Aug 31, 2012

HD ဇာတ်ကားတွေကိုယ်တိုင်ဒေါင်း ရအောင်

နည်းပညာပိုင်းဆိုင်ရာ တွေ မတတ်တော့လည်း အင်တာနက်ပိုင်း ဆိုင်ရာမှာ ကိုယ်လုပ် တတ်သရွှေ့လေးတွေကိုမျှဝေချင်ပါတယ် ။
နားလည်သလိုရေးတင် မိတာဆိုတော့ မဖတ်ကြည့်ခင်ကတည်းက မှားတာရှိရင် ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်..:P
ကျွန်တော်တို့ အပြင်မှာအလွယ်တကူဝယ်ယူကြည့်နေကြတဲ့ နိုင်ငံခြားကားတွေက ရုပ်ထွက်အရည်အသွေးတွေ ကိုလေလျှော့
ချထားကြတော့ ကြည့်ရတဲ့နေရာမှာ ကြည်ကြည်လင်လင်မရှိကြဘူးပေါ့ ။
အရည်အသွေးအပြည့် ဇာတ်ကားတွေကိုအင်တာနက်ကနေဒေါင်းလုပ်ဆွဲပြီး ကိုယ်တိုင်ကြည့်နိုင်မယ်ဆိုရင်တော့ပိုကောင်းမယ် ထင်ပါတယ် ….ဒီမှာက ကွန်နရှင်က တော်တော် ကောင်းတာကိုး ……:P ဒီတော့ကျွန်တော်ဒေါင်းနေကျဆိုက်လေးကို အာလုံးကိုမျှဝေချင်ပါတယ်
ဒီမှာသွားကြည့်ပါ


ရုပ်ရှင် အမျိုးအစားအစုံအလင် ရွေးချယ် နိုင်ပါတယ်ဇာတ်ကားတွေကို တင်ပေးထားတဲ့ ဆိုက်က Mediafire မှာတင်ပေးထားတဲ့အတွက် ဒေါင်းလုပ်ဆွဲရင်Dowload Speed ကောင်းကောင်းရပါတယ်.. တစ်ခါတည်းဒေါင်းလုပ် မပြီးရင်လည်း Resume ပြန်ရတဲ့အတွက်အဆင်ပြေ ပါတယ်။
ရုပ်ထွက်ရည်အသွေး ကောင်းတဲ့ကား တွေဖြစ်တဲ့ အတွက် ဖိုင်ဆိုဒ် တွေကတော့များပါတယ်..
ဇာတ်ကားတစ်ကားကို Zip ဖိုင်တွေနဲ့ ပိုင်းပိုင်းပြီးတင်ပေးထားတဲ့အတွက် ဖိုင်ဆိုဒ်အပေါ်မှာမူတည်ပြီးတော့
အပိုင်းအရည်အတွက်များ နေတတ်ပါတယ် .. ဇာတ်ကားတစ်ကားမှာ အပိုင်း (၄)ပိုင်းရှိတယ်ဆိုရင် အားလုံးစုံအောင် ဒေါင်းပြီးမှာ Part (1) ကို Zip ဖြည်လိုက်တာနဲ့ ကျန်အပိုင်းအားလုံး တစ်ပေါင်းတစည်းထဲဖြစ်သွားမှာပါ
အချို့ရုပ်ရှင်ကားတွေ ကိုဒေါင်းရင် ပထမဦးဆုံးအပိုင်း ဒါမှမဟုတ် နောက်ဆုံးအပိုင်းတွေမှာ Password နဲ့ Lock ချထားတတ်ပါတယ် ..
ပုံမှာပါတဲ့ အတိုင်း Unlock : loadzoow.com ဆိုတာ ပါ့စ်ဝါကိုပြထားတာပါ အဲဒါလေး ရိုက်ထည့်လိုက်ရင် အဆင်ပြေသွားမှာပါ။
လေကျောရှည်လက်စနဲ့ ဆက်ပြောရရင် တစ်ခုရှိပါသေးတယ် ရုပ်ရှင်ဖိုင်တွေကိုဒေါင်းလိုက်ပေမယ့်ကိုယ်လက်ထဲရောက်တော့ MP4/AVI/MKV ဖိုင်တွေဆိုပေမယ့် ဖွင့်လို့ မရဖြစ်နေတတ်ပါတယ် သူ့ Icon ပုံစံကိုက စာရွက်တစ်ရွက်ပုံစံနဲ့ ပါ....
အဲလိုဖိုင်မျိုးကိုကြတော့ မူရင်းဖိုင်ကိုပြန်ဆက်ပေးမယ့် hjsplit ဆိုတဲ့ ဆော့လ်ဝဲလေး ထဲကိုထည့်ပြီး ပြန်ဆက်ရင်ရပါတယ်
Hjsplit ဆော့ဝဲလ် ကိုဒီမှာဒေါင်းနိုင်ပါတယ် http://www.freebytesoftware.com/download/hjsplit.zip
Portable Software ဖြစ်တာကြောင့် သုံးရတာလွယ်ကူပါတယ်။ ဒေါင်းလုပ်ဆွဲယူဖို့လည်းလွယ်ကူပါတယ်

Join buttom လေးကိုနှိတ် လိုက်ရင်…


နောက်ပေါ်လာမယ့် ဘောက်လေးထဲက Input file ကနေ ကိုယ်ဒေါင်းလုပ်ဆွဲပြီးတဲ့ ဖိုင်ကိုရှာ ထည့်လိုက်ပါသူအလိုလိုလည်းရှာပေးပါတယ် ကိုယ်က ရွေးပေးရုံပါပဲ Output ကတော့ ဆက်ပြီးသားဖိုင်ကို ဘယ်မှာထားမယ်ဆိုတာကို ရွေးပေးတာပါ… ပြီးရင် Start လုပ်လိုက်ရုံပဲ …..
Loding တန်းလေးပြည့်တာနဲ့ OK လုပ်ပြီး အဆင်သင့်ကြည့်နိုင်တဲ့ ရုပ်ရှင်ဖိုင်ဖြစ်သွားပါပြီ..
လျှာရှည်တာတွေများသွားပြီထင်ပါတယ်..သိပြီးသား သူများရှိရင်လည်း မှားတာပါရင် ခွင့်လွှတ်ပေးပါလို့ ပြောရင်း အားလုံးအဆင်ပြေနိုင်ကြပါစေလို့…..


No comments:

Post a Comment