Jul 22, 2012

အိမ်ပြေး

အိမ်ပြေးတယ်ဆိုတာ အရေးကြီးတဲ့ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အမေရိကန်မှာ အသက်၁ဝ-၁၈နှစ်ကြား ကလေး ခုနစ်ယောက်မှာတစ်ယောက်ဟာ အိမ်ပြေးပါတယ်။ အမေရိကန်မှာ အိမ်ပြေး ကလေးပေါင်း တစ်သန်းကနေ သုံးသန်းအထိရှိပါတယ်။ အိမ်ပြေးထဲက တခိျု့ကလေးတွေက သူငယ်ချင်းတွ အိမ်မှာခိုနေကြတယ်။ တချိုကလေးတွေကအမျိုအဆွေတစ်ယောက်ယောက်အိမ်မှာ ခိုနေကြတယ်။ တချိုကြကလေးတွေက မိဘအိမ်ပြန်လာပြီး နေကြသလို တချိုကလေးတွေကျတော့ လမ်းဘေးရောက်သွားကြတယ်။တချိုကလေးတွေကျတော့ လုံးဝကို ရှာမရစုံးစုံးမြုပ် ပျောက်ကွယ်သွားကြတယ်။

ဘာကြောင် အိမ်ပြေးလဲ
၁။ ပထမဆုံး အကြောင်းရင်းက အိမ်မှာ ပြဿနာရှိလို့ အိမ်နဲ့အဆင်မပြေလို့ဖြစ်ပါတယ်၊ မလုံခြုံလို့(ဥပမာ – ပထွေး၊ မိထွေးကနှိပ်စက်လို့)၊ မိဘချင်း ရန်ဖြစ်နေလို့၊ညီအစ်ကိုမောင်နှစ်မချင်း ရန်ဖြစ်လို့။ မိဘချင်း ကွာရှင်းပြတ်စဲထားလို့၊ ပထွေး၊ မိထွေးကို မလိုချင်လို့၊အိမ်မှာ မိသားစု ငွေရေးကြေးရေးအဆင် မပြေလို့ စည်းကမ်းတင်းကျပ်လွန်းလို့ စတဲ့အကြောင်းရင်းတွေကြောင့် ကလေးတွေဟာအိမ်ကနေထွက်ပြေးကြပါတယ်။
၂။နောက်ထပ်အကြောင်းရင်းတစ်ခုကကျောင်းပညာရေးမှာ အဆင်မပြေလို့ ဖြစ်ပါတယ်။ ကျောင်းမှာ အနိုင်ကျင့်ခံရလို့၊ အစခံရလို့၊အရမ်း အလုပ်လုပ်ရလို့၊ အရမ်းလွယ်လွန်းလို့၊ ဆရာနဲ့ အဆင်မပြေလို့၊ စာမလိုက်နိုင်လို့၊ စာမေးပွဲကျလို့၊ သူငယ်ချင်း မရှိလို့ဖြစ်ပါတယ်။
၃။တတိယမြောက်အကြောင်းရင်းကတော့ အရက်သောက်၊မူးယစ်ဆေးသုံး၊ ပစ္စည်းခိုး၊ အိမ်ဖောက် စတာတွေကြောင့် ဖြစ်ပါတယ်။
၎။စတုတ္တမြောက်အကြောင်းရင်းကတော့ ရည်းစား၊ ချစ်သူနဲ့အဆင်မပြေလို့ ဖြစ်ပါတယ်။ အသည်းကွဲလို့ ချစ်သူရဲ့ စွန့်ပစ်ခြင်းခံရလို့ စကားများ ရန်ဖြစ်လို့ ဖြစ်ပါတယ်။

အိမ်မပြေးခင်စဉ်းစားဖို့ 
၁။အိမ်က မထွက်ခင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့၊ စဉ်းစားဖို့ကငါ အိမ်က ထွက်သွားရင် ဘာတွေများ တိုးတက်မှု ရှိနိုင်မလဲ။
၂။ ငါအိမ်မှာနေဖို့ ဘာတွေလုပ်ရမလဲ။
၃။ အိမ်ကနေ ထွက်ပြေးပြီးငါဘယ်လို ရှင်သန်ရမလဲ။
၎။ အိမ်က ထွက်ပြေးရင်လုံခြုံပါ့မလား။
၅။ ငါ့ရဲ့ အတွေးတွေဟာ စိတ်ကူး ယဉ်ဆန်နေလား၊ လက်တွေ့ ကျနေလား။
၆။ ငါ့ကို ကူညီဖို့ ဘယ်သူတွေများရှိမလဲ။
၇။တကယ်လို့ ငါဒုက္ခရောက်ခဲ့ရင် ဘယ်သူတွေကို အကူအညီတောင်းရမလဲ။ ဘယ်သူ့ဆီသွားရမလဲ။
၈။ ငါ အိမ်ပြေးပြီးမှ အိမ်ကိုပြန်လာရင် ဘာတွေဖြစ်မလဲ။
၉။ အိမ်၊ကျောင်းမှာရှိတဲ့ကိုယ့်ထက်အသက်ကြီးတဲ့သူတွေဆီကအကြံညဏ်နဲ့အကူအညီကိုတောင်းပါ။

ကိုယ်သူငယ်ချင်း အိမ်ပြေးဖို့ ပြောနေရင်
၁။ တကယ်လို့ ကိုယ့်သူငယ်ချင်းက အိမ်ကနေ ထွက်ပြေးဖို့လာတိုင်ပင်နေရင် သူရော၊ ကိုယ်ရော သိကျွမ်းလေးစားရတဲ့လူကြီးတစ်ယောက်နဲ့ တွေ့ပြီး တိုင်ပင်ဆွေးနွေးဖို့ လုပ်ပေးပါ။
၂။ တကယ်လို့သူက ကိုယ်ပြောတာကို လက်မခံရင်၊ ထွက်ပြေးဖို့ပဲ လုပ်နေရင် သူလေးစားရတဲ့ လူကြီးတစ်ယောက်ကို အဲဒီ အကြောင်း ပြောပြလိုက်ပါ။
အိမ်ပြေးသမားတွေရဲ့လက်တွေ့ ဘဝ
အိမ်ကနေ ထွက်ပြေးတာဟာပျော်စရာအတော်ကောင်းမယ်လို့ထင်ချင်ထင်မယ်။ ကိုယ်စားချင်တာစား၊ လုပ်ချင်တာလုပ်လို့ရမယ် ထင်ပေမယ့် တကယ့်တကယ်တမ်းမှာတော့ . . .
၁။ နေစရာ မရှိဘူး။
၂။ ကြောက်ကြောက်ရွံ့ ရွံ့ နေနေကြရတယ်။
၃။ကိုယ့်ထက်အသက်ကြီးတဲ့သူတွေရဲ့ အနိုင်ကျင့်တာကို ခံကြရတယ်။
၎။ စားဖို့၊ သောက်ဖို့အတွက်ပိုက်ဆံမရှိဘူး။
၅။ အိပ်ဖို့အတွက် နေရာမရှိဘူး။
၆။ အစာစားဖို့၊ သွားဖို့လာဖို့အတွက် ခိုးဝှက်တာတွေ၊ မလုပ်ချင်တာတွေ လုပ်ကြရတယ်။
၇။ အနားယူဖို့ နေရာကောင်းကောင်း မရှိဘူး။
၈။ ကိုယ့်ပစ္စည်းပစ္စယတွေထားဖို့ နေရာမရှိဘူး။ ကိုယ့်အဝတ်တွေလျှော်ဖို့  နေရာမရှိဘူး။
၉။ အမြဲတမ်း စိုးတထိတ်ထိတ်နဲ့ နေထိုင်နေရတယ်။ သူများဆီမှာနေရင်လည်း သူများမျက် နှာကြည့်ပြီး နေနေရတယ်။
၁ဝ။ ကိုယ့်ကို နွေးထွေးကြင်နာစွာနဲ့ ပြုစုယုယမယ့်သူ မရှိဘူး။ အိမ်ကနေ ထွက်ပြေးတာဟာထွက်ပြေးတဲ့ ကလေးအတွက်အရမ်းဒုက္ခရောက်ပြီး အရမ်းလည်းအန္တရာယ်ကြီးပါတယ်။ မပြေးခင်အရင်စဉ်းစားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ထွက်ပြေးသွားခဲ့ရင်လည်း အိမ်ကို အမြန်ဆုံး ပြန်လာသင့်ပါတယ်။

No comments:

Post a Comment