Showing posts with label စာစု. Show all posts
Showing posts with label စာစု. Show all posts

Jul 21, 2012

♥♥အရပ်ပျက်မှာ ဇာတ်ပျက်ကနေသလား♥♥ ဒဿန စကားပုံ♥♥

ပေါကြောင်ကြောင်နဲ့ ရူးချာချာဟာ  တစ်စုဖွဲ့ ပြီးနေထိုင်တယ်

  သူတို့မွေးဖွားလာတာလေးတွေကတော့

ချာတာတာလေးတွေဖြစ်နေကြတာကို မသိကြဘူး 

မမြင်မကန်းနဲ့  ရူးနန်းနန်းလေးတွေထပ်ပေါက်ဖွားလာပြန်တယ်


ပတ်ဝန်းကျင်ကိုထည့်မတွက်တတ်တော့ စမ်းတ၀ါးဝါးနဲ့အရူးဘုံမြှောက်တော့ 

ချေးခြောက်ကောက်သလိုဖြစ်နေတော့တာပေါ့

စမ်းတ၀ါးဝါးတွေကလည်း ဘာလုပ်လုပ်ဘာပြောပြော 

လက်ခုတ်လက်ဝါးတီးပြီးအားပေးလိုက်ကြတာ

ပုလင်းတူဘူးဆို့ စိတ်တူဝါသနာတူ



အရပ်ပျက်မှာ ဇာတ်ပျက်ကနေသလားတောင်ထင်မိတယ် 

စောင်းမြောင်းပြောဆိုတတ်ကြတာတော့ ငကန်းသေလို့ 

ငစွေပေါ်နေသလားမှတ်ရတယ်

ပညာတော့တတ်ကြပါရဲ့  စာတွေတော့တတ်ကြပါရဲ့ အသိမရှိဖြစ်နေတယ်   

 အသိလေးနည်းနည်းလောက်ရောင်းပါ လက်ဆောင်ပဏ္ဍာလေး 


ပေးချင်လို့ပါဆိုပြီးပေးပို့ချင်ပေမယ့်

အသိကလည်းငွေပေးပြီး ၀ယ်ကပ်ပေးလို့မရဘူး 

သူတို့ရဲ့အရှက်တရားဟာဆိုရင် ရှက်လိုက်တာဆိုပြီး  ရှက်စရာကောင်းတယ်ဆိုပြီး 

မျက်နှာကိုလက်ဝါးလေးနဲ့ကွယ်နေပေမယ့် လက်ကြားထဲကချောင်းကြည့်သလိုပေါ့

ကလေးငယ်လေးလိုရှက်လို့ဆိုပြီး  
စကပ်လှန်မျက်နှာအုပ်ထားပြီး ရှက်သလို 

ဖြစ်နေတယ်
ပေးကားပေး၏မရ  ကျွေးကားကျွေး၏ မ၀  ချစ်သူတစ်ရာနည်း၏ 

မုန်းသူတစ်ယောက်များ၏

ပါးစပ်တစ်ပေါက်ပိတ်ရန်မလွယ်  ၀ါးတစ်ရာသာပိတ်ရန်လွယ်၏ 


သေချာကြည့်လေ ဆင်သေကို ဆိတ်သရေနဲ့ဖုံး  ပြီး 

လဒ အောင်သေအောင်သားစား နေတာကိုသာထင်မြင်မိတယ်

ဒီစာစုလေးထဲမှ  ယူချင်တာယူပြီးထားချင်တာထားခဲ့ပါ

လွတ်ကင်းနိုင်အောင်  မိမိကိုယ်ကို  သာပြုပြင်ပါ။



Dec 31, 2011

စာစု...

Never stop learning and improving for your life! Yourself in tomorrow must be better than in today!
မင်းဘ၀ တိုးတက်ဖို့အတွက်နဲ့ ဘ၀အတွက် သင်ယူမှုများကို ဘယ်တောမှ မရပ်တန့်လိုက်နဲ့။
 ဒီနေ့ထက်မနက်ဖြန်မှာ မင်းကပိုမိုသာလွန်လာစေရမယ်။
Everyone may not be good. But there's always something good in everyone.
လူတိုင်းကတော့ မကောင်းနိုင်ပါဘူး။ ဒါပေမဲ့ ကောင်းတဲ့ အချက်တချက်ကတော့ လူတိုင်းမှာ ရှိမြဲပါပဲ။