မကောင်းမူကို ပြုသူသည် ဤပစ္စုပ္ပန် ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။ နောင်တမလွန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏။ ပစ္စုပ္ပန် တမလွန် နှစ်ဘ၀လုံး၌ စိုးရိမ်ပူပန်ရ၏။ ထိုသူသည် မိမိ၏ညစ်ညူးသော အကုသိုလ်ကံကြမ္မာကို မြင်၍ စိုးရိမ်ပူပန်ရ၏။ ကောင်းမူပြုသောသူသည် ပစ္စုပ္ပန်ဘ၀၌လည်း ၀မ်းမြောက်ရ၏။ တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏။ နှစ်ဘ၀လုံး၌ပင် ၀မ်းမြောက်ရ၏။ မိမိ၏ စင်ကြယ်သော ကုသိုလ်ကံကို မြင်၍ ၀မ်းမြောက်ရ၏။ ပို၍ ပို၍ ၀မ်းမြောက်ရ၏။ စိုးရိမ်ပူပန်ရသည်နှင့်အမျှ ပင်ပန်းရ၏။
No comments:
Post a Comment