တို့နှစ်ယောက်...
ချစ်ခဲ့ကြတာ..
ကိုယ့်သဘောနဲ့ကိုယ်ပါ..
ကြားလူတွေကိုဆွဲမထည့်နဲ့
နွေနေ့လည်အပူတောမှာ..
ငါ့အတွက်နင်အေးရိပ်ဖြစ်ခဲ့တယ်...
လွမ်းနှင်းတွေဖွဲဖွဲကျတဲ့ဆောင်းမှာလည်း
နင်ဟာ ငါ့ကိုဖယ်ခွာမသွားဘူး
အညှိုးကြီးစွာသွန်ချတတ်တဲ့မိုးသက်လေပြင်းတောင်
နင့်အတွက် ပန်းပွင့်လေးတွေဖြစ်ခဲ့တယ်...
တကယ်ဆိုရင် ငါလေ...
နင်မသိနိုင်တဲ့မမြင်ကွယ်ရာတစ်ခုကနေ...
နင့်အတွက်လွမ်းဆွေးခြင်းတွေရင်ဝယ်ပိုက်လို့
ရှိုက်ကြီးတငင်ငိုယိုနေတဲ့အဖြစ်ကိုနင်သာသိခဲရင်
ငါ့ကို ထားသွားရက်မှာလား ????
အော်....... ခုတော့...
နင်ပေးခဲ့တဲ့ အချစ်ပြက္ခဒိန်လေးတောင် အခု...
အချစ်သက္ကရဇ် တစ်ထောင့်ငါးရာပြည့်ဖို့.......
နင့်ရဲ့"အနမ်းတစ်ပွင့်"သာလိုတော့တာ နင်သိခဲ့ရင် ♥♥♥♥
No comments:
Post a Comment