သင်အသက်ကြီးလာတာနဲ့အမျှ
သင့်ရဲ့ ကျန်းမာရေးကို ပြောင်းလဲဖို့ လိုလာ ပါလိမ့်မယ်။ သင်ရော
သင့်ဆရာဝန်ပါ သင့်ရဲ့ကျန်းမာရေးအတွက် ထိန်း သိမ်းစောင့်ရှောက်မှုတွေကို အမြဲ
ပြုလုပ် နေပါသလား။ Today ရှိုး ရဲ့ contributor တစ်ဦးဖြစ်သလို Health မဂ္ဂဇင်းရဲ့
ဆေးပညာဆိုင်ရာ အယ်ဒီ တာတစ်ဦးဖြစ်တဲ့ Dr. Roshini Raj အကြံပြုထားတဲ့
လိင်မှတစ်ဆင့် ကူး ဆက်နိုင်သော ရောဂါများစစ်ဆေးမှုများကနေ
အူမကြီးဆိုင်ရာ စစ်ဆေးမှု များ (colonscopies) ပါ အပါအ၀င် ဖြစ်တဲ့
အမျိုးသမီးများအတွက် အရေး ကြီးသော ကျန်းမာရေး စစ်ဆေးမှု (၉) ခုကို
ဖော်ပြလိုက် ရပါတယ်။
သင့်ရဲ့ အသက် ၂၀ ကျော်အရွယ်မှာ ဆောင်ရွက်ရမယ့် စစ်ဆေးမှုများ
၁။ ခန္ဓ္ဓာကိုယ်တစ်ခုလုံး
စစ်ဆေးမှု - အသက် ၂၁ နှစ်မှ စတင်ပြီး စစ်ဆေးမှုပြုလုပ်ကာ အသက် ၄၀
ရောက်သည်အထိ ငါးနှစ် တစ်ကြိမ် စစ်ဆေးမှု ခံယူရန်လိုအပ်ပါသည်။ အသက် ၄၀
ရောက်လျှင်မူ နှစ်တိုင်း စစ်ဆေးမှုခံယူရန် ဖြစ်ပါသည်။။ ဆီးချို၊ သွေးချို၊
cholestrol၊ thyroid အကျိတ်များ၏ လုပ်ဆောင်မှု၊ အသည်းနဲ့ ကျောက်ကပ်များ၏
လုပ်ဆောင်မှု၊ ဗီတာမင် B12 နဲ့ ဗီတာမင် D များ ကိုလည်း စစ်ဆေးဖြစ်အောင်
စစ်ဆေးသင့်ပါသည်။
၂။
Pap Test : ဤ စစ်ဆေးမှုကြောင့် သားအိမ်ခေါင်းကင်ဆာ၏ အစောပိုင်းလက္ခဏာများကို
ရှာဖွေတွေ့ရှိနိုင်ပြီး၊ ကုသမှု ခံယူ၍ ပျောက်ကင်းရန်အခွင့်အရေးများစွာ
ရှိလာနိုင်ပါသည်။ အသက် ၂၁ နှစ်မှစပြီး နှစ်တိုင်းခံယူသင့်သော Gyno
စစ်ဆေးမှုတွင် Pap test ကိုပါ တွဲဖက်ပြုလုပ်သင့်ပါသည်။ အသက် ၃၀
ရောက်သည့်အခါ ကောင်းမွန်သော ဆေးစစ်ချက် အဖြေ (၃) ခါ ဆက်တိုက်
ရရှိပြီးပြီဆိုပါက အသက် ၆၅ နှစ်အထိ ၃ နှစ်လျှင် တစ်ကြိမ်သာ Pap test
ခံယူရန် လိုအပ်ပါတော့သည်။
၃။
လိင်မှတစ်ဆင့်ကူးဆက်နိုင်သောရောဂါများ စစ်ဆေးခြင်း - နှစ်စဉ်နှစ်တိုင်း
လိင်မှ တစ်ဆင့် ကူးဆက်နိုင်သော ရောဂါများ ကူးဆက်ခံစားရသူ ၁၉ သန်းအနက်
တစ်ဝက်နီးပါးခန့်သည် အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားရှိ လူငယ်များဖြစ်ကြသည်။
ကုသမှုခံ ယူခြင်းမပြုပါက တဖြည်းဖြည်းနှင့် မျိုးပွားခြင်းဆိုင်ရာ ပြဿနာများ
ကြုံတွေ့လာနိုင်ပါသည်။ လိင်ပိုင်းဆိုင်ရာ တက်ကြွမှုများ ဖြစ်ပွား လျှင်သော်
လည်းကောင်း၊ သံယောဇဉ်အသစ်များ တိုးပွားလာလျှင် သော်လည်းကောင်း HIV၊
Chlamydia နှင့် Gonorrhea စသည့် ရောဂါများ ရှိ၊ မရှိ နှစ်တိုင်း ဆေးစစ်မှု
ခံယူသင့်ပါသည်။
၎။
အသားအရေ စစ်ဆေးခြင်း - အရေပြားတွင် ဖြစ်ပေါ်သည့် အမည်းအကွက်အပျောက်များ
(Melanoma) သည် အသက် ၂၅ နှစ်မှ ၂၉ နှစ်ကြား အမျိုးသမီးများ ကင်ဆာရောဂါဖြင့်
အသက်ဆုံးရှုံးရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ လွန်ခဲ့သော
နှစ်ပေါင်း (၃၀) ကာလအတွင်းတွင် ဤ ဖြစ်ရပ်သည် အမျိုးသမီးငယ်များကြား
ဖြစ်ပွားမှုနှုန်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့် လာခဲ့သည်။ သင်၏
မိသားစုဝင်များထဲတွင် အရေပြားကင်ဆာ ဖြစ်ပွားခဲ့ဖူးသည့် ရာဇ၀င်ရှိပါက
အရေပြားရောဂါ အထူးကုထံ နှစ်တိုင်း သွားရောက် ပြသသင့်ပြီး၊
ရောဂါကိုခံစားနေရပြီဆိုပါက တစ်နှစ်လျှင်နှစ်ကြိမ် သွားရောက်ပြသသင့်သည်ဟု
အကြံပြု ထားပါသည်။
သင့်ရဲ့ အသက် ၃၀ ကျော်အရွယ်မှာ ဆောင်ရွက်ရမယ့် စစ်ဆေးမှုများ
၅။ ကြွက်နို့ပိုး စစ်ဆေးခြင်း(HPV Test) - ကြွက်နို့ပိုးများသည်
သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခြင်း၏ အဓိကအကြောင်း အ ရင်းဖြစ်ပြီး၊
လိင်ပိုင်းဆိုင်ရာ တက်ကြွမှုများသော အမျိုးသမီးများသည်
ရောဂါကူးဆက်မှုခံရနိုင်သည့် အခြေအနေတွင်ရှိပါသည်။ အသက် ၃၀ စွန်းစွန်းတွင်
အမျိုးသမီးများ၏ ကိုယ်ခံအားသည် ကျဆင်းလာသဖြင့် ကူးဆက်မှုခံရနိုင်ခြေ
များလာလေ့ရှိသည်။ အသက် ၃၀ မှစ၍ စစ်ဆေးမှုကို ခံယူသင့်ပြီး၊ ကောင်းမွန်သော
ဆေးစစ်ချက်အဖြေများ ရရှိပါက Pap Test နှင့်အတူ (၃) နှစ်လျှင် တစ် ကြိမ်
ဆေးစစ်မှု ခံယူရမည် ဖြစ်ပါသည်။
၆။ သွေးချို၊ ဆီးချိုရောဂါစစ်ဆေးခြင်း - ပုံမှန်ဟူသော
အခြေအနေထက် ကျော်လွန်နေသည် တိုင်းကို စစ်ဆေးမှု ခံယူသင့်ပါသည်။ သို့မှသာ
သွေးချို၊ ဆီးချိုရောဂါ ပီပီပြင်ပြင် မဖြစ်ပွား သေးခင် ဆရာဝန်များအနေဖြင့်
အချိန်မီ ကုသပေးနိုင်မည်ဖြစ် သည်။ အသက် ၅၀ မပြည့်ခင်အထိ ၃
နှစ်လျှင်တစ်ကြိမ် စစ်ဆေးမှုခံယူကာ၊ အသက် ၅၀ ပြည့်လျှင်မူ သွေးချို၊
ဆီးချိုရောဂါ ဖြစ်နိုင် သည့် အန္တရာယ်များလာသောကြောင့်
နှစ်တိုင်းစစ်ဆေးမှုခံရရန် လိုအပ်လာပါလိမ့်မည်။
သင့်ရဲ့ အသက် ၄၀ ကျော်အရွယ်မှာ ဆောင်ရွက်ရမယ့် စစ်ဆေးမှုများ
၇။
Cholesterol စစ်ဆေးခြင်း - အသက် ၄၀ အရွယ်သို့ ရောက်လာသောအခါ ကျန်းမာရေး
စစ်ဆေးမှုများကို နှစ်စဉ်နှစ် တိုင်း ပြုလုပ်သင့်ပြီး၊ သင်သည်
ဆေးလိပ်သောက်လျှင်သော် လည်းကောင်း၊ သွေးတိုးရောဂါ၊
ဆီးချိုရောဂါရှိလျှင်သော်လည်းကောင်း၊ မိသားစုဝင်များထဲတွင်
နှလုံးရောဂါဖြစ်ပွားခဲ့သော ရာဇ၀င် ရှိခဲ့လျှင်သော်လည်းကောင်း၊ ဤ
cholesterol စစ်ဆေးခြင်းကို ထည့် သွင်း ပြုလုပ်သင့်ပါသည်။
သင့်ရဲ့ အသက် ၅၀ ကျော်အရွယ်မှာ ဆောင်ရွက်ရမယ့် စစ်ဆေးမှုများ
၈။
ရင်သားအကျိပ်များစစ်ဆေးခြင်း - အသက်ကြီးလာသည်နှင့်အမျှ ရင်သားကင်ဆာ
ဖြစ်ပွားနိုင်သည့် အန္တရာယ်များလည်း ကြီးထွားလာနိုင်သည်။ အထူးသဖြင့် အသက် ၅၀
မှ ၅၉ နှစ်ကြားတွင်ဖြစ်ပြီး၊ အမျိုးသမီး ၄၂ ယောက်တိုင်းတွင် ၁ ယောက်
ဖြစ်ပွားနှုန်း ရှိနေပါသည်။ အသက် ၆၀ မှ ၆၉ သို့ရောက်ရှိသောအခါတွင်
ဖြစ်ပွားနှုန်းမှာ အမျိုးသမီး ၂၉ ယောက်တိုင်းတွင် ၁ ယောက်နှုန်းဆို သည့်
အခြေအနေတွင် ရှိပါသည်။ စောစီးစွာ ရှာဖွေ၊ တွေ့ရှိ၍
ကုသမှုစောလျင်စွာခံယူမည်ဆိုပါက ကင်ဆာဆဲလ်များ ပျံ့နှံ့မှုကို တားဆီးနိုင်
မည်ဖြစ်ပြီး၊ ပြန်လည်သက်သာနိုင်မည်ဆိုသည့် အလားအလာကောင်းများ တိုးပွားလာ
မည်ဖြစ်ပါသည်။
၉။ အူမကြီးဆိုင်ရာ
စစ်ဆေးမှု - အသက် ၅၀ မှစပြီး၊ စစ်ဆေးမှုကို ခံယူရန်လိုအပ်ပြီး၊ အမေရိကန်
ပြည်ထောင်စုတွင် ကင်ဆာရော ဂါများ အားလုံးအနက် ဒုတိယသေဆုံးမှု
အများဆုံးနေရာတွင် ရှိနေသည့် အူမကြီးကင်ဆာရောဂါ ရှိ၊ မရှိကို ၁၀
နှစ်လျှင်တစ်ကြိမ် စစ်ဆေးသင့်ပါသည်။ အသက် ၅၀ နှင့် အထက် လူကြီးများတွင် ဤ
ရောဂါဖြစ်ပွားရန် အန္တရာယ်အများဆုံးဖြစ်ပြီး၊ စစ်ဆေးမှုများကို ၁၀
နှစ်လျှင်တစ်ကြိမ် ပြုလုပ်သူများသည် ကင်ဆာရောဂါဖြစ်ပွားလျှင်တောင်မှ
ပိုမိုကောင်းမွန်သော အကျိုးရလဒ်များကို ရရှိနိုင် ကြာင်း လေ့လာမှုများအရ
သိရှိရပါသည်။
ကာကွယ်ခြင်းသည်
ကုသခြင်းထက်ကောင်းသည် ဟူသော ဆိုရိုးအတိုင်း အမျိုးသမီးများအားလုံး မိမိ
အသက်အရွယ် အပိုင်းအခြား အလိုက် စစ်ဆေးမှုများကို ခံယူသင့်ကြောင်း အကြံပြု
လိုက်ရပါသည်။
No comments:
Post a Comment