ယနေ့ ကျနော် ကြုံတွေ့ရသည့်အတွက် ၂၀၁၂ နှစ်သစ်တွင်သတိထားရန် သတိပေးရအုန်းမည်။ (Bloggerများအထူးသတိထားရန်)

ဒီနေ့မှာ ကျနော်ဘလောက်က "စစ်ကြောရေး" ဆောင်းပါးကို Malware (malicious software) လင့်ပါသော comments ၆ ခုရောက်လာပါသည်။
ထိုလင့်များကို ကျနော်လိုက်စစ်ကြည့်တော့ ရုရှားဘာသာစကားဖြင့် အင်တာနက်စာမျက်နှာ
(http://icqmobilephones.net/
- ဒီလင့်ကို ဖေါ်ပြထားတာ ဆိုပေမယ့် သွားပြီးဝင်ကြည့်မနေပါနှင့်
ဇာတ်လမ်းရှုပ်နေမယ်) တယ်လီဖုန်း software များ
ဒေါင်းလုပ်ပေးသည့်ဟုရေးသားထားသည့် လင့်ဖြင့် အဆုံးသတ်သွားပါသည်။
ကျနော်အထင်တော့ ရုရှားမှ ညီအကိုများထဲက ကျနော့ဆောင်းပါး "စစ်ကြောရေး" အား
အမြင်ကပ်သူတဦးဦးမှ တင်ပေးလိုက်ပုံ ရပါသည်။ ကျနော့်စိတ်ထင် ပြောတာပါ
မသေချာ မသေချာ မသိပါဘူး။
ကျနော့်အတွက် ပြဿနာမရှိသော်လည်း အလားတူ
ဖြစ်ရပ်မျိုးကို အခြားဘလောက်များတွင် ဖြစ်လာပါက စက်များကို ဒုက္ခမပေးရအောင်
သတိပေးလိုပါသည်။ Malware (malicious software) သည် အလွယ်ကူဆုံး
နားလည်အောင်ပြောရရင် ဗိုင်းရစ်ပေးနိုင်သည့် software တမျိုးလို့ ပြောရင်
ရပါသည်။ Hackerစီစဥိထားသော လင့်မှနေ၍ ကလစ်နှိမ်လိုက်တာနှင့် Malware ကို
မိမိစက်သို့ ဒေါင်းလုပ်ဆွဲလိုက် သလိုဖြစ်စေနိုင်ပါသည်။ Malware က
ပိုသာသည့်အချက်မှာ (computer viruses, worms, trojan horses, spyware,
dishonest adware, scareware, crimeware) များကို မိမိစက်ကို အလွယ်တကူ
ရောက်လာ စေပါသည်။ Anti-virus ကောင်းကောင်း မရှိသည့် စက်ဆိုရင် ဟိုက်ရှားဘား
ဖြစ်သွားပါမည်။
အဓိကသတိပေးချင်တာ Blog ရေးသူ Blogger များ
မိမိပိုစ့်အောက်တွင် ရောက်လာသည့် ကွန်မန့်မှ မသိသောလင့်များကို
နှိပ်မကြည့်ပါနှင့် နှိပ်လိုက်ရင် Worms လို ပြဿနာကောင်မျိုး မိမိစက်ကို
အလွယ်တကူရောက်လာပါမည်။ မသိသော အူကြောင်ကြောင် comments များကို လင့်
အထူးဆန်းများရှိနေတယ် ဆိုရင် ထို Comments ကို ဖျက်ပစ်လိုက်ခြင်းဖြင့်
စာဖတ်သူထဲမှ မသိနား မလည်သည့် လင့်ကို နှိပ်ကြည့်မည့်သူများ
ဒုက္ခမရောက်စေရန်နှင့်။
Blogger သူငယ်ချင်းများ သတိထားပြီး မိမိတို့စက်ကြံခိုင်ရေးကို လုပ်ထားခြင်းဖြင့် ၂၀၁၂ ကိုအကောင်းဆုံး ကြိုဆိုလိုက်ပါ။
မိမိ Windows အစစ်ဆိုရင် Microsoft မှ
အလကားပေးသည့် Anti-virus software ကို ဒေါင်းလုပ်ဆွဲပြီး တင်ထားရင်လဲ
ဘာမှမရှိတာ ထက်စာရင် ကောင်းပါသည်။
ဟောဒီမှာ လင့်ပါ
အကယ်၍ မိမိစက်ကို ကောင်ကောင်ကိုက်နေပြီ ယူဆရပါလျှင် ကမ္ဘာကျော် Kaspersky Anti-virus မှ http://www.kaspersky.com/downloads/free-antivirus-tools
ကိုဒေါင်းပြီး ပြန်ထုက်နိုင်ပါတယ် သူလည်း Free ပါ။
Norton Power Eraser ဆိုတာလဲ
ရှိပါသေးတယ် သူက Anti-virus တွေ မရှာနိုင်တဲ့ အဲဒီ Malware (malicious
software) နှင့်အပေါင်းပါတွေကို ရှာဖွေပြီး ရှင်းပစ်နိုင်တယ်။ သူလဲ Free ပါ။
ညီအကိုမောင်နှမများ ၂၀၁၂ မှာ နည်းပညာဖြင့်အနိုင်ကျင့် အကြမ်းဖက်မှု ခံရခြင်းများ ကင်းဝေးနိုင်ပါစေဗျာ။
ခင်မင်လေးစားလျက်
No comments:
Post a Comment