မြန်မာနိုင်ငံမှာ WiMAX ကို စတင်အသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။ WiMax ဆိုတာ အင်တာနက် ချိတ်ဆက်တဲ့
စနစ်တစ်ခုပါပဲ။ အရင်တုန်းကတော့ အင်တာနက် ချိတ်ဆက်ရာမှာ Dial-up တို့၊ ADSL တို့၊ Broadband တို့
အသုံးပြုကြပါတယ်။ ယခု WiMAX မှာတော့ ၎င်းတို့တွေနှင့် မတူတဲ့အချက်က ၀ါယာကြိုးတွေ
အသုံးပြုစရာမလိုဘဲ အင်တာနက် ချိတ်ဆက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ Broadband နဲ့ ခပ်ဆင်ဆင်တူပါတယ်။
ဒီအတွက်ကြောင့်လည်း WiMAX ကို Broadband Wireless Access (BWA) လို့ခေါ်ပါတယ်။ Wireless နဲ့
အင်တာနက် ချိတ်ဆက်တာပါ။ သို့သော်လည်း WiMAX က သာမန် WiFi တွေနှင့် မတူပါဘူး။ WiFi တွေထက်
Network Area Range က ကျယ်ပြန့်ပါတယ်။ ဘယ်လောက်တောင် ကျယ်ပြန့်လဲဆိုရင် မိုင်နဲ့ချီပြီးတော့
အသုံးပြုလို့ရပါတယ်။ အဲဒီတော့ဗျာ WiMAX ရုံ တစ်ရုံတည်ဆောက်ထားတယ်ဆိုရင် သူရဲ့ Network Area
Range အတွင်းမှာရှိတဲ့ မည်သည့်နေရာကမဆို အင်တာနက် ချိတ်ဆက်အသုံးပြုလို့ရပါတယ်။
အသုံးပြုမည့်သူဘက်မှာတော့ ၎င်း WiMAX ကို ချိတ်ဆက်ဖို့ရန်အတွက် Media တွေ ရှိနေရမှာပေါ့။

No comments:
Post a Comment