Nov 9, 2011

မင်္ဂလာရှိသည့် နေ့ရက်ဖြစ်ကြောင်း ဦးဇော်ဇော် ဖွင့်ဟခဲ့


မြန်မာဘောလုံး အသင်းအား ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် ပိတ်ပင် ခံထားရခြင်းနှင့် ပတ်သက်၍ အယူခံလွှာ တင်သွင်းခဲ့ရာ ဖီဖာက လက်ခံ ခဲ့ခြင်းနှင့် ပတ်သက်၍ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မင်္ဂလာရှိသည့် နေ့ရက်တစ်ရက် ဖြစ်ကြောင်း ၀မ်းမြောက်ဝမ်းသာ ဖွင့်ဟ ပြောကြားခဲ့သည်။

ယူ-၂၃ အသင်းနှင့် အတူ အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ရှိနေသည့် ဦးဇော်ဇော်က "ဒီနေ့ဟာ မင်္ဂလာရှိတဲ့ နေ့ရက်တစ်ရက် ပါပဲ။ ဖီဖာကို အယူခံ ၀င်တာက မရသလောက် နီးပါး ခက်ခဲပါတယ်။ အခုကိစ္စမှ အောင်မြင်တာပါ။ ဒါကြောင့်လည်း အရမ်းကို ၀မ်းသာပါတယ်။ အခုချိန်မှာတော့ ဗီယက်နမ်နဲ့ ဆီးဂိမ်းစ်ပွဲ ရလဒ်ကောင်းဖို့ပဲ မျှော်လင့်ပါတယ်" ဟု ဖွင်ဟ ပြောကြားခဲ့သည်။

No comments:

Post a Comment