ညစဉ်ရက်သော်
မှေးစက်မပျော်ခဲ့
သူ့...အပါးမှ
သြော်...တဒင်္ဂမခွါ
အလွမ်းအိပ်ယာထက်
နေ့စဉ်ရက်ဆက်..ငါ့..ကို
ရစ်ပတ်နေခဲ့တယ်“.....”ရယ်
ကြယ်စင်အလှဝန်ရံခလည်း
ညကနှိပ်စက်နေဆဲပဲ
အသဲ(ည်း)ကွဲမှာကိုတွေးပူ
နှလုံးသားကို.....သူ....က
ဖေးကူနိုင်ပါ့မလားနဲ့ပေါ့.....။
တစ်ယောက်တည်းရှိခဲ့ဖူးတဲ့
ငါ့...ရဲ့ ကြင်နာသူလေးရယ်
ရင်ခုန်သံတွေမရပ်သေးသရွေ့
အသက်ငွေ့ငွေ့လေးကျန်ခဲ့တဲ့အထိ
တစ်ဘ၀စာအတွက်
မှတ်မှတ် ရရ ရှိနေမှာပါ
အဲ့တာ“....” ကိုအရမ်းချစ်တယ်ဆိုတာပဲ..........။
No comments:
Post a Comment