတ္ထုပ္ပတ္တိ
  3. ဟစ်တလာ အာဏာရလာပုံ





အမည် - အားဒေါလ်ဖ် ဟစ်တလာ (Adolf Hitler)
Born - ၁၈၈၉ ဧပြီ ၂၀ | ဩစတြီးယား
Died - ၁၉၄၅ ဧပြီ ၃၀ | ဘာလင်၊ ဂျာမနီ Signature
ကြင်ဖော် - Eva Braun


ဟစ်တလာ၏ နာမည်အပြည့်အစုံမှာ “အားဒေါလ်ဖ် ဟစ်တလာ” (Adolf Hitler) ဖြစ်သည်။ သူ့ ကို ၁၈၈၉ ခု ဧပြီလ ၂၀ ရက်နေ့တွင် ယနေ့  သြစတြီးယားပြည်နယ်မြောက်ပိုင်း Braunau am Inn တွင် မွေးဖွားခဲ့သည်။

သူ၏မွေးရပ်မြေမှ ဂျာမဏီနိုင်ငံသို့ ကူးပြောင်းနေထိုင်ခဲ့ပြီး ဂျာမဏီနိုင်ငံရေးလှုပ်ရှားမှုမျာတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ် မှစ၍ ဂျာမန်အမျိုးသား ဆိုရှယ်လစ် အလုပ်သမားများပါတီ (NSDAP) ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ၁၉၃၃ ခုနှစ်မှစ၍ ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ်၊ ၁၉၃၄ ခုမှစ၍ ၁၉၄၅ ခုနှစ် သေဆုံးသည်အထိ သူ့ ကိုယ်သူ “အမျိုးသားခေါင်ဆောင်” ဟု အမည်တပ်ပြီး နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အစိုးရအဖွဲ့  ဥက္ကဋ္ဌ ရာထူးများကို တစ်ဦးတည်းသိမ်းပိုက်ကာ တိုင်းပြည်အာဏာကို ထင်သလို ခြယ်လှယ်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် ၁၉၄၅ ခု ဧပြီလ ၃၀ ရက်နေ့တွင် သူနေထိုင်ရာ ဘာလင်မြို့နန်းတော်တွင်း၌ သူ့ ကိုယ်သူပင် အဆုံးစီရင်ခဲ့သည်။


ဟစ်တလာနှင့် နာဇီဝါဒ’

ဟစ်တလာ၏ ဦးဆောင်မှုအောက်တွင် နာဇီဟုခေါ်သော လူတစ်စုသည် ဂျာမဏီနိုင်ငံတွင် အာဏာရှင်စနစ်ကို ကျင့်သုံးကာ ‘တတိယ ဂျာမဏီ နိုင်ငံတော်’ ကို တည်ထောင်ခဲ့ကြသည်။

၁၉၃၃ ခုနှစ်မှစ၍ အခြားသော နိုင်ငံရေးပါတီများကို အဓမ္မဖျက်သိမ်းခဲ့ပြီး၊ အချို့သော ပါတီများကို ရပ်တည်၍ မရအောင် နည်းအမျိုးမျိုးနှင့် နှောင့်ယှက် ဖျက်ဆီးခဲ့သည်။ နာဇီအစိုးရကို ဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားသူများ အားလုံးကို ရှာဖွေဖမ်းဆီးစေပြီး နာဇီအကျဉ်းစခန်းများသို့ ပို့ဆောင်ချုပ်နှောင်၍ အဆုံး၌ ကွပ်မျက်သတ်ဖြတ်လိုက်ကြသည်။

ဟစ်တလာနှင့်သူ၏ အပေါင်းအပါများသည် ဥရောပတစ်ခွင်တွင် မှီတင်းနေထိုင်ကြသော ‘ဂျူး’ လူမျိုးများ၊ အခြားသော ဘာသာဝင်များ၊ လူမျိုးခြား တိုင်းရင်းသားများအပါအဝင် အခြားသော လူ့ အဖွဲ့ အစည်းဝင်များကို လိုက်လံရှာဖွေပြီး ရက်စက်သောနည်းမျိုးစုံဖြင့် စနစ်တကျ သတ်ဖြတ်လိုက်ကြသည်။

နာဇီတို့၏ ထိုလုပ်ရပ်များကြောင့်ပင် ဒုတိယကမ္ဘာစစ်မီး စတင်တောက်လောင်ခဲ့ပြီး ကလေးသူငယ်များ မိခင်များ အမျိုးသမီးများ အပါအဝင် ၃၉ သန်းသော လူများ အသက်ဆုံးရှုံခဲ့ရသည်။

ထိုအထဲတွင် ဂျူးလူမျိုး (၆)သန်း သည်လည်း နာဇီတို့၏ လက်ချက်ဖြင့် သေကြေပျက်စီးခဲ့ကြရသည်။ ဥရောပတိုက်ကြီး၏ ဒေသအတော်များများသည်လည်း စစ်ဘေးစစ်ဒဏ်ကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွပြီး အဆုံးအရှုံးများစွာကို ရင်ဆိုင်ခဲ့ရတော့သည်။


‘အတ္ထုပ္ပတ္တိ’

ဟစ်တလာငယ်စဉ်က

ဟစ်တလာ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ကြည့်လျှင် အလွန်အမင်း ခြားနားကွာဟနေသော ဘဝအစိတ်အပိုင်းနှစ်ခုကို ပိုင်ဆိုင်သူဖြစ်ကြောင်း ဖော်ပြနေပေသည်။

သူ၏ အသက် ၃၀ အရွယ်ရောက်သည့်တိုင်အောင် ဟစ်တလာသည် အများနည်းတူ ဘဝအောင်မြင်မှုကို မရရှိနိုင်ခဲ့။ မည်သည့်အလုပ်ကိုမှ မယ်မယ်ရရ တတ်ကျွမ်းထားခြင်းလည်း မရှိ၊ မည်သည့် လူ့အသိုင်းအဝိုင်း အဆက်အသွယ်ကောင်းများကိုမှလည်း ထိထိရောက်ရောက် မရှိခဲ့သူ ဖြစ်ရာ သူ၏ ဘဝတိုးတက်ကြီးပွားရေးသည်လည်း နှောင့်နှေးကြန့်ကြာခဲ့ရသည်။


ထို့ နောက် ဟစ်တလာသည် နှစ်အနည်းငယ်အတွင်းတွင် ဂျာမဏီနိုင်ငံတော်ကြီးကိုပင် ဝန်ကြီးချုပ်လုပ် သိမ်းပိုက်နိုင်ရုံမက ဥရောပနိုင်ငံအတော်များများကိုလည်း သူ၏ လက်အောက်သို့ ပြားပြားမှောက် ရောက်ရှိစေခဲ့သည်။ ပြောရလျှင် သူလိုလူသည် ဤကမ္ဘာလောကတွင် မရှိသလောက်ပင် ရှားသည် ဟုဆိုရမည်။

နိုင်ငံရေးလောကထဲ မဝင်မီ သူ၏ဘဝနှင့် သူ၏ဇာတ်ကြောင်းကို ဟစ်တလာသည် ‘ပဟေဠိ’ တစ်ခုအနေဖြင့်သာ အများကို သိစေခဲ့သည်။

Krockow ၏ စာအုပ်ထဲတွင် ‘ငါဘယ်ကလာတယ်၊ ငါက ဘယ် မိသားစုကပေါက်ဖွားတယ်ဆိုတာ ဒင်းတို့ သိဖို့ အရေးမပါ ပါဘူး’ ဟု ဟစ်တလာက သူ့  ခေတ်ပြိုင် နိုင်ငံရေးသမားတွေကို ရည်ညွန်းပြီး ပြောခဲ့ကြောင်း ရေးသားထားပါသည်။

အားဒေါ့လ်ဖ်ဟစ်တလာ့ကို အကောက်ခွန်အရာရှိ အားလွိုက်စ် ဟစ်တလာ နှင့် ဇနီးဖြစ်သူ ကလာရာ တို့ မှ သြစတြီးယားပြည်နယ်မြောက်ပိုင်း ဗရောင်းနောင်း အမ်အင်းန် တွင် မွေးဖွားခဲ့သည်။ ၁၉၀၃ ခုနှစ်တွင် ဖခင်ဖြစ်သူ သေဆုံးခဲ့ပြီး အထက်တန်းကျောင်းမှ နှုတ်ထွက်ခဲ့သည်။ ဗင်းန်မြို့တွင် ယဉ်ကျေးမှု တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုပြီး အောင်မြင်မှု မရခဲ့သည့်အတွက် သူဖြစ်ချင်သော အနုပညာရှင် တစ်ယောက်ဖြစ်ရန် ရည်မှန်းချက်ကို လက်လွှတ်လိုက်ရသည်။

၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခဲ့ရာ ဂျာမန်စစ်တပ်အတွင်းသို့  မိမိသဘောဖြင့်ပင် ဝင်ရောက်အမှုထမ်းခဲ့သည်။ စစ်ကြီးပြီးသောအချိန် ၁၉၁၉ ခုနှစ်တွင် ဂျာမန် အလုပ်သမားများပါတီ (DAP) ဟူသည့် ပါတီအသစ်အတွင်းသို့ အဖွဲ့ ဝင်အဖြစ် စာရင်းသွင်းခဲ့သည်။ ထိုပါတီကို ၁၉၂၀ တွင် အမျိုးသာ ဆိုရှယ်လစ် ဂျာမန် အလုပ်သမားများ ပါတီ (NSDAP) အဖြစ် အမည်ပြောင်းလဲခေါ်တွင်ခဲ့သည်။

ပထမကမ္ဘာစစ်အတွင်းက ဟစ်တလာ

ဟစ်တလာ၏ စကားပြောပါးနပ်မှု၊၊ နားထောင်သူကို ဆွဲဆောင်နိုင်မှု၊ အဟောအပြောကောင်းမှုတို့က သူ့ ကို စင်ပေါ်သို့ လျင်မြန်စွာပင် တွန်းတင်ပေးခဲ့သည်။ အစိုးရအဖွဲ့အတွင်းမှ ပြဿနာများကြောင့် နာဇီပါတီသည် ပြည်သူလူထုကို စည်းရုံးရန် လွယ်ကူခဲ့သည်။

ဟစ်တလာ၏ လက်ရေးမူ

၁၉၂၃ ခုနှစ်တွင် ဟစ်တလာနှင့် လူဒန်ဒေါ့ဖ် တို့ သည် မြူနစ်မြို့တွင် နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်ရာ မအောင်မြင်ခဲ့ပေ။ သူ၏လုပ်ရပ်သည် ပစ်မှု ထင်ရှားသည့်အတွက် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် တရားရုံးမှ အမိန့်  ချမှတ်ခဲ့သည်။

သို့ သော် သူသည် ၁၉၂၄ ခုနှစ်တွင်ပင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထိုနှစ်များတွင် သူသည် သူ၏ နောင်အချိန်တွင် နာမည်ကျော်ကြားလာသော “ကျွန်ုပ်၏စွန့် စားခန်းများ” (Mein Kampf) စာအုပ်ကို ရေးသားပြုစုခဲ့သည်။

ထိုစာအုပ်အတွင်းတွင် သူ၏ နိုင်ငံရေး ရည်မှန်းချက်များ ဖြစ်သည့် ဂျူးလူမျိုး သုတ်သင်ရေးနှင့် အရှေ့ ပိုင်းနိုင်ငံများသို့  နယ်မြေများ တိုးချဲ့ရေးစသည်တို့ ပါဝင်သည်။

အကြမ်းဖက် အာဏာသိမ်းမှုသည် အောင်မြင်မှုလမ်းစ မရှိနိုင်ကြောင်း ခံစားမိသွားသည့် ဟစ်တလာသည် နိုင်ငံတော်အာဏာကို တရားဝင်နည်းလမ်းများသုံး၍ အရယူရန် ကြံစည်လေတော့သည်။

၁၉၃၂ ခုနှစ်တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် သူ၏ပါတီ (NSDAP) က အင်အားအကြီးဆုံး ပါတီဖြစ်လာခဲ့သည်။ အကျိုးဆက်အနေနှင့် သူသည် ၁၉၃၃ ခု ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သူသည် နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်လာခဲ့တော့သည်။


‘ဟစ်တလာ အာဏာရလာပုံ’

အာဒေါ့လ်ဖ် ဟစ်တလာသည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးလောကသို့ ဝင်ရောက်လာချိန်ကတည်းကပင် ဂျာမဏီနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် စိုးစင်းမျှ စိတ်ကူးခဲ့ခြင်း မရှိပေ။

သို့ သော် နိုင်ငံတော်အာဏာကို သူ့ ၏လက်ဝယ်သို့  လျှင်မြန်စွာ ရောက်ရှိရေးနှင့် ရရှိပြီးသော အာဏာကို အဓွန့်ရှည်ကြာစွာ ဆက်လက်ချုပ်ကိုင်ထားနိုင်ရေးအတွက်ကိုမူ ဒီမိုကရေစီလမ်းစဉ်ကို စနစ်ကျစွာ အလွဲသုံးစား ပြုခဲ့သည်။ ဟစ်တလာသည် တရားဝင် နည်းလမ်းသုံးသွယ်ကို အသုံးပြုကာ အကြွင်းမဲ့အာဏာရှင်အဖြစ်သို့ လွယ်လင့်တကူပင် ရောက်ရှိလာခဲ့ပေတော့သည်။

အုပ်ချုပ်ရေးအာဏာကို အရယူခြင်း

၁၉၃၃ ခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တွင် ဂျာမဏီနိုင်ငံ ပြည်သူ့လွတ်တော်အဆောက်အဦီကြီး မီးစွဲလောင်သည်။ ထိုမီးလောင်မှုကြီးသည်ပင် ဟစ်တလာကို အာဏာရှင်အဖြစ်သို့ ရောက်ရှိလာရန် ပထမဦးဆုံး တွန်းအားပေးခဲ့ပေသည်။ မီလောင်မှုနှင့် စပ်လျဉ်း၍ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို အချိန်မဆိုင်းဘဲ ခေါ်ယူဆွေးနွေးခဲ့သည်။

အာဏာရ ဟစ်တလာ

ယင်းအစည်းအဝေးတွင် ဟစ်တလာက လက်ရှိနိုငံတော်သမ္မတထံမှ ဥပဒေသစ်တစ်ခုကို တောင်းခံခဲ့သည်။ ၎င်း ဥပဒေမှာ “နိုင်ငံတော်နှင့် လူမျိုးစုများကို ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ဥပဒေ” ဖြစ်သည်။ ယင်း ဥပဒေကြောင့် တရားဝင်ထုပ်ပြန်ထားသည့် နိုင်ငံသားတို့၏ လွပ်လပ်ခွင့်နှင့် လူသားအားလုံး၏ အခြေခံဥပဒေများအားလုံးသည် အချိန်အကန့် အသတ်မရှိဘဲ အလိုအလျောက် ရုပ်သိမ်းခြင်းကို ခံလိုက်ရပေတော့သည်။ ထိုအစည်းအဝေးကျင်းပသည် ၂၈ ရက်နေ့  ညနေတွင် ဟစ်တလာသည် သူ၏ အတိုက်အခံများ ဖြစ်ကြသော ကွန်မြူနစ်များ၊ လက်ဝဲအစွန်းရောက်များနှင့် ဆိုရှယ်ဒီမိုကရက်များကို သူ၏အမိန့် ဖြင့် လိုက်လံ ဖမ်းဆီး ချုပ်နှောင်စေခဲ့သည်။

ဥပဒေပြုအာဏာကို အရယူခြင်း

၁၉၃၃ ခု မတ်လ ၂၄ ရက်နေ့တွင် ဟစ်တလာသည် စစ်ဥပဒေသစ်တစ်ရပ်ကို ထုတ်ပြန်ကြေငြာခဲ့သည်။
ထိုဥပဒေကို “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းခွင့် ဥပဒေ” ဟု တရားဝင်ခေါ်ဆိုခဲ့သော်လည်း ထိုအမိန့် ဥပဒေအရပင် ဟစ်တလာ အာဏာရှင်သည် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုသလို မွှေနှောက် အသုံးချနိုင်သူ ဖြစ်သွားသည်။

ထို့ ထက်ဆိုးသည်မှာ အဆိုပါ အမိန့်အရ ပြည်သူ့ လွှတ်တော်၏ ထိန်းချုပ်မှုအောက်မှလည်း ကွင်းလုံးကျွတ် လွတ်မြောက်ခွင့် ရသွားလေ တော့သည်။

ဤနည်းဖြင့်ပင် ဂျာမဏီနိုင်ငံတွင် အချိန်အတော်အတန်ကြာ အမြစ်တွယ်နေပြီးဖြစ်သော ဒီမိုကရေစီစနစ်ကြီးသည် အပြီးအပိုင် ချုပ်ငြိမ်းသွားခဲ့လေတော့သည်။ တချိန်တည်းတွင်ပင် စစ်အာဏာရှင်များသည် နိုင်ငံရေး အတိုက်အခံများ၊ တော်လှန်ပုန်ကန်သူများကို ချုပ်နှောင်ထိန်းသိမ်းရန် နာဇီအကျဉ်းစခန်းများကို စတင်တည်ဆောက်လေတော့သည်။

တရားစီရင်မိန့် အာဏာကို အရယူခြင်း

နိုင်ငံရေးသမားများကို မြေလှန်ရှာဖွေ ဖမ်းဆီးစေနိုင်ခဲ့ပြီး တော်လှန်ပုန်ကန်သူများကိုလည်း ဖြုတ်ထုတ်ရှင်းစနစ်ဖြင့် ကြိုးကိုင်ထိန်းချုပ်ထားနိုင်ခဲ့သည့်အချိန်တွင် အာဏာရှင်စနစ်ဆိုးကြီးသည်လည်း အရှိန်တဟုမ်းဟုမ်းဖြင့် လောင်ကြွမ်းနေလေပြီ။

၁၉၃၃ ခု ဇွန်လ ၃၀ ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ရုမ်းမ် ‘Roehm’ ၏ အာဏာသိမ်းရန် ကြံစည်မှုကြီးက ဟစ်တလာကို နောက်ထပ် လှေကားထစ် တစ်ခုသို့ ထပ်မံ တွန်းပို့ လိုက်သည်နှင့် တူနေလေတော့သည်။ SS စစ်တပ်နှင့် ကာကွယ်ရေး စစ်တပ်နှစ်ခုကို ပူးပေါင်းစေပြီး အာဏာသိမ်းရန် ကြံစည်သော အဲ့န်စ်တ် ရုမ်းမ် ‘Ernst Roehm’ အပါအဝင် အခြားသော SA စစ်ဗိုလ်များကို ကွက်မျက်စေခဲ့သည်။

၁၉၃၃ ဇူလိုင် ၃ ရက်နေ့ တွင် ထုတ်ပြန်သော ဥပဒေအသစ်၏ လုပ်ရပ်သည် နိုင်ငံတော် အေးချမ်းသာယာရေးကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သဖြင့် ဥပဒေကြောင်လမ်းအရ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။ SAစစ်တပ်ကြီးသည် ထိုအချိန်မှစ၍ သူ၏ လုပ်ပိုင်ခွင့်နှင့် အထူးအာဏာများကို လက်လွှတ်လိုက်ရပြီး SS စစ်တပ်သည်သာလျှင် ဟစ်တလာ၏ တိုက်ရိုက်ဦးဆောင်မှုဖြင့် အာဏာရှင် လက်ကိုင်တုတ်များ ဖြစ်လာကြတော့သည်။

ဤသို့ သော တရားဝင် နည်းလမ်းအသွယ်သွယ်ကို အသုံးချရင်း နိုင်ငံတော်အာဏာကို တစတစသိမ်းယူလာခဲ့သည်။ ဂျာမဏီနိုင်ငံသမ္မတ ဟင်းဒန်းဘွတ်ခ် ကွယ်လွန်ပြီးသည့် အချိန်မှစ၍ လက်ရှိရာထူးအပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ခေါင်းဆောင်ကြီး အမည်များခံယူကာ ဟစ်တလာသည် အကြွင်းမဲ့အာဏာရှင်ဘဝသို့  ပြိုင်ဘက်မရှိ ရောက်ရှိသွားလေတော့သည်။



ဟစ်တလာအကြောင်းမသိသေးသူ လူငယ်များနဲ့ စိတ်ဝင်စားသူများအတွက်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

Start Menu ရှိ Files များအားဖျောက်ခြင်း

စာသင်ခန်းများ၊ကျောင်းများသင်တန်းများတွင် အသုံးပြုသော Computer များတွင် Start Menu ၌
လိုအပ်သော Files အနည်းကိုသာ ဖော်ပြထားသည်ကို တွေ့ဘူးကြမည် ဖြစ်ပါသည်။

ဒါကလဲ တစ်နည်းအားဖြင့်တော့ အသုံးပြုသူများကို ကန့်သတ်ထိန်းချုပ်လိုက်ခြင်းပါပဲ

ဘယ်လိုမျိုး ဖျောက်ရတယ်ဆိုတာကို သိချင်သော လူများရှိလျှင်
အဆင်ပြေရန်အတွက် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။

၁။ Start – Run – gpedit.msc ဟု ရိုက်ပါ။


၂။ Local Computer Policy – User Configuration – Administrative Templates – Start Menu and Taskbar ကို Click လုပ်ပါ။

၃။ ညာဘက်ရှိ Box ထဲတွင် ကျွန်တော်တို့ ဖျောက်ချင်သော File
( e.g;Remove Run Menu from Start Menu ) ကို Double Click လုပ်ပါ။

၎။ Remove My Documents icon from Start Properties Box ပေါ်လာသောအခါ

Enabled ကို Check ပေးပြီး Apply – OK ပေးပါ။

အထက်ပါ နည်းအတိုင်းပြုလုပ်ပါ ဒါဆို၇သွားပါပြီ

ရိုဘော့ကောက်ကြောင်းနှင့် မြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်

စက်ရုပ်လို့သိထားကြတဲ့ (Robot)ဆိုတဲ့စကားလုံးကို ၁၉၂၀ပြည့်နှစ်က ချက်ကိုစလိုဗက်ကီးယားစာရေးဆရာ Karel Capekက သူ့ရဲ့ပြဇာတ် "Rossum's UniversalRobots"မှာ စတင်အသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်။
Robotဟာ robota ဆိုတဲ့စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး ချက်ဘာသာစကားအရ အလုပ်ကိုတကုပ်ကုပ်လုပ်နေရတဲ့အလုပ်သမား၊ စလိုဗက်ခ်ဘာသာစကားအရ အလုပ်လို့ဆိုလိုကြောင်း သိရပါတယ်။
မှတ်တမ်းများအရ ရှေးဦးစက်ရုပ်ကို ၁၇၇၀ခုနှစ်မှာ ဆွစ်လူမျိုး နာရီလုပ်သူ နိုင်ရာရီ ဂျက်ကွက်ရက်က တည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစက်ရုပ်ဟာ စာရေးတဲ့စက်ရုပ်ဖြစ်ပြီး စာလုံးလေးဆယ်ကျော်ရေးသားနိုင်ပါတယ်တဲ့။
ဒါပေမယ့် ရှေးဦးစက်ရုပ်တွေထဲက ကျွန်တော်သဘောအကျဆုံးစက်ရုပ်ကတော့ ဂျပန်ပညာရှင်တစ်ဦးတီထွင်ခဲ့တဲ့ လူတူစက်ရုပ်ဖြစ်ပါတယ်။

ဂျပန်အက်ဒီဆင်လို့ ခေတ်လူများကခေါ်ဝေါ်ကြတဲ့ ဂျပန်လက်မှုပညာရှင် ဟီဆာရှီဂျီ တာနာကာ တီထွင်ခဲ့တဲ့လူတူစက်ရုပ်ပါ။
အဲဒီစက်ရုပ်ဟာ လက်ဖက်ရည်ခွက်တွေကို စားပွဲဝိုင်းတွေဆီ လိုက်ပို့ပေးနိုင်သလို မြှားကျည်တောက်ထဲက မြှားကိုလည်း ထုတ်ယူပစ်ခတ်နိုင်တယ်၊ ဂျပန်အက္ခရာတွေကိုလည်း ရေးသားနိုင်တယ်လို့ သိရပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း စက်မှုလုပ်ငန်းသုံးပြည်တွင်းဖြစ်လူတူစက်ရုပ်ကို လွန်ခဲ့တဲ့နှစ်များစွာအတွင်း အင်ဂျင်နီယာတစ်ဦးက အောင်အောင်မြင်မြင်တီထွင်နိုင်ခဲ့ဖူးပါတယ်။
အဲဒီမြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်ကတော့ ဦးကြည်ဆိုသူဖြစ်ပါတယ်။
မြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်ဦးကြည်
ဆရာဦးကြည်ကို ၁၉၃၄ခုနှစ်၊ဇွန်လ၊၁ရက်နေ့၊ထားဝယ်မြို့မှာ ဖွားမြင်ခဲ့ပြီး ငယ်စဉ်က ထားဝယ်မြို့အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။
ဆယ်တန်းအောင်မြင်ပြီးတဲ့နောက်မှာ ဆရာဟာ အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ မြို့ပြအင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးခဲ့ပါတယ်။
ဒါပေမယ့်ဆရာဟာ စက်မှုအင်ဂျင်နီယာဘာသာရက်ကို ပိုစိတ်ဝင်စားခဲ့တယ်လို့ဆိုပါတယ်။
၁၉၅၄ခုနှစ်မှာ ဆရာဟာ အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ A.G.T.I(civil)ဒီပလိုမာဘွဲ့ရရှိပြီး အဲဒီကျောင်းမှာပဲ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နောက်ပိုင်းဆရာဟာ ကလောစက်မှုလက်မှုသိပ္ပံမှာ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန်ကို နှစ်ရှည်သင်တန်းတက်ရောက်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။
နိုင်ငံရပ်ခြားမှာ ပညာသင်ယူရင်းနဲ့ ဆရာဟာ စက်ရုပ်တီထွင်ဖို့အကြံရခဲ့တာလို့ ဆိုပါတယ်။
ဆရာဟာ နိုင်ငံခြားကပြန်လာပြီးတဲ့နောက် အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ တာဝန်ထမ်းဆောင်ရင်း စက်ရုပ်တီထွင်ဖို့စလုပ်ပါတယ်။
ဆရာဟာ တပည့်တွေကို စာသင်ကြားပေးရင်းနဲ့ သက်ဆိုင်ရာစာအုပ်စာတမ်းများကို ရှာဖွေလေ့လာဖတ်ရှုရင်း တပည့်တွေအကူအညီနဲ့ အသုံးပြုမယ့် စက်ကိရိယာတွေ ရှာဖွေစုဆောင်းပါတယ်။
အဆင်သင့်ဖြစ်သွားတဲ့အချိန် ၁၉၈၆ခုနှစ်ကျောင်းဆင်းချိန်မှာ ဆရာဟာ ၀ါသနာပါတဲ့ကျောင်းသားတွေကို စုစည်းပြီး စက်ရုပ်ကို စတင်တီထွင်တပ်ဆင်ကြပါတယ်။
စက်ရုပ်အတွက်ကုန်ကျစရိတ်အားလုံးကို ထိုစဉ်က စက်မှု၊စိုက်ပျိုးနှင့် အသက်မွေးပညာဦးစီးဌာနက စိုက်ထုတ်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ခြောက်လအကြာမှာ ဆရာတို့အဖွဲ့ဟာ စက်ရုပ်တစ်ရုပ်ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ကြပါတယ်။
အဲဒီစက်ရုပ်ကို မော်တော်ကားဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုဖို့ ရည်ရွယ်တီထွင်ခဲ့တာပါ။
အဲဒီစက်ရုပ်ဟာ ကောင်းမွန်စွာထိုင်နိုင်၊ထနိုင်၊လမ်းလျှောက်နိုင်ပြီး ဆေးမှုတ်တဲ့နေရာမှာလည်း တိကျသေချာတယ်လို့ဆိုပါတယ်။
၁၉၈၆ခုနှစ် ပြည်ထောင်စုပြပွဲမှာ ပြသခဲ့တဲ့အခါ လူကြိုက်အများဆုံးတီထွင်မှုဖြစ်ခဲ့ပါတယ်။
ဆရာဟာ အဲဒီစက်ရုပ်မထွင်ခင်ကတည်းက အလိုအလျောက်ဖွင့်ပိတ်တံခါး၊ နိုင်ငံခြားမှာယခုတိုင်သုံးနေကြဆဲ ကော်ဖီရောင်းစက်ကဲ့သို့သော လက်ဖက်ရည်ရောင်းစက်၊ Remote controlမော်တော်ကားတို့ကိုလည်း တီထွင်ခဲ့ပြီးဖြစ်ပါတယ်။
Remote controlဆိုတာ မြန်မာမပြောနဲ့ ကမ္ဘာမှာတောင် သိပ်မတွင်ကျယ်သေးတဲ့အချိန်မှာ တီထွင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အာလူးအကောင်းနဲ့အပုပ်ရွေးတဲ့စက်၊ ဘီစကွတ်အမျိုးအစားအဆိုးအကောင်းရွေးတဲ့စက်တွေလည်း တီထွင်ခဲ့ပါတယ်။
နောက်ပိုင်းမှာဆရာဟာ စက်ရုပ်ကို လူတို့ရဲ့အမိန့်ပေးစကားနာခံနိုင်စေရန်နဲ့ စကားပြန်လည်တုံ့ပြန်ပြောဆိုနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် စရိတ်စကကြီးမားခြင်း၊ အားပေးကူညီမှုနည်းပါးခြင်းတို့ကြောင့် လက်လျှော့ခဲ့ရတယ်လို့ဆိုပါတယ်။
ဆရာရဲ့ပြိုင်ပွဲဝင်စက်ရုပ်ပင်လျှင် ပြိုင်ပွဲမှာပြသဖို့ပဲ ခွင့်ပြုခဲ့တာလို့ဆိုပါတယ်။
ဆရာဟာ ဆက်လက်ပြီး နိုင်ငံ့တာဝန်များကို ရာထူးအဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီး အောင်ဆန်းစက်မှုလက်မှုသိပ္ပံနှင့်အထွေထွေပြုပြင်ရေးကျောင်းအုပ်ကြီးအဖြစ်မှ ၁၉၉၄ခုနှစ်မှာ အနားယူခဲ့ပါတယ်။
ဆရာရဲ့ ဘ၀တစ်လျှောက်မှာ နိုင်ငံခြားတိုင်းပြည်များမှ ကုမ္ပဏီတွေက အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ကြပေမယ့် ဆရာဟာ လုံးဝထွက်မသွားဘဲ နိုင်ငံအတွက် ပြည်တွင်းမှာပဲ တပည့်တွေကို ပညာသင်ကြားမွေးထုတ်ပေးခဲ့သူဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက စက်ရုပ်တီထွင်ဖို့ဆိုတာ တော်တော်ကိုခက်ခဲတဲ့အလုပ်မှန်း လူတိုင်းသိနိုင်ပေမယ့် ဆရာဦးကြည်ကတော့ အောင်မြင်အောင်လုပ်ဆောင်ပြသွားခဲ့ပါတယ်။
အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ IC(integrated circuit)တွေကိုတောင် ပေါပေါများများ သိပ်သုံးနိုင်မယ်မထင်ပါဘူး။
အဲဒီလို IC နဲ့ Gear (ဂီယာ)ခေတ်က အင်ဂျင်နီယာတစ်ယောက်ဟာ လူတူစက်ရုပ်တစ်ရုပ်ကို အစအဆုံး အောင်မြင်စွာတီထွင်နိုင်ခဲ့တဲ့အကြောင်း ယနေ့ microprocessor နဲ့ servo motor ခေတ်မှ လူငယ်များ သိရှိအားကျအတုယူနိုင်ကြစေရန် ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။ ။

Sep 21, 2012

အချစ်ရေး အဆင်ပြေဖို့(သို့မဟုတ်)အချစ်ရေးပြန်အဆင်ပြေစေဖို့

ချစ်သူ(ရည်းစား)ဘ၀မှာ မကြာခဏ စကားများ၊ ခိုက်ရန်ဖြစ်၊ စိတ်ကောက်၊ မခေါ်မပြော၊ အဆင်မပြေဖြစ်ရလို့ စိတ်ညစ်နေရသူတွေ ဖြစ်စေ၊ လတ်တလော အချိန်မှာ အကြောင်းတစ်မျိုးကြောင့် ချစ်သူနဲ့ အဆင်မပြေဖြစ်ပြီး အမြန်ဆုံး ပြန်အဆင်ပြေ စေချင်သူတွေဖြစ်စေ ဒီအစီအမံကို လုပ်ကြည့်ပါ။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ ဘယ်နေ့ဖွားဖြစ်ဖြစ် လုပ်လို့ရပါတယ်။
 ဒီ အစီအမံမှာ အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ သပြေရွက် အရွယ်ညီနှစ်ရွက် ဖြစ်ပါတယ်. ပန်းအိုးထိုးတဲ့ သပြေပန်းရဲ့ အရွက်ပဲဖြစ်ဖြစ် စားလို့ရတဲ့သပြေသီး သီးတဲ့ သပြေပင်က အရွက်ပဲဖြစ်ဖြစ် အဆင်ပြေရာ သုံးနိုင်ပါတယ်..
 သပြေရွက်တစ်ရွက်ရဲ့ အတွင်းဘက် မျက်နှာပြင် ရွက်ကြော အပေါ်ဘက်နေရာမှာ အညှာဘက်မှ အဖျားဘက်ကို အမျိုးသားနာမည် ရေးပါ..ရွက်ကြော(အလယ်ကြော)ရဲ့ အောက်ဘက်မှာ အမျိုးသမီးနာမည်ကို ရေးပါ..
 နောက် အရွက်တစ်ရွက်မှာတော့ ရွက်အလယ်ကြောရဲ့ အပေါ်ဘက်ခြမ်းမှာ “အချစ်ရေး အဆင်ပြေစေ” (သို့မဟုတ်)“အချစ်ရေး ပြန်အဆင်ပြေစေ” ဆိုတဲ့ စာတန်းရေးပါ..အရွက်အလယ်ကြောရဲ့ အောက်ဘက်ခြမ်းမှာတော့ “ အချစ်ရေးမှာ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ” ဆိုတဲ့ စာတန်းရေးပါ..(ပုံကို ကြည့်)

 သတိပြုရမှာက ချစ်သူ သက်တမ်း(၁)နှစ် မပြည့်သေးရင် သပြေရွက် နည်းနည်းနုတာကို သုံးပါ..ချစ်သူသက်တမ်း (၁)နှစ်ကျော်ရင် သပြေရွက် ခပ်ရင့်ရင့်ကို သုံးပါ..
 အဲဒီ စာရေးပြီး သပြေနှစ်ရွက်ကို အရင်းအချင်းချင်း၊ အဖျားအချင်းချင်း တည့်ဖြစ်အောင် မျက်နှာချင်းဆိုင် ထပ်လိုက်ပါ..သပြေရွက်စုံတွဲ ဖြစ်သွားမယ်..ပန်းရောင်ပ၀ါ(သို့မဟုတ်)အဖြူရောင် ပ၀ါတစ်ထည်နဲ့ သပြေရွက်စုံတွဲကို ထည့်ထုပ်ပြိး အင်္ကျီအိတ်ထဲမှာဖြစ်စေ၊ ပိုက်ဆံအိတ်ထဲမှာဖြစ်စေ ထားရမယ်..
 နေ့စဉ် နေ့ရော ညပါ ဘယ်အချိန်မဆို အဲဒီ သပြေရွက်ထည့်ထားတဲ့ ပ၀ါခေါက်ကို ညာလက်မှာ ကိုင်ပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ပါ..
အချစ်ရေး အဆင်ပြေပါစေ၊ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ(သို့မဟုတ်)အချစ်ရေး အမြန်ဆုံးပြန်အဆင်ပြေပြီး စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ
 အချိန်ရတိုင်း ခဏခဏ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်..သပြေရွက်နှစ်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်ကတော့ တနင်္လာနေ့ မွန်းလွဲ(၃)နာရီမှ (၄)နာရီခွဲအတွင်း ဖြစ်ရပါမယ်..
 (၁၁)ရက်မှ (၁၁)ပတ်အတွင်း အောင်မြင်တတ်ပါတယ်..

Sep 17, 2012

အမေနှင့်ရေ

ဒီကမ္ဘာကြီးမှာ
အမေဟာရေပါ
လူ့ဘ၀ကိုစရောက်ပြီး
မျက်ရည်တစ်စက်နှင့် ပေါက်လိုက်ကတည်းက
အမေဆိုတာ တုန်လှုပ်ပြီးသားပါ
ဒါကိုအခွင့်ကောင်း ထားပြီး
ငါးဆယ်ကျော် သားအရွယ်တောင်
မျက်ရည်တွေခမ်းချောက်တယ်မရှိဘူးလေ........၊
လိုချင်တာတစ်ခုတွက် နွဲဆိုး ဆိုးပြီး
အမေ့နားကို သွေးထိုးပေးလိုက်တိုင်း
ငါ့သား အရိုင်း မဟုက်ပေဘူးဆိုပြီး
ပီတိလှိုင်းတွနှင့် ပျော်ရွင်နေသူက အမေပေါ့..........၊
တကယ်တော့
မာယာကိုဆရာတင်ပြီး
ငါသာတယ်အထင် အမြင်နှင့်
အမေ့ခမျာ မသိရှာသရွေ့
ဘယ်လိုချောင်းဝေ့လိုက်ရမလဲဆိုပြီး
မသိစိက်အပြည့်
မွေးနေသူက သားလေ......၊
လိုချင်တာ ယဉ်ယဉ်နှင့်ရတဲ့သားက
ကိုယ်ကိုယ်ကို ဧကရာဇ်အထင်နှင့်
အမေ့ရင်ခွင်ကိုမှ     နင် ချေမိနေတာပေါ့
ကိုယ်စွမ်းအားကို ဖုံးကွယ်
မိခင်ရင်ခွင်ကို ခိုဝင်လိုက်ရမှ
ဘ၀ကြီးပြီးပြည့်စုံမယ်ဆိုသော အတွေး
ဒုန်းဝေးဝေး စဉ်းစားမိခဲတာပေါ့..........၊
မသိတရားတွေရင်သန်
အမေ့မေတ္တာမှန်ကို သိလာရတဲ့အချိန်
ကြွေးသစ်သစ်ဝေ  သောအမေ့လုပ်ငန်းဟာ
ဆုံးခန်းတိုင်အောင် ပြီးဆုံးခဲပေ့မဲ
မိုက်မဲမှု့ ပြစ်ချက်တွေနှင့်အတူ
အိုက်ခမန်းရဲ ငရဲခန်းလိုပူလောင်တဲသားဘဝ
မေတ္တာစန်းရေရဲ အကြွေးဇယားတွေ
သားတစ်ယောက်  အကုန်မဆပ်နိုင်တော့ဘူး
အမေ................................................။