Online ပေါ်က ချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက်အမြဲချစ်နေအောင် ၊
သူတို့ စိတ်တွေလဲ ကိုယ့်အပေါ် မှာပဲ တည်မြဲအောင် နည်းလမ်းလေးတွေ လိုလာပါပီ . .
ဒါနဲ့ ပဲ အင်တာနက် ၊ Email , Chatting တွေ Phone တွေ နဲ့ ပေါင်းစပ်ထားတဲ့
အချစ်ကို တည်မြဲအောင် ဒီ အဆင့်လေးတွေ ဖြစ်လာတာပါ . .
အခုခေတ် လူငယ်အများစုဟာ အချစ်ကို တန်ဖိုးမထားတာ မဟုတ်ပါဝူး..
အချစ်ဆိုတာကြီးကို ကောင်းကောင်း ခံစားတတ်လာလို့ ပါပဲ . .
ငယ်ငယ်ရွယ်ရွယ်လေးနဲ့ Oppsite sex တွေနဲ့ စကားပြောရတာ message ပို့ ရတာ တွေဟာခေတ်စားလာသလို စိတ်ဝင်စားဖို့ လဲ ကောင်းလာကြတယ်ဆိုတာ လူငယ်တွေ အားလုံး သိမှာပါ . . .
IT ခေတ်ကြီးထဲမှာ နိုင်ငံ အသီးသီး ဟာလဲ နည်းပညာတွေ တိုးတက်ပြောင်းလဲ လာပီး...
အရာအားလုံးဟာ ခု လူကြီးမိဘတွေ ပြောသလို အချစ်စစ်ဆိုတာ သိဖို့ သူတို့ ခေတ်ကလို ၃ နှစ် ၃ မိုးစောင့်ရတဲ့ ကာလလဲ မဟုတ်တော့ပါဝူး .. ခုခေတ်မှာ ဗိုင်းကောင်းကျောက်ပိဆိုတာ တောရွာလေးမှာပဲ ရှိတော့တာပါ . .
ဒါတောင် ကောင်လေး အထင်ပဲ ရှိသေးတာပါ . . . စကားပုလ္လင်ခံနေတာနဲ့ ပြောချင်တဲ့ အချက်လေး တွေ ဘယ်ရောက်သွားမှန်းမတိတော့ဝူး.. ပြန်စရအောင် ။ လိုရင်းပြောရရင် ခု အောက်က အဆင့်လေး တွေ အတိုင်း ကျင့်သုံးမယ်ဆိုရင် ကိုယ့်ရဲ့  Online ပေါ်ကချစ်သူလေးကို ရေရှည် ထိန်းနိုင်မှာပါ ။ ။ ။
ဒီအောက်က နည်းလမ်းတွေက တော့ Online မှာ ချစ်သူ ရှိပီး ကိုယ့်ချစ်သူ ကို ရေရှည်ထိန်းနိုင်မဲ့ နည်းလမ်းလေးတွေပါ . .
အဆင့် (၁) ညာတာလေး တွေကို မသိချင်ယောင်ဆောင်ပါ . . သင်သူ့ ကို တကယ်ချစ်လို့ လက်မလွတ်ခံနိုင်ဝူးဆိုရင် ဒီကွာဝေးနေတဲ့ ဆက်ဆံရေးကို သင့်ဖက်က ထိန်းသိမ်းရမှာပါ ။ Online ပေါ်က ဆက်ဆံရေးတွေဟာ တစ်ဖက်နဲ့ တစ်ဖက်မမြင်နိုင်ရ ၊ မသိနိုင်ရတော့ လိမ်ညာမှုလေးတွေ အနည်းနဲ့ အများရှိမှာပါ အများစုကတော့ ကိုယ်က ညာပီး ကိုယ့်ကို တစ်ဖက်က ညာနေတယ် ဆိုတာ သိရင် ပေါက်ကွဲပီး ကွဲကွာတတ်ကြတာ များပါတယ် .. ဒီလို နဲ့  ၀ါရင့်နေတဲ့ Online ပေါ်တက်နေကျလူတွေ အပါအ၀င် တချို့ လူအများစု က အွန်လိုင်း ဆက်ဆံရေးကို မယုံတော့ကြပြန်ဝူး ။ ဒီတော့ ကိုယ့်ကိုကိုယ် အရင်ပြည့်စုံအောင်ပြင်ဆင်ပါ ။ Perfect မဖြစ်ရင်တောင် သူ့အပေါ်မှာ မ foul ပါစေနဲ့  သူ့ ဖက်ကလဲ ကိုယ့်လို ဖြစ်အောင် စိတ်ရှည်ရှည်ထားပီး လုပ်ယူုလို့ ရပါတယ် . . ဒါကြောင့် သူ လိမ်ညာတာလေးတွေကို သီးခံလို့ ရတဲ့ အတိုင်းအတာ တစ်ခု ထိ ဟန်ဆောင်ပေးပါ ။
အဆင့် (၂) ပွင့်လင်းနွေးထွေးတဲ့ ဆက်ဆံရေးနဲ့ ရသစုံစုံ ပြောပြပါ . . Gtalk ထဲမှာ စာသားရိုက်ထည့်တာက ချစ်သူတို့ သဘာဝ နူးညံ့သင့်ပေမဲ့ အရမ်းနူးညံ့လွန်းနေရင်လဲ ပွင့်လင်းနွေးထွေးမှုက ပျောက်ဆုံးတတ်ပြန်ပါတယ် နွေးထွေးတဲ့ ဟာသလေး တွေ ပြောလိုက် တစ်ခါတစ်လေ စိတ်ကောက်လိုက် တစ်ခါတစ်လေ ကြောက်အောင်ခြောက်လိုက်နဲ့ ခုနှစ်ထွေ အကကို ပိုင်နိုင်ရမှာပါ ။ ခုနှစ်ထွေ အက က ဘာလဲ ဆိုတာ မသိရင် နောက် Post မှာ ပြန်ပီး ရှင်းပြပါ့မယ် ။ အမြဲတမ်း ချစ်စကားလေးတွေ ပြောနေမယ့် အစား အပြင်က ချစ်သူတွေလို လက်တွေ့ ဘ၀နဲ့ နွယ်တာလေးတွေ ပြောလိုက် ဒီနေ့ ကိုယ်ဘာဖြစ်ခဲ့တယ် ဘယ်သူနဲ့ ဘာလုပ်ခဲ့တယ် . ကိုယ့်အလုပ်အခြေအနေက အစ ဘယ်လိုရှိတယ်ဆိုတာကို တိုင်ပင်ကြည့်ပါ . တချို့ ချစ်သူတွေပြောနေကြတဲ့ သာမာန် နေကောင်းလား ၊ စားပီးပီလား ဘယ်ကချက်နေတာလဲ ဘာလုပ်နေတာလဲ အယ်ဒါတွေ ဟာ foul နိုင်တဲ့ စကားလုံးတွေပါ . . ဒါတွေပြောပီးသွားရင် ဘာပြောရမှန်းမသိတော့ဝူး... အယ်ဒါမျိုးတွေ ရှိတတ်ပါတယ် . ဒါကြောင့်ပြောစရာ စကားမရှိရင် Email လေးတစ်စောင်နှစ်စောင် ဖြစ်ဖြစ် သူ့ ဆီကို ပို့ ပေးပီး အယ်ဒီ Email ထဲမှာ ပါတဲ့ အကြောင်းအရာတွေကို အခြေခံပီး ပြောပါ . . ဟာသ ဆိုလဲ ဟာသ အကြောင်းအရာလေးတွေ ပို့ ပီး သူ့ ရဲ့ စိတ်ကို တဒဂ် သင်ဖမ်းဆွဲထားနိုင်အောင် ကြိုးစားပါ . . တစ်ဖက်က သင့်ချစ်သူ ဟာ သင်နဲ့ ပဲ Chatting ၀င်နေတယ်လို့  သင့်ကိုယ်သင် ခံယူထားပါ . . အယ်ဒါဆို သင်နဲ့ သူ့ အကြားမှာ သံယောဇဉ် ခိုင်မြဲလာပါလိမ့်မယ် ။ ကိုယ်က အလုပ်များနေတဲ့ သူ ၊ ဂိမ်းဆော့ စရာ ရှိနေတယ်ဆိုရင်တောင် ကိုယ်တကယ်ချစ်တဲ့ ချစ်သူအပေါ်မှာ အချိန်ပေးပီး တန်းဖိုးထားပါ . . ကိုယ့်ဖက်က အချိန်မပေးနူိုင်ဝူးဆိုရင်တောင် ဟာသလေးတွေ ပို့ ပေးထားပီး သင့်အကြောင်းကို သူ Online ပေါ်တက်တိုင်း စဉ်းစားအောင် အောက်က အဆင့်လေးတွေကို ထပ်ကြည့်ပေးပါ .
အဆင့် (၃) အချိန်တစ်ခု ထားပါ . . နှစ်ယောက်သားဝေးကွာနေတယ် ရေမြေခြားနေသောလည်းကောင်း မတွေ့ နိုင်တဲ့ အခြေအနေတစ်ခု ဝေးကွာနေခဲ့သော်လည်းကောင်း သူနဲ့ တွေ့ ဆုံမဲ့ အချိန်တစ်ခုကို သေချာသတ်မှတ်ထားပါ . သူချိန်းတဲ့ အချိန် တခြား အလုပ်သွားစရာ ရှိနေရင်တောင် ပွင့်ပွင့်လင်းလင်း ပြောပါ ။ ဒီ အချိန်ကတော့ စကားပြောချိန် တစ်နာရီလောက်ပဲ ရမှာနော် . ဂိမ်းဆော့ရတော့မယ်ဆိုရင် ကိုယ် ရေသွားချိုးမလို့ .. ထမင်းစားမလို ဘယ်တော့မှ မပြောပါနဲ့ အရေးကြီးလို့ ခန အပြင်သွားစရာ ရှိတယ် ဘာညာ ဆိုပီးတော့ sign out လုပ်ပီးမှ ဆော့ပါ . . သင် 24/7 Online ဖြစ်နေတယ်ဆိုတဲ့ ဂုဏ်ပုဒ်ထက် သင့် Online ချစ်သူ က ငါ့ကို သူရေချိုးတာ ထက် ထမင်းစားမှ ထက်တောင် ဂရုမစိုက်ဝူး ခုချိန် တခြား ယောကျာင်္းလေး တစ်ယောက်က ငါ့ကို စကားစပီး လာကြုလို့ ကတော့ ပြန်ပီး အီလိုက်မယ်ဆိုတာ မျိုး သင့် Online ချစ်သူ စိတ်ထဲမှာ ပေါက်ဖွားမယ်ဆိုတာ သင်လဲ ကြိုတင်မခန့် မှန်းနိုင်သလို ကျနော်လဲ မသိနိုင်ပါ . . ဒါကြောင့် စကားပြောချိန် ကို သူ့ အတွက် သီးသန့် ထားပီး အယ်ဒီချိန် တွေ မှာ ဘာမှ မလုပ်ပဲ နဲ့ သူနဲ့ ပဲ ချက်တင်ထိုင်ပါ Reply တောင် စက္ကန် 20 လောက် မကြာမိပါစေနဲ့ သူ့ ဖက်က ကြာချင် ကြာပါစေ ကိုယ့်ဖက်က Reply ကို ချက်ချင်းပြန်ခြင်းဖြင့် သင့် ရဲ့ ဂရုစိုက်မှု အလေး ထားမှုကို သူ သတိပြုမိလာပါလိမ့်မယ် . .
အဆင့် (၄) အချိန်မရရင်တောင် စာတစ်ကြောင်းလောက် ပို့ ပါ . သိပ်အလုပ်များတဲ့ နေ့ သင့်မှာ ရှိလာပါတယ်ဆိုပါတော့ . "ကိုယ် မင်းကို အရမ်းသတိရနေပါတယ် " ဆိုတဲ့ စာတစ်ကြောင်းလောက်တော့ သူ့ ဆီကို ပို့ ဖြစ်အောင် ပို့ ပါ.။ ကိုယ်သူ့ အကြောင်းတွေ နေတယ်ဆိုတာ သိပါစေပေါ့ . ဒါမျိုး အသေးစား အချက်တွေ က အစ သူနဲ့ ချက်တင်ထိုင်ခဲ့တာ Email အသွားအလာ ကိုလဲ သေချာမှတ်ထားပါ . . မမှတ်နိုင်ဝူး.. အယ်လောက်လဲ မလုပ်တတ်ဝူး..ဆိုရင် Email အသုံးပြုပုံတွေထဲမှာ Contact name နဲ့ သူ့ ဆီက ပို့ သမျှ Email သူနဲ့ ချက်သမျှ History ပြောခဲ့သမျှ စကားတွေ အားလုံးကို Gmail ထဲမှာ filter ခံပီးသော်လည်းကောင်း သိမ်းဆည်းထားပါ . . နောက် တစ်ချိန် သင်နဲ့ သူ့ ရဲ ချစ်သက်သေတွေ အတွက် အယ်ဒါတွေ ဟာ အမှတ်တရတွေ ဖြစ်လာနိုင်ပါတယ် . .
အဆင့် (၅) လက်ဆောင် ပေးပါ . . Email နဲ့ ချည်း Gtalk နဲ့ ချည်းတွေ့ ဆုံမနေပါနဲ့ ။ အပြင်မှာလဲ ကတ်ဖြစ်ဖြစ် ပန်းဖြစ်ဖြစ် လက်ဆောင်ပေးပါ ။ သင်တို့ နှစ်ယောက်ဟာ Online ချစ်သူတွေထက် အဓိပါယ် ပိုမို တဲ ပြင်ပ ကမ္ဘာ က ချစ်သူတွေ ဆိုတာ အမှတ်ရနေပါစေ . . သင့် အတွက် Online ချစ်သူ တစ်ယောက် ဟာ ဘယ်လောက် အရေးပါတယ်ဆိုတာထက် ကျော်လွန်းပီ သူနဲ့ ပြင်ပ ဘ၀ မှာ ချစ်သူတွေ အဖြစ် အမှတ်တရတွေကို ဖန်တီးပေးပါ . . လက်ဆောင်ပေးခြင်းဖြင့်လဲ သူ မ ရဲ့ စိတ်ကို ဖမ်းဆွဲထားနိုင်ပါတယ် . . ကိုယ့်ရဲ့ ချစ်ချင်း သင်္ကေတတွေ ပါတဲ့ လက်ဆောင်တွေပဲ ပေးပီး . . သူ့ ရဲ ကြင်နာမှု ကို ရအောင်ဆောင်ကြဉ်းနိုင်ပါတယ် . .
အဆင့် (၆) Forward mail ပို့ ပါ . . ကိုယ့်ချစ်သူ ဆီကို ပို့ တဲ့ Email ၊ သူငယ်ချင်းတွေကို ပို့ တဲ့ Email ၊ ဆိုပီး Deliver ကိုခွဲထားပါ . . fun mail တွေ မရှိဝူး. မလုပ်တတ်ဝူး.ဆိုရင်တောင် ကိုယ့်ဆီကို ရောက်လှတယ့် လှပတဲ့ Mail တွေကို ပို့ ပေးနေကျသူ နဲ့ ရင်းနှီးအောင် ကြိုးစားပါ အယ်ဒီလို Email ပို့ နေတဲ့ သူတွေ ဆီမှာ အရမ်းကို များပြားပီး လှပတဲ့ Email တွေအမြောက်များရှိသလို ကိုယ့်ချစ်သူ အတွက် လိုအပ်တဲ့ Birthday letter & wish တွေကို သူ့ ကို ဖန်တီးခိုင်းလို့ ရပါတယ် . . ဒါအပြင် စိတ်ကို ပိုပီး ပျော်ရွှင်လန်းဆန်း နိုင်စေတဲ့ သီချင်းတွေ ကိုလဲ သူ့ အတွက် Message လေးနဲနဲ ပါးပါး ထည့်ပီး ပို့ ပေးပါ .. လူအများကြီးကို ပို့ တဲ့ အခါ သူ့ နာမည်ကို ပါအောင် ထည့်တဲ့အတွက် အရမ်းကို ပျော်ရွှင်စေနိုင်တဲ့ သင်္ကတ သူ့ ဆီမှာ ဖြစ်တည်လာမှာပါ . . သူ စိတ်ပျော်ရွှင် ကြည်နူး ဖို့ က ဒီလို အချိန်တွေ မှာ သင့်အတွက် နံပါတ် တစ်နေရာမှာ ရှိနေပါစေ . .
အဆင့် (၇) သူငယ်ချင်း များနဲ့ မိတ်ဆက်ပေးပါ . . ကိုယ့်ချစ်သူ ဘယ်သူ ဘယ်ဝါဆိုတာကို ၀ှက်မထားပါနဲ့ ... ကိုယ်နဲ့ အနီးစပ်ဆုံး သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးပါ . သင့်မိတ်ဆွေတွေရဲ့  Contact တွေ သူ့  Account ထဲမှာ ရှိနေပါစေ . .အယ်ဒီကနေ တစ်ဆင့် သူ့ ရဲ့ လမ်းကြောင်း တစ်နည်း အားဖြင့် flow တွေကိုပေါ့ ၊ သင် လိုက်နိုင်ပါတယ် . . တကယ်လို့ များ သင်တို့ နှစ်ယောက်ရန်ဖြစ်ကြမယ်ဆိုရင်တောင် ကိုယ့် သူငယ်ချင်း က သင်တို့ နှစ်ယောက်ကို စေ့စပ်ပေးနိုင်ပါလိမ့်မယ် . . အွန်လိုင်းမှာ တိုင်ပင်ဖော် တိုင်ပင်ဖက် သူငယ်ချင်းတွေ မရှိဝူး.ဆိုရင်တော့ သင်ကိုယ်တိုင်ရှာယူပါ .. forum တွေ social network တွေမှာ ပေါင်းသင်းရလွယ်ကူပီး အရမ်းကို သဘောကျစရာကောင်းတဲ့ 24/7 အင်တာနက် ၀ါရင့် ဆရာကြီး ဆရာမလေး တွေရှိပါတယ် . . ဒါကတော့ သင့်ရဲ့ Online ချစ်သူ ကိုရေရှည်ထိန်းနိုင်မယ့် နည်းလမ်းလေးပါ . . နောက်တစ်ခါ ရည်းစား မရှိသေးတဲ့ Online friend တွေ အတွက်ကို ကောင်လေး.. သီးသန့်  Post လေးတစ်စောင် ရေးပေးပါ့မယ် . .

No comments:
Post a Comment