WiMAX ရဲ့ Signal က Digital ဖြစ်ပါတယ်။ ဆိုလိုတာက Wireless ဒစ်ဂျစ်တယ် ဆက်သွယ်ရေးစနစ်လို့
ဆိုလိုတာပါ။ ၎င်း WiMAX ကို IEEE ကနေ IEEE 802.16 လို့ သတ်မှတ်ပေးထားပါတယ်။
WiMAX ကို MAN အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ MAN ဆိုတာက Mantropolitan Area Network
ကို ပြောတာပါ။ MAN Network က ပုံမှန်အားဖြင့် Wireless သို့မဟုတ် Optical Fiber တွေကို အသုံးပြုပါတယ်။
WiMAX မှာတော့ Wireless ကို အသုံးပြုတာပေါ့။ ၎င်း MAN Network က မြို့တစ်မြို့စာအတွင်းလောက်ကို
Network ရပါတယ်။ ကီလိုမီတာ (၅၀)လောက်အထိကို Network ချိတ်ဆက်လို့ရပါတယ်။ ဒီတော့ WiMAX
ကလည်း MAN Network အမျိုးအစားဖြစ်တဲ့အတွက် ကီလိုမီတာ (၅၀) လောက်ပဲ ရမှာပေါ့။ ဟုတ်ပါတယ်။
WiMAX မှာ Network Area Range က အတည်တကျ တပ်ဆင်ထားတဲ့ WiMAX Station (Fixed Station)
မှာဆိုရင် ကီလိုမီတာအနေနဲ့ ကြည့်ရင် ကီလိုမီတာ (၅၀)လောက်အထိရပြီး၊ မိုင် အနေနဲ့ ကြည့်မယ်ဆိုရင် မိုင်
(၃၀)လောက်အထိ ရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ ရွှေ့ပြောင်းလို့ရတဲ့ WiMAX Station (Mobile Station)မှာဆိုရင်
ကီလိုမီတာအနေနဲ့ကြည့်ရင် (၅) ကီလိုမီတာ မှ (၁၅) ကီလိုမီတာ အထိရှိပြီး၊ မိုင်အနေနဲ့ ကြည့်မယ်ဆိုရင်တော့
(၃) မိုင် မှ (၅) မိုင် အထိ ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ စဉ်းစားကြည့်လေ WiMAX Network Area Range က

No comments:
Post a Comment