Dec 2, 2011

အီဒီယံအသုံးအနှုန်းများ

‘‘ခေတ်ရှေ့ပြေး’’ ဆိုတာရှိပါတယ်။ စိတ်ကူးအကြံအစည်၊ အတွေးအခေါ်၊ တီထွင်မှုစတာတွေ သူများတကာထက် ရှေ့ရောက်နေတာ၊ ခေတ်ရှေ့ပြေးတာ၊ ခေတ်အမြင် ခေတ်အတွေးရှိတာ၊ အခြေအနေ (ကာလ) တစ်ခုမှာ သူများမတွေးဘူးတာ၊ မကြံစည်ဘူးတာတွေကို တွေးတောကြံဆ စိတ်ကူးနိုင်တာကို ahead of the times လို့ပြောပါတယ်။ မဟာတီထွင် ဖန်တီးရှင်ကြီးတွေဟာ သူတို့ခေတ် သူတို့အခါမှာ ရှေ့တန်း ရောက်အောင် လုပ်ဆောင်ပြနိုင်ခဲ့လို့ ဒီစကားနဲ့ဂုဏ်ပြုသုံးစွဲခဲ့ပါတယ်။ ခေတ်တစ်ခေတ်မှာ တီထွင်ဖန်တီးရှင်ကြီး တွေ ဖြစ်ခဲ့ကြရတဲ့ သူတွေဟာ နှောင်းတစ်ခေတ်ရောက်ရင်တော့ ဘယ်လောက်ပဲ ahead of the times ဖြစ်ခဲ့ပါစေ အမေ့ခံတွေ ဖြစ်သွားရတတ်ပါတယ်။
All great inventors were ahead of their time.

No comments:

Post a Comment