(၂၆)ကြိမ်မြောက် ဆီးဂိမ်းစ် အဖွင့်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ ယူ-၂၃ အသင်းသည် ပြိုင်ဘက် လာအိုအသင်းအား (၃-၂)ဖြင့် အနိုင်ရရှိကာ အဖွင့် လှခဲ့သည်။
မြန်မာအသင်းသည် ပွဲချိန် ၁၅မိနစ်ခန့်၌ ဥာဏလွင် ထုတ်ပယ် ခံခဲ့ရ၍ (၁၀)တည်းဖြင့် ဆက်လက် ယှဉ်ပြိုင် ခဲ့ရသည်။ သို့သော် (၃)မိနစ် အကြာတွင်ပင် ကျော်ကိုကိုက ထောင့်ကန်ဘောမှ ခေါင်းတိုက် အဖွင့်ဂိုး စတင် သွင်းယူခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်းက တိုက်စစ်အား ဆက်လက် ဖွင့်ကစား ခဲ့ပြီး ပထမပိုင်း အပြီးတွင် (၁-၀)ဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။ ဒုတိယပိုင်း (၆၆)မိနစ်တွင် လာအို အသင်းက ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူခဲ့၍ (၁-၁) ဖြစ်နေခဲ့ပြီး မိနစ်(၇၀)တွင် ကျော်ကိုကို ဖန်တီးပေးသည့် ဘောလုံးအား မင်းမင်းသူ အပိုင် အသုံးချကာ (၂-၁)ဖြင့် ပြန်လည် ဦးဆောင်ခဲ့သည်။ ထို့နောက် (၇၅)မိနစ်တွင် မြန်မာ ဂိုးဧရိယာ အတွင်း ရှုပ်ယှက်ခတ် နေသည့် အနေအထားမှ လာအိုတို့ တစ်ဂိုး ပြန်လည် ရရှိခဲ့ကာ (၂-၂) ဖြစ်ခဲ့ပြန်သည်။ သို့သော် မိနစ် (၈၀)တွင် မြန်မာအသင်း (၃)မှတ်ပြည့် ရစေမည့် အနိုင်ဂိုးအား ကွင်းလယ်မှ ကြည်လင်း ထိုးပေးသည့် ဘောလုံးအား ရန်အောင်ဝင်းက ဂိုးသမားနှင့် ရင်ဆိုင်အတွေ့ ပါးပါးနပ်နပ် ကန်သွင်းယူ နိုင်ခဲ့သည်။
ထိုရလဒ်ကြောင့် မြန်မာအသင်း အုပ်စုအဖွင့် ရလဒ် ကောင်းမွန်ခဲ့ပြီး ဒုတိယပွဲအဖြစ် နိုဝင်ဘာ (၅)ရက်နေ့တွင် ဗီယက်နမ်နှင့် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။ အခြား ပွဲစဉ်တစ်ခုတွင်မူ ဗီယက်နမ် အသင်းက ဖိလစ်ပိုင် အသင်းအား (၃-၁)ဖြင့် အနိုင်ရရှိခဲ့သည်။
No comments:
Post a Comment