မြန်မာသက္ကရာဇ်-၁၃၇၃-ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်၊တနင်္ဂနွေနေ့၊ (၂၅-၁၂-၂၀၁၁)၊ မှာ၊
ကရင်အမျိုးသားများရဲ့ - ၂၇၅၁- နှစ်မြောက်နှစ်သစ်ကူးနေ့ဖြစ်ပါတယ်၊
လူမျိုးတိုင်းမှာ သူတို့လူမျိုးစုအကြီးအကဲများမှ ဟိုရှေးယခင်ကာလထဲကသတ်မှတ်ထားခဲ့တဲ့ ပွဲတော်တွေထဲမှာ၊ နှစ်သစ်ကူးပွဲဆိုတာလဲ
အပါအ၀င်ဖြစ်ခဲ့ပါတယ်။
ဘာသာတွေအမျိုးမျိုးကွဲပြားကြသော်လည်း၊ ကရင်ဟာ ကရင်သာဖြစ်ကြလို့၊ ကရင်လူမျိုးစုအားလုံးပါဝင်ဆင်နွှဲတဲ့ကရင်နှစ်သစ်ကူးပွဲကို၊
နှစ်စဉ် ပြာသိုလဆန်း(၁)ရက်နေ့ရောက်တိုင်း၊ အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ ကရင်လူမျိုးအားလုံး ပါဝင်ဆင်နွဲနေကြမှာပါ၊
မိမိလူမျိုးရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံများကို မတိမ်ကော မပပျောက်ရလေအောင်ကြိုးစားထိမ်းသိမ်းရမှာက၊
လူမျိုးစုတိုင်းရဲ့တာဝန်ဖြစ်ပါတယ်
ဘာသာရေးမရောနှော၊ နိုင်ငံရေးမစွက်ဖက်၊ လေးစားစရာကောင်းတဲ့မိမိတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို၊ အနာဂါတ်ရဲ့ ကြယ်ပွင့်လေးများဖြစ်ကြတဲ့ လူငယ်များအတွက်၊ လက်ဆင့်ကမ်းသယ်ဆောင်သွားနိုင်အောင်၊ သမိုင်းအထောက်အထားများနဲ့ ဟောပြော
ကြရာမှာ၊ မိမိတို့လူမျိုးရဲ့သမိုင်းကြောင်းများ၊ ၀တ်စားဆင်ယဉ်မှုများ၊ စာပေနှင့်ဘာသာစကားများ စတဲ့အကြောင်းအရာများကို ထည့်သွင်း
ဟောပြောကြပြီး နောင်လာမည့်အနာဂါတ်ရဲ့မျိုးဆက်သစ်လူငယ်များအတွက် ဗဟုသုတဝေငှကြခြင်းဖြင့် အနှစ်သာရပြည့်ဝတဲ့ နှစ်သစ်ကူး
ဖြစ်အောင် ကရင်လူမျိုးစုများမှ ဆောင်ရွက်လျှက်ရှိနေတာကို တွေ့မြင်ကြားသိရပါသောကြောင့် ၀မ်းသာမိသလို၊ ၂၇၅၁ - ခုနှစ်မှသည်
နောင်နှစ်ပေါင်းများစွာ၊ အနှစ်သာရပြည့်ဝသောနှစ်သစ်ကူးပွဲများကျင်းပနိုင်ပါစေ၊ အားလုံးလဲ လိုရာဆန္ဒပြည့်ဝကြပါစေလို့ နှစ်သစ်ကူးမှာ
ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်။

No comments:
Post a Comment