(၁)
အင်္ဂလိပ်လူမျိုးတွေ သြစတေးလျှကို ရောက်လာပြီးနောက် သြစတေးလျှမှာရှိတဲ့ မြင့်မြင့်နဲ့ဝေးဝေးခုန်နိုင်တဲ့ ထူးဆန်းတဲ့အကောင်ကို သတိထားမိခဲ့ကြတယ်။ အဲဒီအကောင်က ဘာအကောင်လဲလို့ အင်္ဂလိပ်တွေက ခြေဟန်လက်ဟန်နဲ့ မေးမြန်းတော့ “Kan Ghu Ru” လို့ နယ်ခံတွေက ဖြေခဲ့တယ်။ ဒါနဲ့ အဲဒီအကောင် (သားပိုက်ကောင်) ကို အင်္ဂလိပ်တွေက “kangaroo” လို့ ခေါ်ခဲ့ကြတယ်။ တကယ်တော့ နယ်ခံတွေဖြေခဲ့တဲ့ “Kan Ghu Ru” ဆိုတဲ့ အဓိပ္ပါယ်က “နင်တို့ပြောတာ ငါတို့နားမလည်ဘူး” ဆိုတာဖြစ်တယ်။
(၂)
ပန်းခြံမှာရှိတဲ့ စစ်သားမြင်းစီးရုပ်တုတွေမှာ တကယ်လို့ ရုပ်တုမြင်းရဲ့ရှေ့ခြေနှစ်ချောင်းဟာ လေထဲမြှောက်နေတယ်ဆိုရင် မြင်းစီးထားတဲ့စစ်သားဟာ စစ်မြေပြင်မှာ ကျဆုံးခဲ့သူဖြစ်ပြီး ခြေတစ်ချောင်းသာ မြှောက်နေတယ်ဆိုရင် စီးထားတဲ့စစ်သားဟာ တိုက်ပွဲမှာရခဲ့တဲ့ဒဏ်ရာနဲ့ သေဆုံးသွားသူဖြစ်တယ်။ တကယ်လို့ မြင်းခြေလေးချောင်းစလုံး မြေပြင်ကို ထိနေတယ်ဆိုရင် အဲဒီစစ်သားဟာ သဘာဝကြောင့် (အို၊နာ) သေဆုံးသွားတာဖြစ်တယ်။
(၃)
ရှေးအင်္ဂလန်မှာ ဘုရင်ခွင့်ပြုချက်မရှိဘဲ လိင်ဆက်ဆံလို့ မရပါဘူး။ လူတွေက ကလေးလိုချင်လာတဲ့အခါ ဘုရင့်ဆီခွင့်ပြုချက် သွားတောင်းခံပြီးမှ လိင်ဆက်ဆံရပါတယ်။ ခွင့်ပြုမိန့်ရတဲ့လူတွေကို သတ္တုပြားတစ်ပြားပေးပြီး လိင်ဆက်ဆံတဲ့အခါ အဲဒီသတ္တုပြားကို တံခါးဝမှာ ချိတ်ဆွဲထားရတယ်။ သတ္တုပြားပေါ်မှာ “ဘုရင့်ခွင့်ပြုမိန့်ဖြင့် လိင်ဆက်ဆံသည်” လို့ ရေးထားတယ်။ (Fornication Under Consent of the King. F.U.C.K)
အင်္ဂလိပ်ရဲ့ ညစ်ညမ်းတဲ့စကား F.U.C.K က အဲဒီကနေ ဆင်းသက်လာတာဖြစ်တယ်။
၎) ညာကျော်တွေက ဘယ်ကျော်တွေထက် ပျမ်းမျှ အသက်(၉)နှစ်ရှည်ကြတယ်။
၅) ပိုလာဝက်ဝံတွေက ဘယ်ကျော်တွေဖြစ်တယ်။
၆) မိကျောင်းတွေကလျှာရှည်သလောက် သူတို့လျှာကို အပြင်ထုတ်လို့မရဘူး။
၇) ခြင်္သေ့တချို့က တစ်နေ့ကို အကြိမ်(၅ဝ)မိတ်လိုက်နိုင်တယ်။
၈) ငှက်ကုလားအုတ်တွေရဲ့မျက်လုံးက ဦးနှောက်ထက်ကြီးတယ်။
၉) ကြယ်ငါးတွေမှာ ဦးနှောက်မပါဘူး။
၁၀) ခွေးလေး(သန်း)တွေက သူတို့ခန္ဓာကိုယ်ထက် အဆ ၃၅ဝ အမြင့်ကိုခုန်နိုင်တယ်။
၁၁) ခေါင်းဖြတ်ခံထားရတဲ့ ပိုးဟပ်တစ်ကောင်ဟာ (၉)ရက်အထိ အသက်ရှင်နိုင်သေးတယ်။ (၉)ရက်နောက်ပိုင်း သေဆုံးသွားရတာက ဆာလောင်လို့ပဲဖြစ်တယ်။ ဒါကြောင့် ပိုးဟပ်တွေကိုသတ်မိခဲ့ရင် တစ်ချက်ထဲနဲ့ သေအောင်သတ်လိုက်ပါ။
၁၂) သစ်ကုလားအုပ်က ချောင်းမဆိုးတတ်ဘူး။
၁၃) ဝေလငါးတစ်ကောင်ရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်မှာ ၉ ချက်ပဲရှိတယ်။
၁၄) ၃ဝ% လူတွေလောက်ပဲ ကိုယ့်နှာခေါင်းကို ကျုံ့ချဲ့နိုင်တယ်။
၁၅) အင်္ဂလိပ်ဘာသာက စကားလုံးအများဆုံးစာဖြစ်ပြီး အရေအတွက် (၁)သန်း နီးနီးရှိတယ်။ ဂျာမန်ဘာသာက ၂ သိန်းနီးပါးရှိပြီး ပြင်သစ်စာက သောင်းဂဏန်းထိသာရှိတယ်။
၁၆) ပုတ်သင်ညိုတစ်ကောင်ရဲ့လျှာဟာ သူ့ခန္ဓာကိုယ်အရှည်ရဲ့ ၂ ဆရှိတယ်။
၁၇) မျက်စိကန်းနေတဲ့ ပုတ်သင်ညိုတစ်ကောင်ဟာ ပတ်ဝန်းကျင်ကိုလိုက်ပြီး သူ့ကိုယ်ပေါ်က အရောင်ကို ပြောင်းနိုင်စွမ်းရှိသေးတယ်။
၁၈) ရိုးရိုးသာမန်လူတစ်ယောက်ရဲ့ မျက်လုံးကြွက်သားက တစ်နေ့ကို တစ်သောင်းမှ တစ်သောင်းခွဲအထိ လှုပ်ရှားနိုင်တယ်။
၁၉) ဒါဗင်ချီဟာ မိုနာလီဇာရဲ့ နှုတ်ခမ်းကို ၁၂ နှစ်ကြာဆွဲခဲ့ရတယ်။
၂ဝ) နို့စားနွားမတစ်ကောင်ကို သီချင်းတွေ ပေးနားထောင်ရင် နို့ထွက်နှုန်းပိုကောင်းတယ်။
၂၁) ညနေပိုင်းခူးတဲ့ နှင်းဆီပန်းက မနက်ပိုင်းခူးတဲ့ နှင်းဆီပန်းထက်ကြာရှည်ခံတယ်။
၂၂) လူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အပျော့ပျောင်းဆုံးကြွက်သားက "လျှာ"ဖြစ်တယ်။
၂၃) လူတွေဟာ မျက်လုံးဖွင့်ပြီး ဟတ်ချိုးမချေနိုင်ဘူး။
၂၄) တံဆိပ်ခေါင်း (သို့) စာအိပ်တွေကိုကပ်ဖို့ လျှာနဲ့လျှက်လိုက်တာနဲ့ ကော်မှာပါတဲ့ ကယ်လိုရီ ၁ဝပုံ ၁ပုံ ကို သင်လျှက်မိသားဖြစ်သွားပြီ။
No comments:
Post a Comment