eel
မြန်မာမှာ ‘‘ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး’’ လို့ရှိတယ်။ အနောက်နိုင်ငံသားတွေလည်း ဆံပင်မှာ ခွန်အားရှိတယ်လို့ ယူဆကြပါတယ်။ ဂရိရှေးဟောင်းဒဏ္ဍာရီမှာ သူရဲကောင်းတစ်ယောက်ရဲ့ အားနည်းချက်ဟာ ခြေဖနောင့်မှာလို့ ဆိုထားပါတယ်။ လူတစ်ယောက်ကို Achilles Heel လို့ပြောလိုက်ရင် သူ့ရဲ့အားနည်းချက်ကိုဆိုလိုတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်လောက်ကြံ့ခိုင်တယ်ပြောပြော ပျော့ကွက်ကတော့ရှိ နေတတ်ပါတယ်။ အလားတူ ကုမ္ပဏီအဖွဲ့အစည်း၊ စစ်တပ် တစ်တပ် စတာတွေမှာလည်း ပျော့ကွက်လို့ခေါ်တဲ့ အားနည်းချက် တစ်ခုခုတော့ ရှိနေတတ်ပါတယ်။ သစ္စာဖောက်တစ်ယောက်ဟာ ရန်သူကို လျှို့ချက်ဖော်ထုတ်ပေးလိုက်လို့ ပျော့ကွက် (အားနည်းချက်) Achilles Heel ကိုသိသွားပြီး၊ ဖြိုခွဲလို့မရနိုင်တဲ့ ခံတပ်ကို ဖြိုခွဲနိုင်လိုက်တယ်ဆိုတာကို ဒီလိုသုံးစွဲသွားပါတယ်။
The traitor disclosed to the enemy the underground tunnel, the Achilles Heel, in the otherwise impregnable fort.

No comments:
Post a Comment