ဖရက်ဒရစ် ကနူတေးအပေါ် မိမိက လူမျိုးရေး ခွဲခြား စော်ကားခဲ့သည် ဆိုခြင်းကို ဆက်စ် ဖာဘရီဂက်စ်က ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောဆိုသွားသည်။
ဆီဗီးလားနှင့် ဂိုးမရှိ သရေကျသော ပွဲစဉ်တွင် လူမျိုးရေး ခွဲခြားခဲ့ကြောင်း စွပ်စွဲ ခံရသည့် ကိစ္စနှင့် ပတ်သက်၍ မိမိသည် အဆိုပါ လုပ်ရပ်မျိုးကို မည်သည့် အခါမျှ ပြုလုပ်မည် မဟုတ်ကြောင်း ဘာစီလိုနာ ကွင်းလယ် ကစားသမားက ပြောကြားခဲ့သည်။ မာလီ လက်ရွေးစင် ကနူတေးသည် အဆိုပါ ပွဲစဉ်တွင် စပိန် လက်ရွေးစင်နှင့် ငြိခဲ့ပြီးနောက် အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ယင်းနှင့် ပတ်သက်ပြီး ဖာဘရီဂက်စ်သည် မိမိအပေါ် လူမျိုးရေး ခွဲခြားခဲ့ကြောင်း ကနူတေးက ဖွင့်ဟ ပြောကြားခဲ့သည်။

ယခုနှစ် နွေရာသီတွင် အာဆင်နယ်မှ နူးကမ့်သို့ ရောက်ရှိလာသော အသက်(၂၄)နှစ် အရွယ် ဖာဘရီဂက်စ်က Twitterမှတဆင့် မိမိသည် ယင်းကိစ္စနှင့် ပတ်သက်လျင် လုံးဝ ကင်းရှင်းကြောင်း ပရိသတ်များထံ အသိပေးခဲ့သည်။ ဖာဘရီဂက်စ်က “တခြား ကစားသမားတွေလိုပဲ ကျွန်တော်ဟာ စင်းလုံးချော ဖြူစင်နေတဲ့ သူတော်ကောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ ဘယ်တော့မှ လူမျိုးရေး ခွဲခြားတဲ့ စကား မပြောဖူးပါဘူး။ လူလူချင်း ခြားနားတဲ့ အမြင်မျိုး ကျွန်တော့်မှာ မရှိခဲ့ပါဘူး”ဟု Twitter တွင် ရေးသား သွားခဲ့သည်။http://www.soccermyanmar.com/ မှ တဆင့် တင်ပြသည်

လူမျိုးရေး ခွဲခြားသည် ဆိုသည့် စွပ်စွဲချက်အား ငြင်းဆန်လိုက်သည့် ဖာဘရီဂက်စ်
ယခုနှစ် နွေရာသီတွင် အာဆင်နယ်မှ နူးကမ့်သို့ ရောက်ရှိလာသော အသက်(၂၄)နှစ် အရွယ် ဖာဘရီဂက်စ်က Twitterမှတဆင့် မိမိသည် ယင်းကိစ္စနှင့် ပတ်သက်လျင် လုံးဝ ကင်းရှင်းကြောင်း ပရိသတ်များထံ အသိပေးခဲ့သည်။ ဖာဘရီဂက်စ်က “တခြား ကစားသမားတွေလိုပဲ ကျွန်တော်ဟာ စင်းလုံးချော ဖြူစင်နေတဲ့ သူတော်ကောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ ဘယ်တော့မှ လူမျိုးရေး ခွဲခြားတဲ့ စကား မပြောဖူးပါဘူး။ လူလူချင်း ခြားနားတဲ့ အမြင်မျိုး ကျွန်တော့်မှာ မရှိခဲ့ပါဘူး”ဟု Twitter တွင် ရေးသား သွားခဲ့သည်။http://www.soccermyanmar.com/ မှ တဆင့် တင်ပြသည်
No comments:
Post a Comment