Aug 23, 2012

Hub, Switch and Routers တို့ရဲ့ ခြားနားချက်

အလွယ်ကူ အရှင်းဆုံးပြောရရင်တော့ Router, switch နဲ့ hub တွေဟာ network အသုံးပြုဖို့အတွက် သုံးတဲ့ ပစ္စည်းခြင်း အတူတူကြည့်ပါပဲ။ ဒါပေမယ့် Router က ကျန်တဲ့ နှစ်ခုထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ပိုမိုလုပ်ဆောင်နိုင်တဲ့ ပစ္စည်းလို့ အကြမ်းဖျင်း မှတ်ထားလို့ရပါတယ်။ switch နဲ့ hub ကတော့ ချိတ်ဆက်ပုံခြင်းက အစ အတူတူပါပဲ။ Hub က connection ပိုင်းညံ့တဲ့ အတွက် အခု နောက်ပိုင်း သိပ်မသုံးတော့တာပါ။

Hubs



Hub ကတော့ ဈေးအနည်းဆုံး၊ စွမ်းဆောင်ရည်အနည်းဆုံး၊ ရှုပ်ထွေးမှု အနည်းဆုံးပါ။ သူ့လုပ်ဆာင်ချက်ကတော့ အရမ်းရှင်းပါတယ်။ သူ့ဆီ ၀င်လာသမျှ အချက်အလက်မှန်သမျှကို ပြန်ထုတ်ပေးလိုက်တာပါပဲ။ ဥပမာ Hub ကနေ ကွန်ပျူတာ A,B, C ကို ဆက်ထားတယ်ဆိုရင် ထွက်လာတဲ့ အချက်အလက်တွေကို ကွန်ပျူတာ သုံးလုံးဆီကို ပို့ပါတယ်။ ကိုယ်က A ဆီကိုပဲ ပို့ချင်တာ ဆိုရင်တောင်ပေါ့။ အဲလိုပဲ A ကနေ Response တခုခု ပြန်လာရင် B, C ဆီကိုပါ ရောက်သွားပါတယ်။ အဲဒါကြောင့် Hub တခုထဲ ချိတ်ထားတဲ့ ကွန်ပျူတာ အချင်းချင်း ဘာပဲလုပ်လုပ် Network အတွင်းမှာရှိတဲ့ ဘယ်ကွန်ပျူတာကမဆို သိနေမှာ၊ အချက်အလက်တွေ ရနေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အဓိကကတော့ connection နှေးတယ်ပေါ့ဗျာ။ဒါပေမယ့် အချိန်တော်တော်ကြာတဲ့ အထိတော့ သူ့ကိုပဲ သုံးစွဲခဲ့ ကြရတာပါ။

Switches


Switch ကလည်း Hub နဲ့ လုပ်ဆောင်တာ အတူတူလောက်နီးပါး ကြပါတယ်။ ပိုပြီး တိကျတဲ့ လုပ်ဆောင်ချက်ရှိတာ တခုတော့ ပိုတာပေါ့ဗျာ။ အဲဒါက စပြီး အချက်အလက်ကို ပို့ရင်တော့ အပေါ်က အတိုင်းပါပဲ သူကနေ A, B, C သုံးလုံးကို ပို့လိုက်ပါတယ်။ ဒါပေမယ့် A က ပဲ response ပြန်လာတယ်ဆိုရင် သူပို့ရမှာ A တခုထဲပဲ ဆိုတာ သိသွားပြီး A နဲ့ အလုပ်ဆက်လုပ်ပါတော့တယ်။
အဲအတွက် ပိုပြီး လုံခြုံမှုရှိလာသလို ဆက်သွယ်မှုအပိုင်းလည်း ပိုမြန်လာပါတယ်။ Hub နဲ့ အဓိက ကွာခြားတာကတော့ ဒါပါပဲ။

Routers


နောက်ဆုံးတစ်ခုကတော့ Routers တွေပေါ့။ သူကတော့ အကောင်းဆုံး smart အဖြစ်ဆုံးနဲ့ လုပ်ဆောင်မှု အရှုပ်ထွေးဆုံးလို့လည်း ပြောနိုင်ပါတယ်။ Router များကို ပုံစံ၊ အရွယ်အစားအမျိုးမျိုးနဲ့ မြင်တွေ့နိုင်ပါတယ်။
အခုခောတ်မှာတော့ four -port boradband routers တွေက ခောတ်အစားဆုံးလောက်ရှိပါတယ်။ ကိုယ်တိုင် internet ကို ချိတ်ဆက်ပေးနိုင်ပါတယ်။ အလွယ်ဆုံးအနေနဲ့ ပြောရရင်တော့ Routers တွေဟာ ကွန်ပျူတာအသေးစားတစ်လုံးလိုပါပဲ။ switch လုပ်ပေးဖို့၊ computer location တွေတွက်ဖို့၊ routing traffic တွေကိုတွက်ဖို့ သူ့အထဲမှာ program ရေးပြီးသားပါ။ Router တစ်ခုမှာ အနည်းဆုံး Network card နှစ်ခုပါတယ်။ တစ်ခုက LAN လို့ ရေးထားပြီး တစ်ခုက WAN ပါ။ Router ကိုယ်တိုင်လည်း IP address ရှိပါတယ်။ အဲဒါကိုပဲ LAN IP address လို့ ခေါ်နိုင်ပါတယ်။ Router ကိုတော့ အဓိက မတူတဲ့ Network နှစ်ခုကို ချိတ်တဲ့ နေရာမှာ သုံးတဲ့ ပစ္စည်းအဖြစ် အကြမ်းဖျင်းမှတ်နိုင်ပါတယ်။ wireless အတွက်ဆိုလည်း wireless အသုံးပြုမှုပါတဲ့ Router ကို ရွေးဝယ်လိုက်ရင် အသုံးပြုနိုင်ပါတယ်။
အခုလောက်ဆိုရင် Hub, Switch နဲ့ Router တို့ရဲ့ ကွာခြားချက်ကို အကြမ်းဖျင်းသိနိုင် လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ အမျိုးအစားနဲ့ အသုံးပြုပုံတွေကိုလည်း နောက်တစ်ပို့စ်မှာ ဖော်ပြပေးနိုင်အောင် ကြိုးစားလိုက်အုံးမယ်ဗျာ..
အားလုံးအဆင်ပြေ ချောမွေ့ပါစေ...
http://crazybag.ning.com/profiles/blog/show?id=4800960%3ABlogPost%3A1034344&xgs=1&xg_source=msg_share_post မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment