Aug 7, 2012

ကဗျာဆန်တဲ့သူ့ ဟန်

မင်းရဲ့သဏ္ဍာန် ကဗျာဆန်လှတယ်

သဘာဆန်တဲ့ သူတို့အလှ

အတိုအကွဲ ဖရိုဖရဲတွေကြား

ထင်းကနဲမြင်တဲ့ မင်းရဲ့ပုံစံ

ဆံကေသာနက်စင်း တံခွက်ခင်း

ဘယ်ညာပါးကွက်ကြားနဲ့

ဇာခြည်စင် ရင်ဖုံးအင်္ကျီ

လိုက်ဖက်ပါဘိ ချိတ်ထဘီ

ရေကျဲသနပ်ခါး တစ်ကိုယ်လုံးနဲ့

မွှေးလိုက်တဲ့ ရနံ့ စွေးစွေးနီ နှင်းဆီခမ်းနှင့်

ကြူကြူသာတဲ့ စကားသံ ချိုလှပါရဲ့ နားဝင်မှာ

ဆင်မရင်သာ လျှောက်တဲ့မာန်က

တစ်ထွာမက မြင့်မြင့်မားတွေကြား

တပြေးညီ ကတ္တီနဲ့ ၀င့်ဝင့်ကြွား

လျှောက်လမ်းကာ ရှုငြီးဖွယ် ရောင်စုံတွေကြား

သူ့အား နောက်နောင် တွေ့ဘူးဟန်မထင်.......။

No comments:

Post a Comment