Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Jul 11, 2012

အမေရိကန်အင်္ဂလိပ်Idioms အသုံးအနှုန်းလေးများ(With examples)

အမေရိကန်အင်္ဂလိပ်စာ အီဒီယမ်အသုံးအနှုန်းများကို သူငယ်ချင်းတို.ကို ကျနော်လေ.လာမှတ်သားထားသလောက်တင်ပြပေးလိုက်ပါတယ်။
သူငယ်ချင်းတို.လည်းလေ.လာချင်မယ်လို.ထင်ပါတယ်။
Give one's to sub=အသက်တမျှချစ်သည်။
I give my heart to her.
ကျနော်သူမကို အသက်တမျှကိုချစ်ပါတယ်။
Have a heart= သနားပါညှာတာပါ။
"Please have a heart" The boy told his girlfriend.
ကိုယ်.ကိုသနားပါလို.ကောင်လေးကသူကောင်မလေးကိုပြောတယ်။
ံHave a change of heart= စိတ်ပြောင်းသွားသည်။
He has had a change of heart-He will try hard in the future.
သူစိတ်ပြောင်းသွားပြီး သူအနာဂတ်မှာစာကြိုးစားတော.မယ်တဲ.။
Heart and soul=စိတ်ရောကိုယ်ပါ။
She helps her friend heart and soul to get a job.
သူကသူ. သူငယ်ချင်းအလုပ်ရအောင်စိတ်ပါလက်ပါကို ကူညီတယ်။
Have one's heart in one's boots=စိတ်ဓာတ်ကျသည်။
ံHe failed the  examinations.So he has his heart in his boots
သူစာမေးပွဲကျခဲ.တယ်။ဒါကြေင်.သူစိတ်ဓာတ်ကျနေတယ်။
ံHave one's heart in the right place=စိတ်နှလုံးကောင်းရှိသည်။
Every body loves her because She has her heart in the right place.
လူတိုင်းကသူကိုချစ်ကြတယ်။ဘာကြောင်.လဲဆိုရင် သူ.မှာစိတ်နှလုံးကောင်းရှိလို.ပါ။
A့ heart of gold=စိတ်ရင်းကောင်းခြင်း
ှSometime he is so angry but he has a heart of gold.
သူကတစ်ခါတစ်လေဒေါသအရမ်းကြီးတတ်ပေမယ်.သူကစိတ်ရင်းတောကောင်းတယ်။
a heart of stone=အသည်းမာခြင်း
She always wears a smile on her face but she has a heart of stone.
ှုသူမမျက်နှာလေးကအမြဲပြူံးနေတတ်ပေမယ် သူမကအသသည်းမာတယ်။
in good heart=ကျန်းမာသည်။ the same with in good health
My grandmother is so active and She is always in good heart.
ကျနော်အဘွားကသွက်လက်ပြီး အမြဲတမ်းကျန်းမာတယ်။
in one's heart=အတွင်းစိတ်
He knew in his heart that he was doing wrong.
ူသူအမှားလုပ်ခဲ.မိတယ်ဆိုတာကို သူ.အတွင်းစိတ်ကသိနေခဲ.တယ်။
 with all one's heart=တကယ်.ကို လိုလားစွာ
I hope with all my heart that you will be healthy and happy.
မင်းကျန်းမာပြီးပျော်ရွင်လိမ်.မယ်လိုငါတကယ်ကိုလိုလိုလားလားမျှော်လင်.ပါတယ်။
                                                                                                        ဆက်လက်ကြိုးစားပါဦးမယ်။

Oct 28, 2011

ဘွဲ့လိုချင်ပါသလား၊ တနှစ်ကို ကျပ် ၃ သိန်းသာ ယူခဲ့ပါ။



အရာရှိရာထူး မရနိုင်သော်ငြားလည်း၊ ပညာစစ်၊ ပညာမှန်လည်း မရနိုင်သော်ငြားလည်း ဧည့်ခန်းတွင် ဂုဏ်ယူဝင့်ကြွားစွာ ချိတ်ဆွဲရန် အတွက်လည်းကောင်း၊ မင်္ဂလာဆောင် ဖိတ်စာတွင် အမြီးရှည်ရှည် ထည့်နိုင်ရန်လည်းကောင်း၊
နာရေးကြော်ငြာတွင် တက္ကသိုလ်ဘွဲ့ ရခဲ့ဖူးကြောင်း မသိသေးသူများ သိသာစေရန် အတွက်လည်းကောင်း ယခုလ ၂၇ ရက်နေ့တွင် အဝေးသင် ဘွဲ့များကို အခကြေးငွေဖြင့် ရယူကြမည်ဖြစ်ကြောင်း မောက္ခက သတင်းရရှိပါသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (တာဝ) တွင် အောက်တိုဘာလ ၂၇ ရက်နေ့၌ စာမေးပွဲ ဖြေဆိုမည့် အဝေးသင် ကျောင်းသားများမှာ ဆရာများထံမှ ကျူရှင်မယူနိုင်ပါက စာမေးပွဲအောင်ရန် အခက်အခဲရှိသည်ဟု ကျောင်းသူကျောင်းသားများက ပြောဆိုနေကြသည်။
ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာ ကျောင်းသားတစ်ဦးက “အဝေးသင်တက်ရင် ကျူရှင်ယူရတယ်။ ယူတဲ့သူတွေကို ခုံနံပါတ်ပါ တောင်းတယ်။ ကျူရှင်တက်တဲ့သူတွေကို စာစစ်ရင် သေချာဂရုစိုက်ပေးတယ်။ အားလုံးအောင်အောင်ပေါ့။ တနှစ်လုံး ကျောင်း ကလည်း ၁၀ရက်ပဲ တက်ရတော့ ဘာမှန်းမသိပါဘူး။”ဟု ကေအိုင်စီကိုပြောသည်။
အချိန် ၇ရက်သာ ဖြေဆိုရသည့် ၎င်းအဝေးသင် စာမေးပွဲအတွက် ကျူရှင်များကို ပါမောက္ခများကိုယ်တိုင် သင်ကြားပေးနေပြီး ကျူရှင်မယူသည့် အဝေးသင် တက္ကသိုလ်ကျောင်းသူကျောင်းသားများကို ကောင်းကောင်းမွန်မွန် စာသင်ကြားပေးခြင်း မရှိသ ဖြင့် အဝေးသင်တက္ကသိုလ်လည်း မရှိသင့်တော့ကြောင်း အဆိုပါ အင်္ဂလိပ်စာမေဂျာ ကျောင်းသားက ပြောသည်။
ကျပ် သုံးသိန်းပေးဆောင်ခြင်းဖြင့် ဘွဲ့တက်ယူနိုင်သည့် နေရာ
ကျပ် သုံးသိန်းပေးဆောင်ခြင်းဖြင့် ဘွဲ့တက်ယူနိုင်သည့် နေရာ