လက်နဲ့လက်သည်းတွေပျော့ပျောင်းနေစေဖို့
နို့ဟာအရေပြားကိုပျော့ပျောင်းစေပြီး Lactic Acid ပါဝင်တာကြောင့်အရေပြားကိုကြေးချါတ်ရာမှာလည်း
အသုံးဝင်ကာအရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်၇ှားပေးနိုင်ပါတယ်။ဒါကြောင့်နို့ရည်ထဲမှာ
သင့်လက်ကလေးတွေကို 10 မိနစ် လောက်စိမ်ထားပေးခြင်းဖြင့်လက်ကိုနူးညံချောမွေ့စေပြီးလှပစေပါတယ်။
လက်သည်းနီပုလင်းလေးတွေဖွင့်လို့လွယ်အောင်
လက်သည်းနီပုလင်းတွေဟာ အချိန်ကြာလာရင် ပွင့်ဖို့ခက်ခဲလာတတ်ကြပါတယ်။
ဒီလိုမဖြစ်အောင် လက်သည်းနီပုလင်းသုံးပုလင်းလောက်ကိုစုပြိး သားရေကွင်းနဲ့အဖုံးနေရာကနေ ချည်နှောင်ထားလိုက်ပါ။ဘယ်အချိန်ပဲဖြစ်ဖြစ်ဖွင့်ဖို့လွယ်သွားပါလိမ့်မယ်။
အမေ့ထူတာတွေလျော့စေဖို့
Chamomile Tea သောက်ပါ Chamomile Tea ကိုစူပါမားကတ်တွေမှာရှာဝယ်နိုင်ပါတယ်။
ဦးနျောက်ကိုအားဖြည့်ပေးသလို စိတ်ကိုလည်းဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကိုလျော့စေတဲံ့
Luteolin ဓါတ်တွေလည်းအများအပြားပါရှိပါတယ်။ အကယ်လို့မြန်း Chamomile Tea ကိုရှာမတွေ့ခဲ့ရင် Luteolin ဓါတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကိုစားပေးနိုင်ပါတယ်။
့skin Care ကိုပုံမှန်လိမ်းသင့်ပါတယ်။
အသားအရည်နဲ့ပတ်သတ်ပြီး အပြင်ထွက်တဲ့အခါတိုင်း အသားအရည်ပျက်စီးမှုမရှိအောင် Sun Cream
ကိုပုံမှန်လိမ်းသင့်ပြီး မျက်နှာကိုလိမ်းတဲ့ Skin Care တွေကိုလည်းလိမ်းသင့်ပါတယ်။အသားကဖြူဖို့သာမလွယ်တာ
နေပူထဲနည်းနည်းထွက်ရင်အသားအရည်ကနေလောင်ပြီးခနအတွင်းမှာပျက်စီးလွယ်ပါတယ်။
ဒါကြောင့်အထူးဂရုစိုက်ဖို့လိုပါတယ်။
အလွယ်ကူဆုံးမျက်လုံးပြင်နည်း
ပထမနည်းအနေနဲ့ မျက်ဝန်းတစ်ဝိုက်ကို ကွန်ဆဲလာလိမ်းပါ။ဒါဟာမျက်ကွင်းညိုခြင်းကိုသက်သာစေပါတယ်။
ဒုတိယနည်းအနေနဲ့ မျက်ခွံပေါ်ကအရေပြားကို သဘာဝအတိုင်းကြည့်ကောင်းအောင် အိုင်းရှဲဒိုးခပ်ပါးပါးခြယ်ပါ။
တိတယနည်းအနေနဲ့ ဈေးပေါတဲ့ ခဲ့တံအမျိုးအစား အိုင်လိုင်နာကိုမသုံးသင့်ပါဘူး။ အိုင်းလိုင်နာဘရပ်ရှ်ကိုရှာသုံးပါ။
အရောင်ရင့်တဲ့အိုင်းရှဲဒိုးကိုလိမ်းထားရင် အနက်ရောင်အိုင်းလိုင်နာကို သုံးပြီးခြယ်ပါ။မျက်ခွံအတွင်းထဲကို
အိုင်းလိုင်နာခြယ်ရင် မျက်ဝန်းကိုသေးသယောင်ဖြစ်သွားစေပါတယ်။ ဒါကြောင့်မျက်တောင်ကြားမှာပဲ
အိုင်းလိုင်နာကိုဆိုးပေးပါ။
နောက်ဆုံးနေနဲ့တော့ မက်စ်ကာရာနဲ့ မျက်တောင်ကော့ပေးတာက မျက်လုံးကိုပိုကြီးပြီး ပိုတောက်ပစေပါတယ်။
သင့်မျက်တောင်တွေကတိုပြီး ဖြောင့်နေရင် မက်စက်ကာရာမသုံးခင် မျက်တောင်ကော့စက်နဲ့ အရင်ကော့ပေးပါ။
ဆံပင်အတွက်ကြည့်ကောင်းစေမယ့်နည်းလမ်းလေး
ဆံပင်ပုံကကြည့်မကောင်းဘူးထင်ရင် ရှုပ်ပွနေတဲ့ ပုံစံမျိုးဖြစ်အောင် ဖွလိုက်ပါ။
ကပိုကယိုနဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေက ဆွဲဆောင်မှုအရှိဆုံးပါပဲ။ ဆံပင်ကို ရှည်လွန်း/တိုလွန်း
တဲ့ ပုံစံကတော့မထားပါနဲ့။

No comments:
Post a Comment