Aug 11, 2012

ကောင်းဘို့ဖြစ်လာတာပါ

ကောင်းဘို့ဖြစ်လာတာပါကံဆိုတာအလုပ်လို့ပြောတယ်။အလုပ်ကောင်းရင်ကံကောင်းတယ်တဲ့။
ကိုကတော့လူတစ်ယောက်ရဲ့ကံ(အလုပ်အောင်မြင်မှု)ဆိုတာအတိတ်ကံနဲ့လက်ရှိကံငါးဆယ်ရာခိုင်နှုန်း
စီဆိုင်တယ်လို့ထင်တယ်။လောကကြီးကတစ်ခုတည်းပေးမထားပါဘူး။အအေးနဲ့အပူ၊အကောင်းနဲ့အဆိုး
၊ပျော်ရွင်ခြင်းနဲ့ဝမ်းနည်းခြင်းအားလုံးကို အတူတွဲပေးထားတယ်၊ဒါကြောင့်ဘယ်လိုအခက်အခဲတွေ့ 
တွေ့ စိတ်မညစ်ဘဲကောင်းဘို့ဖြစ်လာတာလို့တွေးလိုက်ပါ၊၊ဒါမှစိတ်ညစ်သက်သာမယ်လေ၊
ဖြစ်ချိန်တန်ရင်ဘာနဲ့မှတားလို့မရဘူး။ငါ့မှဆိုးလိုက်တဲ့အဖြစ်လို့မတွေးဘဲကောင်းဘို့ဖြစ်လာ
တာလို့တွေးလိုက်ပါ။စိတ်ချမ်းသာသွားမယ်။
သာဓက.....-ဟိုး----ရှေးတုန်းကဘုရင်ကြီးတစ်ပါးရဲ့လက်ညှိုးမှာခူနာဖြစ်သတဲ့။
သူရဲ့လူယုံပညာရှိအမတ်ကြီးကိုမေးတဲ့အခါ
ကောင်းဘို့ဖြစ်လာတာပါလို့ဖြေတယ်။ဒီလိုနဲ့လက်ညှိုးလေးတစ်ဆစ်ပြုတ်သွားတယ်။
ဘုရင်ကြီးကအမတ်ကြကျုပ်လက်ညှိုးတော့တစ်ဆစ်ပြုတ်သွားပြီပြောတော့ကောင်း
ဘို့ဖြစ်လာတာလို့ဘဲဖြေတယ်။ဒီလိုနဲ့နောက်တစ်ဆစ်ပြုတ်သွားပြန်တယ်
ဘုရင်ကြီးမေးတဲ့အခါအမတ်ကြီးကလည်းအရင်အတိုင်းပြန်ဖြေတယ်။
ဒါနဲ့ဘုရင်ကြီးစိတ်တိုပြီးအမတ်ကြီးကိုထောင်သွင်းအကျဉ်းချလိုက်တယ်။
အမတ်ကြီးအကျဉ်းကျစဉ်မှာဘုရင်ကြီးတောကစားထွက်တယ်။
လူရိုင်းတွေဖမ်းခြင်းခံရတယ်။ဘုရင်ကြီးကို
ယဇ်နတ်ပူဇော်မဲ့အချိန်မှာကိုယ်လက်မစုံလို့အသက်ဘေးမှလွတ်ခဲ့ရတယ်။
ဒီတော့မှဘုရင်ကြီးဟာ အမတ်ကြီးစကားကိုနားလည်ပြီး
တိုင်းပြည်ပြန်ရောက် တဲ့အခါအမတ်ကြီးကိုထောင်မှထုတ်ပြီးသူ.ကိုခွင့်လွှတ်ဖို့တောင်းပန်တယ်။
ဒီတော့အမတ်ကြီးကသူ့ကိုထောင်ချခဲ့တာလည်းကောင်းဘို့ဖြစ်လာတာပါလို့ဖြေတယ်။ဘယ်လိုကြောင့်လည်း-ရှင်းစမ်းပါလို့ဘုရင်ကြီးကမိန့်တဲ့အခါအမတ်ကြီးကသူဟာဘုရင်ကြီးရဲ့
လူယုံဖြစ်လို့မခွဲမခွါနေရတဲ့အတွက်သူသာထောင်ကျမနေရင်
ဘုရင်ကြီးနဲ့အတူပါပြီးလူရိုင်းတွေရဲ့ဖမ်းမိခြင်းခံရမယ်။အဲဒီအခါယဇ်နတ်ပူဇော်ဖို့ဘုရင်ကြီးကိုယ်လက်မစုံရင်
ကိုယ်လက်စုံတဲ့သူ့အလှည့်လာမယ်။ဒါကြောင့်သူထောင်ကျတာလည်းကောင်းဘို့ဖြစ်လာတာပါလို့ဖြေတယ်။
ဘုရင်ကြီးလည်းကျေနပ်အားရပြီးဆုတော်တွေချီးမြှင့်ခဲ့တယ်။
ပြောချင်တာကသူငယ်ချင်းတို့အားလုံးလည်းအခက်အခဲတွေတွေ့တဲ့အခါစိတ်
မညစ်ဘဲကောင်းဘို့ဖြစ်လာတာလို့တွေးပြီး
စိတ်ချမ်းသာမှုရယူကာဘ၀အမောတွေဖြေပျောက်နိုင်ကြပါစေ။

No comments:

Post a Comment