




ဝသာန်နှောတဲ့..
ဒီဇင်ဘာရေ...
မိုးနှင်းလက်ကျန်ကို
ထုဆစ်ကောင်းနေတုန်းလား??
သင့်ရဲ့ နှင်းအပိုင်းအစတွေ...
ခရစ်စမတ်မှာညီလာခံဝင်လို့
နှစ်သစ်ကိုမွေးဖွားဖို့ ဦးခိုက်နေကြတယ်..
ဆွေးမြေ့စပြုလာတဲ့၂၀၁၁ လည်း
ပန်းနေရှာရောပေါ့....
လွမ်းခြင်းဆွေးခြင်းကင်းတဲ့
နှစ်သစ် ၂၀၁၂ မှာ....
ဘေးအန္တရယ်တွေချုပ်ငြိမ်းပြီး
စစ်ပွဲတွေပါးလျှပ်ကာ...
မိသားစုစုံစုံညီညီနဲ့
လှပတဲ့ခရစ်စမတ်ကိုနွှဲပျော်ရင်း
အာဟာရတွေပေါကြွယ်တဲ့ကမ္ဘာအဖြစ်
***နှစ်သစ်ကို ကြိုဆိုလိုက်ကြရအောင်***
No comments:
Post a Comment