Dec 1, 2011

ဘယ်အရာနဲ့မှနှိုင်းတုလို့မရနိုင်


ဘယ်ချိန်ဘယိခါမှသာလျှင်...မေမေ့ရင်ခွင် နားခိုနိုင်ပါ့မလဲ?
မေမေ........ မိုးပေါ်ကဖိုးလမင်းကြီးကိုကြည့်မိတိုင်း...အိပ်ရာဝင်စဉ် ဆိုတေးလေးတွေနဲ့ ချော့သိပ်ခဲ့ဖူးတဲ့။ မေမေ..
မေမေ.........မေမေရဲ့မျက်နှာပေါ်ကအပြုံးဟာ ကောင်းကင်ထက်က လပြည့်ဝန်းနဲ့ ..တူပါတယ်။
မေမေ့ရဲ့ရွှင်လန်းနေတဲ့မျက်နှာလေး ကြည့်စဉ်တိုင်း..ရင်မှာအေးမြနေလေရဲ့. ။ ငယ်စဉ်ကလေးဘ၀ကိုပြန်တွေးတိုင်း
ဒီချိန်မှာ ငတ်မွတ်နေတဲ့ မေမေ ရဲ့ကြင်နာယုယမှုတွေ အနွေးထွေးဆုံးရင်ခွင်နန်းတော်ကြီးကို ပြန်လည်လာဖို့ သား
ကြိုးစားရအုန်းမယ်မေမေ.. မပြည့်စုံသေးတဲ့သားဘ၀က.. ရွတ်မရှိတဲ့လှေနဲ့တူပါတယ်...ရေရဲ့ဦးတည်ရာ လိုက်မျောရင်း
ဘယ်သောင်မှာဆိုက် .. ဘယ်ကမ်းရောက်ရမှန်းမသိတဲ့သားဘ၀.. မလွယ်ကူလှပါ..
မေမေ လူစင်မှီအောင် ပြုစုပျိုးထောင်ပီး လူ့လောကထဲအရောက်ပို့ပေးခဲ့တဲ့ မေမေ့ရဲ့ မေတ္တာတရားတွေ..သားဆပ်အုန်းမှာပါ။
မေမေ မေမေနဲ့ဝေးကွာနေချိန် နေ့တွေ လတွေ နှစ်တွေ ကြာသည့်တိုင်ကြာလာတော့လည်းမေမေ့ရင်ခွင်ကိုသာ တမ်းတပြီပေါ့..

No comments:

Post a Comment