လှပ ဆွဲဆောင်မှု မျိုးစုံဆိုတာက မိန်းကလေးတွေအတွက် သဘာဝအလှဆိုတာ ရှိပြီးသားပါ။
အ၀တ် အစား အသစ်တွေ၊ အလှပြင်ဆင်မှု နည်းမျိုးစုံတွေကမိန်းကလေးတိုင်းလိုလို သူရဲ့
တစ်ကိုယ်ရေသန့်ရှင်း နေထိုင်မှုအတွက် ပြုပြင်၊ ပြင်ဆင်ကြရတယ်ဆို ပြောပြစရာမလိုအောင် သိပြီးသားပါ။
အဲဒီအကြောင်းအရာကိစ္စတွေထဲကမှ ဆံပင်ပြုပြင်ခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်
သိသမျှနည်းနည်းလောက် ပြောပြပါရစေ။ ဆံပင်ဆိုတာ မိန်းကလေးတစ်ယောက်အတွက်
စတိုင်ကျလှပမှုအခန်းကဏ္ဍမှာ အဓိကအားဖြင့် ပါဝင်နေပါတယ်။ ကျွန်တော်ပြောချင်တဲ့ မိန်းမသားတွေ
အလှအပ အတွက်တစ်ခုခုပြုပြင်ဖို့လိုမယ်ဆိုရင်၊ ထူးခြားသိသာတဲ့ ဆွဲဆောင်မှုတစ်ခုမှာတော့
ဆံပင်အရောင်ပြောင်းလဲခြင်း၊ ဆံပင်ကောက်ခြင်း၊ ဆံပင်ဆံသားပြောင်းလဲခြင်းဆိုတာဟာ
အခြားအရာတွေထက် ပိုပြီး စိတ်လှုပ်ရှားဖွယ်ရာတစ်ခုပါပဲ။ ဆယ်ကျော်သက်မိန်းကလေးများအတွက်
စိတ်လှုပ်ရှားဖွယ် ဆံပင် အရောင် အသွေးအသစ်တွေက လှပ အသက်ဝင်စေပြီး
အံသြငေးမောစေနိုင်တဲ့ အစွမ်းတွေနဲ့အတူ ကိုယ့်အလှအပအပေါ် ယုံကြည်မှုတွေ တိုးတတ်စေတယ်ဆိုတာ
ဆယ်ကျော်သက် မိန်းကလေးများပင်မက ပုရိသယောက်ျားလေးများပင်သိကြပါတယ်။ ဆယ်ကျော်သက်များအနေနဲ့

ဆံပင်အရောင်ဆိုးလိုက်ခြင်းသည် ပိုလှသွားစေနိုင်တာမဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။
ဆံပင်အရောင်ဆိုးလိုက်ခြင်းသည် လူသူအများကြား၌ ထင်းခနဲပိုမိုပေါ်လွင်စေနိုင်သည်။
သို့သော် အလှအပအစစ်တော့မဟုတ်ပါ။ ဒါပေမဲ့ လူတစ်ယောက်၏အလှအပနှင့်
အသွင်အပြင်ဆိုတာ ဆံပင်ပြုပြင်ခြင်းနဲ့ အနည်းငယ်ပတ်သက်နေတာလည်း
လူတိုင်းလိုလိုသိထားသင့်သော အချက်တစ်ချက်ဆိုတာလည်း မေ့ထားလို့မရတဲ့
အကြောင်းအရာတစ်ခုထဲမှာ ပါနေတယ်ဆိုတာပါပဲ။ အဓိကသိသင့်သောအချက်မှာ
မိမိကိုယ်ကိုယ်လှပနိုင်ဖို့အတွက် ဥပမာ- ဆံသားပြုပြင်ခြင်းကြောင့်
မိမိ၏ သဘာဝတည်မြဲလျှက်ရှိသော ရိုးရှင်းသောအလှအပအား ထိခိုက်ပျက်စီးနိုင်မှု ရှိ/ မရှိသတိထားပါ။
မိမိဆံပင်အရောင်ဆိုးခြင်းသည် အရင်သဘာဝဆံသားထက် လှပလိုက်ဖက်သောပြောင်းလဲမှုမျိုးဖြစ်နိုင်မည်လား။
မိမိဆံပင်ကောက်ခြင်းသည် မိမိနဲ့လိုက်ဖက်သော မိမိလိုချင်သော စိတ်ကျေနပ်မှုတစ်စုံတစ်ခုရနိုင်ရဲ့လား။
မိမိဆံသားပြောင်းလဲခြင်းကြောင့် မိမိပတ်ဝန်းကျင်ရဲ့ ချီးကျူးအားကျမှု၊ ပြစ်တင်ဝေဖန်မှုတွေကို
ခံနိုင်ရဲ့လားဆိုတာတွေကို ဆံပင်ပြုပြင်သူ မိန်းကလေးတိုင်းလိုလို သိထားသင့်သော ကိစ္စတစ်ရပ်ပင်ဖြစ်ပါသည်။
ဆံကေသာအလှအပကို နှစ်သက်မြတ်နိုးသောကြောင့် ဤအကြောင်းလေးအားရေးသားခြင်းဖြစ်ပါသည်။
တကယ်စစ်မှန်သော အလှတရားကို ပိုင်ဆိုင်ခြင်ကြသော မြန်မာအမျိုးသမီးတိုင်း ဆံကေသာထိန်းသိမ်းခြင်းဖြင့်
မိမိတို့၏ သဘာဝအလှအပတွေကို ကိစ္စရပ်အနည်းငယ်ကြောင့် မပျောက်ပျက်၊ မပျက်စီးအောင် ထိန်းသိမ်းနိုင်ကြပါစေ။

ဝမ်းနည်းမိသော ကိစ္စတစ်ရပ်ကြောင့် ရေးဖြစ်ခဲ့သော ဆောင်းပါးတိုလေးတစ်ပုဒ်ပါ။
No comments:
Post a Comment