Jul 23, 2012

မျောက်အိုကြီးအတွေး


မျောက်အိုကြီးအတွေး
တောထဲက ကမ္မဌာန်းကျာင်း
တောင်စောင်းလေးတခုပေါ်မှာ
တပါးတည်း သီတင်းသုံး
သံသရာလွတ်အောင်ရုံးနေတဲ့ဦဇင်း
ဆွမ်းသစ်သီးရှာရင်းနဲ့ ကျုပ်ကိုကောက်ရ
အမြင့်ကပြုတ်ကျလို့မထနိုင်
မျောက်သစ်ကိုင်းလွတ်လို့ဗျ
ပေါင်ကျိုးဘ၀ရောက်ရပေါ့။
ဘ၀က ဆိုးပေမဲ့
ပေါင်ကျိုးကိုညှာတဲ့ ဦးဇင်းလေး
ရေလေးခတ် သပိတ်ဆေးပေး
ဒါလေးတော့ လုပ်ပေးရရဲ့။
အဝေးက ပြန်လာရင်
မောလာတယ် ထင်ပါရဲ့
နှက်တာက ငယ်ထိပ်ခေါက်
တစ်ချက် လောက်ဆိုပေမဲ့
ခံရသူက ဘုထွက်
နည်းနည်းတော့ မျက်တာပေါ့ဗျာ။
တရက်ပြီးတရက်နဲ့နှစ်တွေပြောင်း
မချစ်လဲ ပေါင်းနေရတာ ကျုပ်ဘဝ
အဟင်း.. ဆုတောင်းလိုက်ရ
မကောင်းဘဲ နေတော့မယ်
မြန်မြန်သေပါစေ ဟယ်လို့။
ကိုယ့်ဆုတောင်းက ပြည့်တာလား
သူ့သက်တမ်း ကစေ့တာလား
အဖျားတက် သေသွားတော့
အဟား..ငါ့ဘ၀တော့သွားပြီ
မှားပြီဟဲ့ ဆုတောင်း
ထောင်းတာက တော်သေး
ရှာကျွေးမဲ့ သူလဲမရှိ
ဘ၀ဟာ ဒုက္ခအတိပါလို့
သူရွတ်ရွတ် နေတာ မှန်ပါ့ဗျာ။
ကံကောင်းတာလား
ကံဆိုးတာလား
နောက်ဆရာတပါး
ရောက်လာပြန်ပေါ့
ခေါက်တာကတော့ နှစ်ပြန်ကဲ
ဆဲဆဲဆိုဆိုက လုပ်သေးရဲ့။
ကျုပ်လဲတည့် အောင်ပေါင်းပေမဲ့
ကျောကိုထောင်းတဲ့အပြင် ခေါင်းကိုရိုက်
ရေထဲမှာ အမှိုက်ပါလို့ဆိုပြီး
အဟီးဟီး ငါ့ဘ၀။
မျောက်ဖြစ်မှ ပေါင်ကျိုး
တောတောင်ထဲ ပြေးလို့လဲမဖြစ်
သူချစ်မှ စားရမှာ။
သည်တော့ကာ စိတ်နာပေမဲ့
သေပါစေ ဆုမတောင်းရဲ
နောက်ငနဲလာရင် သုံးချက်ခေါက်မှာစိုးလို့။
အခုလဲဗျာ ဆုတောင်းတာအခါခါပါ
ဘယ်ဆရာဘဲလာလာ ရေရှာတာကျုပ်တာဝန်ထား
အနားမှာနေပြုစု တယုတယထားပါ့မယ်
ခဏခဏ ၇ိုက်ရင်လဲရိုက်
ကြိုက်တာသာ လုပ်ကြပါတော့
မသေမီ ခဏလေးမှာ
အစာလေးတော့ ၀၀လေးကျွေးကြပါဦး။

No comments:

Post a Comment