Jul 15, 2012

ဒီညငါ့ရင်ထဲကပရဟိတ

လေအလွင့်ပွင့်စံပယ်တို့ဖြုတ်ဖြုတ်ကြွေ
ငါ့ရင်ထဲလဲ
တတိယမြောက်အသဲမွှာလေးကြွေနေသလိုပဲ
ဘာပြောပြော ဒီနေ့ညငါတွေ့ထိခံစားမိတာတော့
HIVဆိုးချက် လက်သင့်မခံချင်စရာပေါ့
ကလေးငယ်တွေ
အညွန့်ပျက်သုဉ်း လူညွန့်မပေါ်တော့တဲ့လူငယ်တွေပေါ့
အမိုက်ထိပ်မှာ မိုက်တပ်ထားတဲ့ လူကြီးတွေပေါ့
လောကပေါ်နတ်ဆိုးတို့စစ်ခေါ်သံငါကြားတယ်
HIVလေဆိုးတို့ တဟူးဟူးတိုးသံငါကြားတယ်
ကလေးငယ်တို့အမွေဆိုး မတောင်းပဲပြည့်နေကြရော့
တော်တော့်ကိုညနက်ခဲ့ပြီ......
ၼၼၼဤကမာၻေပၚ
လောကသုံးပါးအပေါ်
လူ့နီတိအပေါ်
တဟူးဟူးစီးတိုး HIVအမွေဆိုးတွေ
သြော် တတိယအသဲမွှာပေါ်တပေါက်ပေါက်နဲ့ကြွေကျ
တတိယလှိုင်းကလူငယ်တွေဘ၀ရယ်
အတိ သတိ မရှိသေးတဲ့လူမမယ်ကလေးများတို့ရယ်
သင်တို့ဘ၀ ပရဟိတဖြစ်ချိန်
ငါကိုယ်တိုင်ကောက်ရိုးမြှင်တစ်စဖြစ်ခွင့်ရချင်တယ်....။      ။

No comments:

Post a Comment