Sep 17, 2012

Uninstall လုပ်၍ မရသော ပြဿနာ


ညီအစ် ကို တစ်ယောက်က မူလက kasper ကို အသုံးပြုပြီး
Nod 32 ကိုပြောင်းလဲသုံးစွဲ ရာမှာ kasper ကိုဖြုတ်ချလို့ မရဟူသော
အခက်အခဲလေးကို ဖတ်ရှုလိုက်ရလို့ ဒီပို့စ် လေးကို ရေးသားလိုက်ရခြင်းပါ
ဗျာ သိရှိပြီးသား လူတွေကိုတော့ ထုံးစံအတိုင်း sorry ပေါ့ဗျာ.. ( ဟဲ ဟဲ)
ဒီလိုပါ ပဲ တစ်ချို့သော software တွေကို Uninstall လုပ်တဲ့ အခါမှာ
လုပ်လို့ မရဘဲ ပေကပ်ကပ် လုပ်နေတဲ့ အခြေ အနေမျိုး လူတိုင်းကြူံဖူးကြမှာပါ
ကိုယ့် ကွန်ပျူတာ ကို သံယောဇဉ် တွယ်နေတာ လဲဖြစ်နိုင်တာ ပေါ့လေ
စကားကြော လဲနည်းနည်းရှည်သွားပြီ
အောက် ပါအတိုင်း လုပ်ဆောင် လိုက်ပါ ဗျာ
၁။ Start – Run – regedit ဟု ရိုက်ထည့်ပြီး OK
၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။
၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား
Double Click ပါ။ Value Data: အောက်ရှိ Box တွင်
C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။
၎။ Start – Run ထဲတွင် C:\Program Files\WordWeb\uninst.exe
ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း
အဆင့်ဆင့် လုပ်ဆောင်သွား၇ပါမယ်

No comments:

Post a Comment