Aug 31, 2012

တပို့တွဲ့လပြည့် ( သြ၀ါဒပါတိမောက်အခါတော်နေ့ )


( ဤကျောက်စာတော်သည် ရွှေတိဂုံစေတီပြတိုက်ရှေ့တွင်ရှိသည်
ဦးဘသော်ကောင်းမှုဖြစ်သည် မင်္ဂလာဗြူဟာ၏မြန်မာပြန်မူဖြစ်သည် ၊
သွားတက္ကသိုလ်မှထုတ်ဝေ၍မေတ္တာဗြူဟာအဖွဲ့မှဖြန့်ဝေသည်
စေတီတော် သိမ်တော်တို့၌ထိုကျောက်စာကိုရေးထိုးပူဇော်ကြရန်
တိုက်တွန်ထားပါသည် )
မြန်မာ့တို့၏၁၂လရာသီလများတွင်ဗုဒ္ဓနှင့်ပတ်သက်သောထူးခြားသည်အ
ဖြစ်အပျက်တခုပါရှိမြဲဖြစ်သည်၊
တပို့လပြည့်နေသည်လည်း ဗုဒ္ဓသာသနာတော်တွင်တိုက်ဆိုင်မှုနှင့်အလွန်
ထူးခြားသောအချက် ၃ ချက်ရှိခဲ့ပါသည်၊
၁။ ကဿပညီနောင်ရှင်တထောင် နှင့် အရှင်သာရိပုတ္တရာ၊အရှင်မောဂ္ဂလာန်နှင့်
တပည့် ၂၅၀ အပါအ၀င်စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့ တိုင်ပင်ထားခြင်းမရှိ
ဘဲရောက်ရှိလာကြသည့်အတွက် ဘုရားရှင်က သြ၀ါဒပါတိမောက်ကိုဟောတော်
မူခြင်း ၊
၂။ အရှင်သာရိပုတ္တရာရဟန္တာဖြစ်သောနေ့ဖြစ်ခြင်း
၃။ အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန် ဧတဒဂ် ရသောနေ့ ဖြစ်ခြင်း
ဤသို့အင်္ဂါရပ်နှင့်ပြည်စုံသောကြောင့်တပို့တွဲလပြည်နေ့သည်နေ့ထူးနေ့မြတ်တနေ့ဖြစ်
ပါသည်
ထိုနေ့တွင်သြ၀ါဒပါတိမောက်ဂါဌာကိုဟော်တော်မူသောကြောင့်တန်ပို့တွဲလပြည့်နေကို
”သြ၀ါဒပါတိမောက်”အခါတော်နေ့ဟုသတ်မှတ်ကြပါသည် ၊
သြ၀ါဒပါတိမောက်(ပါဠိ)
(၁)ခန္တီပရမံတပေါတိတိက္ခာ၊နိဗ္ဗာနံပရမံဝဒန္တိဗုဒ္ဓါ၊
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော
(၂)သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
(၃) အနူပ ၀ါဒေါ အနူပ ဃာတော၊ ပါတိမောက္ခေစ သံဝရော။
မတ္တညုတာစ ဘတ္တသမ္မိံ၊ ပန္တဉ္စ သယနာ သနံ၊
အဓိစိတ္တေစ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။ .. ။
မြန်မာပြန်
(၁) လွန်စွာ ချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။
နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။
သူတပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။
သူတပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။
(၂)မကောင်းမှုဟူသမျှကိုမပြုလုပ်ရာ။ကောင်းမှုဟူသမျှကိုပြည့်စုံစေရာ၏။
မိမိစိတ်ကိုသန့်ရှင်းဖြူစင်စေရာ၏။
ဤသည်ကားဘုရားရှင်တို့၏အဆုံးအမတော်ပေတည်း။
(၃)သူတပါးကိုမစွပ်စွဲမပြစ်မှားရာ။
သူတပါးကိုမညှဉ်းဆဲမနှိပ်စက်ရာ။
မြတ်သောသီလ၌စောင့်စည်းလုံခြုံရာ၏။
စားသုံးဖွယ်၌ပမာဏကိုသိရာ၏။
အစွန်အဖျားကျောင်းအိပ်ရာ၌နေရာ၏။
ထူးမြတ်သောစိတ်၌လွန်စွာအားထုတ်ရာ၏။
ဤသည်ကားဘုရားရှင်တို့၏အဆုံးအမတော်ပေတည်း။
အကျဉ်းချုပ်ဆောင်ပုဒ်
* မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စင်အောင် စိတ်ကိုထား။
* ဗုဒ္ဓတိုင်းသာမိန့်ခဲ့တာသုံးဖြာဤစကား
* ခန္တီမူလ၊ မာန်ကိုချ၊ ဒေါသကိုပယ်၊ မေတ္တာလွယ်။ … ။
မြတ်စွာဘုရား၄၅ ၀ါပတ်လုံးဟောကြားသောတရားများကိုအနှစ်ချုပ်လိုက်လျှင်
အထက်ပါဆောင်ပုဒ်လင်္ကာလေးကိုရမည်ဖြစ်သည်၊
မကောင်းမှုရှောင်ကောင်းမှုဆောင်ဆိုသည်မှာ သီလပိုင်းကိုစောင့်ထိန်းခိုင်းခြင်းဖြစ်သည်
စိတ်ကိုဖြူအောင်ထားဆိုသည်မှာ(ဘာဝနာ) ၀ိပဿနာအားထုတ်ခြင်းကိုဆိုလိုပေသည်၊
သီလစောင့်လျှင် ကိုယ်နှင့် နှုတ်ကို မလွန်ကျူအောင် စောင့်ထိန်းနိုင်သည်
စိတ်ကိုနိုင်အောင်ထိန်းရန်အတွက်စိတ်ကလေးဖြူအောင်ထားနိုင်ရန်အတွက် ဘာဝနာအလုပ်ဖြစ်သော ၀ိပဿနာဖြင့်သာစောင့်ထိန်း နိုင်မည်ဖြစ်သည် ၊
သြ၀ါဒ ပါတိမောက် ဂါထာသည် သီလ၊ သမာဓိ၊ ပညာကို ဟောကြားထား၍ ပိဋကတ် သုံးပုံ
အနှစ်ချုပ်တရားဟုခေါ်ဆိုနိုင်ပါသည်။သြ၀ါဒပါတိမောက်ဂါထာအတိုင်းလိုက် နာကျင့်ကြံနေထိုင်ကြပါက
ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးလိမ္မာပြီးလျှင်
အိုနာသေ လွတ်ရာ နိဗ္ဗာန်သို့ မလွဲမုချ ရောက်နိုင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည

No comments:

Post a Comment