အိမ်သာအကြောင်း သိကောင်းစရာ
သူဟာ လူ့သမိုင်းကို
အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်တို့လည်း နေ့စဉ် အသုံးပြုနေကြပါတယ်။
သူဟာ မရှိမဖြစ် လိုအပ်ချက်တစ်ခုပါပဲ။ သင် ယခုတောင် သူ့အပေါ် တက်ထိုင်ကောင်း
ထိုင်နေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေအတွက် သူဟာ
လမ်းမညစ်ပတ်အောင်၊ ကိုယ့်ပြဿနာကိုယ်ရှင်းဖို့ တွင်းမတူးနေရအောင်
ကူညီပေးတာထက်ပိုပြီး သူ့အကြောင်းကို သိကြရဲ့လား။
လူသားတွေ ကမ္ဘာကို စတင်ကြီးစိုးတဲ့ အချိန်ကစပြီး လူတွေဟာ သဘာဝရဲ့ စိန်ခေါ်မှုကို ဖြေရှင်းရန် သက်တောင့်သက်သာရှိမယ့် နေရာလေးကို ရှာဖွေခဲ့ကြပါတယ်။ “၇ ရက်မြောက်သောနေ့ ကိုယ်တော် အနားမယူမီတွင် လူသားအတွက် ပြဿနာဖြေရှင်းရန် နေရာတစ်ခုအား ဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင် ချုံပုတ်တစ်ခုကို ဖန်ဆင်းပြီးသကာလ အာဒမ်သည် ထို သစ်ရွက်နန်းတော်ထဲသို့ တမဟုတ်ချင်း ဝမ်းသာအားရ ပြေးဝင်သွားလေတော့သည်။” ဒီလိုအဖြစ်မျိုး တကယ်ဖြစ်ခဲ့ချင် ဖြစ်ခဲ့မှာပါ။
လူသားတွေ ကမ္ဘာကို စတင်ကြီးစိုးတဲ့ အချိန်ကစပြီး လူတွေဟာ သဘာဝရဲ့ စိန်ခေါ်မှုကို ဖြေရှင်းရန် သက်တောင့်သက်သာရှိမယ့် နေရာလေးကို ရှာဖွေခဲ့ကြပါတယ်။ “၇ ရက်မြောက်သောနေ့ ကိုယ်တော် အနားမယူမီတွင် လူသားအတွက် ပြဿနာဖြေရှင်းရန် နေရာတစ်ခုအား ဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင် ချုံပုတ်တစ်ခုကို ဖန်ဆင်းပြီးသကာလ အာဒမ်သည် ထို သစ်ရွက်နန်းတော်ထဲသို့ တမဟုတ်ချင်း ဝမ်းသာအားရ ပြေးဝင်သွားလေတော့သည်။” ဒီလိုအဖြစ်မျိုး တကယ်ဖြစ်ခဲ့ချင် ဖြစ်ခဲ့မှာပါ။
အာဒမ်အနေနဲ့ ဒီလို အစောပိုင်း
အိမ်သာဒီဇိုင်းကို စိတ်တိုင်းမကျ ဖြစ်မိမှာ အမှန်ပါပဲ။ အထူးသဖြင့် မြေကြီးက
အလွန်မာနေတဲ့အချိန်၊ ဒါမှမဟုတ် တူးဖို့ ပစ္စည်းတစ်ခုခု အလွယ်တကူ
မရှိတဲ့အချိန်မျိုးမှာပေါ့။ အဲ့ဒီအချိန်ကစပြီး လူသားတွေမှာ ပြီးပြည့်စုံတဲ့
နောက်ဖေးသွားဖို့ နေရာတစ်ခု ဖန်တီးရန် ခရီးရှည်ကြီး စတင်ခဲ့ကြတာပါပဲ။ Camp
ထွက်နေတုန်း ဘယ်တော့မှ ချုံမတိုးမိပါစေနဲ့။ နောက်နေ့မှာ ကိုယ့်ပစ္စည်းကိုယ်
နင်းမိတာလောက် စိတ်ပျက်ဖို့ကောင်းတာ မရှိပါဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်ကျော်က
အစောဆုံး ရေလောင်းအိမ်သာတွေကို အိန္ဒုမြစ်ဝှမ်းမှာ တွေ့ရှိရတယ်လို့
မနုဿဗေဒပညာရှင်တွေက ဆိုပါတယ်။ ဒါပေမယ့် ကြားထဲမှာတော့ ဒီလို
အညစ်အကြေးစွန့်တဲ့စနစ် ပျောက်ကွယ်သွားခဲ့ပါတယ်။ အလယ်ခေတ် ရောက်တဲ့အခါမှာ
မိလ္လာစနစ်ဟာ ဆိုးရွားလှပါတယ်။ ဒါကြောင့်လည်း အလယ်ခေတ်ကို အမှောင်ခေတ် (the
Dark Ages) လို့ ခေါ်ကြတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ နံနက်စောစောစီးစီး
ဝတ်ရုံအသစ်ကလေးနဲ့ လမ်းလျှောက်ထွက်တုန်း သူများအပုံကြီး နင်းမိလို့
စတိုင်ပျက်ရမယ့် အဖြစ်ကို တွေးမိတိုင်း စိတ်ပျက်ပါတယ်။
ဒါပေမယ့် သူတို့ကိုလည်း
အပြစ်မဆိုသာပါဘူး။ ဘယ်သူကတော့ ညသန်းခေါင် ချမ်းချမ်းစီးစီးမှာ
အိမ်အပြင်ထွက်ပြီး အင်အင်း ပါချင်ပါ့မလဲ။ ကံကောင်းထောက်မစွာနဲ့
တစ်ယောက်ယောက်ကတော့ ဒီလိုမျိုး အညစ်အကြေး အထုပ်ကြီးကို ပြတင်းပေါက်ကနေ
လွှင့်ပစ်တာဟာ အထာမကျဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီကနေမှစပြီး အိမ်သာ
ပြန်လည်ထူထောင်ရေးခေတ် (the renaissance of the flush) ကို
ရောက်တော့တာပါပဲ။

ရေလောင်းအိမ်သာတွေ ပြန်ပေါ်လာဖို့ အချိန်
အနည်းငယ် ကြာခဲ့ပါတယ်။ ရေလောင်းအိမ်သာကို စတင် တီထွင်သူက Thomas Crapper
ဖြစ်ပါတယ်။ အိမ်သာကို ဘန်းစကားနဲ့ crapper လို့ခေါ်ပါတယ်။ ဒါပေမယ့်
အဲ့ဒီစကားလုံးက သူ့ထက်အရင် ရှိနေပြီးသားဖြစ်ပါတယ်။ တကယ်တော့ သူ တီထွင်တာ
ရေလောင်းအိမ်သာ စစ်စစ်တွေ မဟုတ်သေးပါဘူး။ သူက အရင်အိမ်သာတွေထက် ပိုပြီး
user-friendly ဖြစ်အောင်ပဲ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ တကယ့်
ရေလောင်းအိမ်သာကို တီထွင်ခဲ့သူက John Harrington ဖြစ်ပါတယ်။ အိမ်သာကို
ဘန်းစကားနဲ့ john လို့လည်း ခေါ်ပါတယ်။ [အိမ်သာ အခေါ်အဝေါ် အမျိုးမျိုးကို
နောက်ဆက်တွဲတွင် ကြည့်ပါ]
John တီထွင်ခဲ့တဲ့ 1596 ဒီဇိုင်းဟာ ပထမ
အဲလစ်ဇဘက်(သ) ဘုရင်မကြီး (Queen Elizabeth I) ရဲ့ အိမ်သာ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ဘုရင်မကြီးဟာ အသုံးပြုဖို့ ငြင်းဆိုခဲ့တယ်လို့ ကောလဟာလတွေ
ရှိပါတယ်။ ဘုရင်မကြီး အနေနဲ့ ပြတင်းပေါက်ကနေ လွှင့်ပစ်တဲ့
စနစ်ဟောင်းကြီးကိုပဲ သဘောကျနေခဲ့လို့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
လူသားတွေအတွက် အရေးအပါဆုံး တီထွင်မှုကြီးကို အနည်းငယ် ပြင်ဆင်ပြီးတဲ့နောက်
ဆယ့်ကိုးရာစု အရောက်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြပါပြီ။
နောက်ဆုံးမှာတော့ ပြည်သူတွေရဲ့ အဝတ်အစားတွေဟာ ပြတင်းပေါက်က ပျံလာမဲ့
အထုပ်ကြီးတွေရန်က လွတ်ငြိမ်းသွားခဲ့ပါပြီ။
အခုဆိုရင် နေရာတကာမှာ အလွယ်တကူ
အသုံးပြုနေကြလို့ အိမ်သာတွေရဲ့ ဆင့်ကဲဖြစ်စဉ်ဟာ ရပ်တန့်သွားပြီလို့တော့
မထင်လိုက်ပါနဲ့။ အိမ်သာကို အမြဲတမ်း အဆင့်မြှင့်နေကြပါတယ်။
အိမ်သာအမျိုးအစား၊ ဒီဇိုင်းအမျိုးမျိုးနဲ့ ရွေးစရာတွေ အများကြီး ရှိနေပြီ
ဖြစ်ပါတယ်။ ရေအသုံး သက်သာတဲ့ ဒီဇိုင်း၊ တစ်ခါတည်း
မီးလောင်တိုက်သွင်းလိုက်တဲ့ ဒီဇိုင်းတွေ ရှိလာပြီ ဖြစ်ပါတယ်။ Duoset
လို့ခေါ်တဲ့ ဒီဇိုင်းတစ်မျိုးဟာဆိုရင် သင့်ရဲ့ အညစ်အကြေး အနည်းအများကို
လိုက်ပြီး လောင်းချမယ့် ရေအနည်းအများကို ချိန်ညှိနိုင်ပါတယ်။ မောင်းတံနဲ့
ဒီဇိုင်း၊ ခလုတ်နဲ့ ဒီဇိုင်း၊ ကိုယ်အလေးချိန်နဲ့ ဒီဇိုင်း (ထလိုက်တာနဲ့
ရေလောင်းချပေးပါလိမ့်မယ်)၊ ယုတ်စွအဆုံး မြေဆွဲအား သုညမှာ အသုံးပြုနိုင်တဲ့
ဒီဇိုင်းတောင် ရှိပါသေးတယ်။

အခုခေတ်မှာ အချို့ အိမ်သာတွေဟာ iPhone တစ်လုံးလောက်နီးနီး function စုံလာပြီ ဖြစ်ပါတယ်။ နည်းပညာဟာလည်း ရပ်တန့် မနေပါဘူး။ အိမ်သာဟာ ဒီထက်ပိုပြီး ဘာတွေ ကောင်းလာနိုင်ပါသေးလဲ။ ဥာဏ်ထက်တဲ့ မောင်တီထွင် တစ်ချို့ဟာ အခုဆိုရင် လက်ဆွဲအိတ်ထဲ ခေါက်သိမ်းသွားလို့ရမဲ့ ဒီဇိုင်းကို စဉ်းစားနေကြပါတယ်။ နောက်ဆိုရင် လူတွေ အီအီးသေတ္တာလေးတွေ ကိုယ်စီနဲ့ လျှောက်သွားနေကြတာကို မြင်ယောင်နေမိပါသေးတယ်။
Source : Evolootion, The Reader's Digest
http://blkpirate.blogspot.com မှ ပြန်လည် မျှဝေသည်..
No comments:
Post a Comment