မွေးချိန်က အစပြု
တယုတယနဲ့ ချစ်ခင်
အပြစ်မမြင်တဲ့မိဘ
ဘ၀အစမှာ ပညာရဖို့
အစစသွန်သင် စာသင်ခဲ့ဆရာအပေါင်း
ကျောင်းတုံးကသူငယ်ချင်း
ငယ်ရောင်းရင်းတွေနဲ့
ရေရှည်မှာလက်တွဲ
အလုပ်ထဲက သူငယ်ချင်းအပေါင်းကို
တောင်းဆုပြု အခါခါခြွေ
သာစေဖို့ ဆုတောင်းပေးနော်
ယူ့အကြောင်းတွေးပြီး ကဗျာရေး
ဝေးတာကတော့ တကမ္ဘာစီပါ
စာခင်တာ တူတဲ့သူငယ်ချင်းမို့
ရင်းနှီးစွာ ဆုပေးခြင်တယ်
အသက်ငယ်တုန်းမှာကြိုးစား
ရိုးရိုးသားသားနေထိုင်
အပြိုင်အဆိုင်တွေရှောင်ပြီး
လိုရာပန်းတိုင်ရောက်ပါစေသူငယ်ချင်း။
No comments:
Post a Comment