ငယ်စဉ်က တန်ဆောင်မုန်းလပြည့်နေ့ဟူသည် ပံ့သုကူဖွတ်သူက ဖွတ်၊ ရှာသူက ရှာဖြင့် ပျော်စရာကောင်းသော ညတည ဟူ၍သာ သိမှတ်ခဲ့ဖူးသည်၊ ထိုညတွင် လမင်းကြီး ထိန်ထိန်သာ နေသည်ကိုတော့ မှတ်မိနေသည်။ ထိုလ မင်းကြီး ထိန်ထိန်သာနေ သည်ကို အကြောင်းပြုကာ ထင်ရှားသော အဖြစ်အပျက်များစွာဖြင့် သာသနာ့ဘောင် ရဟန်း ဘောင် ၀င်ရခြင်း၏ ပစ္စုပ္ပန်ဘ၀ရရှိနိုင်သော အကျိုးကျေးဇူးများကို ဖော်ပြသော တန်ဖိုးဖြတ်မရသော သုတ္တန်ဒေသနာ တစ်ခု ရှိခဲ့သည်ကိုတော့ ယခုမှ သဘောပေါက်ရသည်။
တန်ဆောင်မုန်းလပြည့်နေ့ နှင့်စပ်ဆက်အဖြစ်အပျက်များ
ကြယ်တွေ စုံသောည၊ နက္ခတ်တာရာများ အားလုံး စုံသောည၊ ဆေးပေါင်းခ-သောည စသည်ဖြင့် ယနေ့ခေတ် လူတို့ ခေါ်ဝေါ်နေကြသည်ကား အခြားမဟုတ်၊ နက္ခတ် ကြယ်တာရာများ စုံလင်နေချိန်တွင် ဆေးဖော်ခြင်း၊ မန္တာန်စီရင်ခြင်း စသည်များ ပြုလုပ်ပါက အောင်မြင်ပေါက်မြောက်နိုင်သည်ဟု ဆရာတို့ ဆိုခဲ့ကြသောကြောင့် ခေတ်စား နေကြဆဲပင်။
No comments:
Post a Comment