Jul 15, 2012

ကာရန်မဲ့ကဗျာ

ဘ၀ကပေးတဲ့မိတ်ဆက်စာ

ပဟေဋ္ဌိ ပုစ္ဆာတွေနဲ့ ပြည့်နှက်နေတဲ့


ဘ၀သံသရာကြီးကို


လှေကားထစ်ပေါင်းမြောက်များစွာ


အတက်အဆင်း ၊ အနှိမ့်အမြင့် ပုံစံအမျိုးမျိုးဖြင့်


ရုန်းကန်ဖြတ်သန်းခဲ့တာ


အချစ်ကိုတောင်နားလည်လာပြီလေ…………..။


ကျော်လွန်ခဲ့တဲ့


ဥတုသုံးရာသီ နှစ်လချီက


အချစ် ၊ အလွမ်း ၊ တမ်းတမှု


မျှော်လင့်ချက်တွေကိုသာ စိုက်ပျိုးခဲ့မယ်ဆိုရင်


ကမ္ဘာမြေပေါ်တွင်


နေရာလပ်တောင်ရှိနိုင်မယ်မထင်………………။


မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့်


လှိုင်းလုံးများကြား လူးလွန့်နေတဲ့


လှေငယ်တစ်စင်းလို ၅၂၈ နှင့် ၁၅၀၀ ကြား


အခက်အခဲပေါင်းမြောက်များစွာနဲ့


စတင်ရွက်လွှင့်တဲ့အချိန်လည်းရောက်ခဲ့ပေါ့………………။


မုန်တိုင်းငြိမ်သက်ပြီး


ကမ်းမမြင်လမ်းမမြင်ဘ၀မှ


၁၅၀၀ နှင့် ၅၂၈ အချစ်များပူးပေါင်း၍


၂၀၂၈ ဆိုတဲ့သာယာလှပတဲ့


အချစ်ကျွန်လေးတစ်ကျွန်းသို့သာ


လုံလ၀ီရိယဖြင့်


ကြိုးစားကူးခတ်သွားချင်နေပြီလေ………….။


အစွန်းအထင်းမရှိသော


အဖြူရောင်ပန်းချီကားတစ်ချပ်တွင်


ပုံသဏ္ဏာန်အမျိုးမျိုး ဆေးရောင်အဖုံဖုံတို့ ဖြင့်


စိတ်တိုင်းကျရေးဆွဲပြီး အတိတ်ကဖြစ်ရပ်များကို


ပြန်လည်လွမ်းမော် တမ်းတချင်သေးရဲ့……………….။


ဘ၀ဇာတ်ခုံ လက်တွေ့ ပုံဖော်ရသူမှာတော့


ကြိုးစားမှုကို လက်ခုပ်သံများဖြင့်


အသိအမှတ်ပြုခြင်းခံရဖူးသလို


ကဲ့ရဲ့ခံရခြင်းများလည်း ရှိခဲ့တယ်လေ………………..။


ဆူးငြောင့်ခလုတ်တွေနဲ့ 


ပြည့်နှက်နေတဲ့ ဘ၀ခရီးလမ်းမှာ


နှလုံးသားကိုစတေးခံပြီး


ကာရန်မဲ့ကဗျာတစ်ပုဒ် ထုစစ်၍


ကြိုးစားလျှောက်လှမ်းရမယ်လို့ သာ


သင်ခန်းစာအသစ်တစ်ခု ရလိုက်လေရဲ့………………….။ ။


No comments:

Post a Comment