Dec 4, 2011

မြတ်စွာဘုရားရှင် ၏ ၉ပါးဂုဏ်တော်


(၁)။ အရဟံဂုဏ်တော်
    ကိလေသာမှဝေးကွာခြင်း၊ ကိလေသာရန်သူကို သတ်တတ်ခြင်း၊ သံသရာလည်ပတ်ခြင်းကို
    ဖျက်စီးတတ်ခြင်း၊ အပူဇော်ခံထိုက်ခြင်း၊ ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို မပြုခြင်း။
(၂)။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်
     တရားအားလုံးကို ဆရာ မ၇ှိဘဲ ပါရမီစွမ်းအားကြောင့် မိမိအလိုလို မှန်ကန်စွာ သိတော်မူခြင်း။
(၃)။ ၀ိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်
     အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။
(၄)။ သုဂတဂုဏ်တော်
     နိဗ္ဗာန်သို့ ကောင်းစွာ သွားတတ်ခြင်း၊ ကောင်းစွာဟောပြောတတ်ခြင်း။
(၅) ။လောက၀ိဒူဂုဏ်တော်
   သတ္တ၀ါ (သတ္တလောက)၊ သတ္တ၀ါတို့၏ တည်နေရာ (ဩကာသလောက)၊ အရာအားလုံး တို၏
   ဖြစ်ပျက်မှု (သင်္ခါရလောက)၊ ဤလောက အကြောင်းတို့ကို သိခြင်း။
(၆) ။အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်
      မယဉ်ကျေးသူ၊ ဆုံးမထိုက်သူတို့ကို ယဉ်ကျေး သိမ်မွေ့အောင် ဆုံးမတတ်ခြင်း။
(၇)။ သတ္တာ ဒေ၀မနုဿာနံ ဂုဏ်တော်
     နတ် လူ အားလုံးတို့၏ ဆရာဖြစ်ခြင်း။
(၈)။ ဗုဒ္ဓဂုဏ်တော်
     အမှန် (သစ္စာ) တရား လေးပါးကို သိခြင်း။
(၉)။ ဘဂ၀ါဂုဏ်တော်
     ဘုန်းအမျိုးမျိုးရှိခြင်း

No comments:

Post a Comment