Aug 13, 2012

Incredible 3D Pencil Drawing

ခဲ့တံနဲ့ ရေးဆွဲတဲ့ အတတ်ပညာဟာ တကယ်စိတ်ဝင်စား စရာကောင်းပါတယ်။ ခဲတံနဲ့ ဆွဲထားတဲ့ပုံကို ကြည့်လိုက်ရင် ဓါတ်ပုံလို အသက်ဝင်အောင် ဆွဲတဲ့ပန်းချီဆရာတွေရဲ့ လက်ရာကိုကြည့်ရတာ ကောင်းပါတယ်။ သင်တွေ့ဖူးသမျှ ခဲတံနဲ့ အသက်ဝင်အောင် ဆွဲထားတာတွေက အခုတွေ့ရမယ့် ပုံနဲ့ယှဉ်လို့မရအောင် ဒီပုံတွေက သင့်စိတ်ကို အံ့သြသွားစေ ပါလိမ့်မယ်။ အခုဆွဲထားတဲ့ ပုံတွေကတော့ 3D ပုံတွေကို ဆွဲရတာ စိတ်ဝင်စားတဲ့ Chile က ၁၈ နှစ်သား Fredo ရဲ့ လက်ရာတွေဖြစ်ပါတယ်။ Fredo က သူ့အသက် ၁၅ နှစ်ကတည်းက ပုံစဆွဲခဲ့တာဖြစ်ပါတယ်။ သူဆွဲတဲ့ပုံတွေကို ဆွဲတဲ့ နာမည်ကြီး ပန်းချီဆရာ M.C.Escher ဆီမှာဒီပညာကို လေ့လာသင် ယူခဲ့ပါတယ်။ သူက Rembrandt, Alex Grey နဲ့ Beksinki တို့ရဲ့ ပုံတွေကသူ့ကို လှုံ့ဆော်ခဲ့ တယ်လို့ဆိုပါတယ်။ ဒီပုံတွေကိုသူ ဘယ်နှစ်နာရီလောက် ကြာကြာဆွဲရသလဲ မေးတော့ သူရဲ့ ပုံတစ်ချို့ဆိုရင် တစ်လလောက် ကြာအောင် ဆွဲရတယ် လို့ဆိုပါတယ်။ အောက်ကတစ်ချို့ပုံတွေမှာ ဓာတ်ပုံရိုက်ပြီး တင်ထားတယ်လို့ ထင်ရအောင် သူရဲ့ခဲတံနဲ့ ဆွဲတဲ့ပုံတွေက လက်ရာပြောင်မြောက် လွန်းပါတယ်။


Source - Fredo of DeviantArt for Images

No comments:

Post a Comment