ကျွန်တော် social website အသစ်တစ်ခုဖြစ်တဲ့ Google+ ကိုတော်တော်လေးသုံးရတာအကြိုက်တွေ့နေပါတယ်။
ကျွန်တော်တို့အများစုက Gmail နဲ့မစိမ်းကြပါဘူး။
ဒါပေမယ့် Google+ နဲ့တော့တော်တော်လေးမရင်းနှီးကြဘူးလို့ထင်မိတယ်။
သိပြီးသားသူတွေကတော့ကျော်သွားကြပေါ့မသိသေးတဲ့သူတွေကတော့စိတ်ရှည်ရှည်နဲ့ ဆက်ပြီးဖက်ကြည့်ကြပေါ့နော်
အားလုံးအတွက်ကောင်းကွက်လေးတွေရှိလို့မျှဝေပေးတာပါ။
Google+ ဆိုတာဘာလဲ???
> google+ ဆိုတာက အားလုံးသိကြတဲ့ နာမည်ကြီး google.com ရဲ့ social networking service တစ်ခုဖြစ်ပါတယ်။
ဒီထက်နဲနဲပိုခက်အောင်ပြောရရင် Google+ ဆိုတာ Facebook,Twitter,VZO(skype),Gtalk
အဲ့ဒါတွေအားလုံးကိုပေါင်းစည်းထားတဲ့ website တစ်ခုပေါ့။ ဒီလိုမှတ်ထားလိုက် Facebook အငယ်စားလေးပေါ့။
G+ မှာ FB
နဲ့လုံးဝနီးပါးချွတ်စွတ်တူနေတဲ့နေရာတွေရှိနေပါတယ်။ ဒါပေမယ့် FB အတု ဒါမှမဟုတ် FB ကို copy လုပ်ထားတာဆိုပြီးကမ္ဘာပေါ်ကဘယ် user
ကမှအထင်မသေးရဲခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ FB ဆီက
copy လုပ်ထားတယ်ဆိုတာထက် FB တောင်နောက်ကောက်ကြသွားနိုင်တဲ့အားသာချက်တွေများစွာနဲ့ users တွေဆီကို feature
အသစ်တွေနဲ့ဝင်ရောက်လာခဲ့တာပါ။ အခုဆို feature အသစ်အသစ်တွေဆက်တိုက်ထွက်လာပြီး ဟိုတလောက FB
ပိတ်တော့မယ်ဆိုတဲ့သီတင်းတကယ်မှန်သွားစေနိုင်လောက်အောင် လျှင်လျှင်မြန်မြန်နဲ့အောင်မြင်လာခဲ့ပါတယ်။
Google+ ဆိုပြီးတရားဝင်မလွှင့်တင်ခင်အထိ Google+ Project ဆိုပြီး Google company က၀န်ထမ်းတွေကိုစပြီးအသုံးပြုခွင့်ပေးခဲ့ပါတယ်။
အဲ့ဒီ Trial ကာလအတွင်းကတော့ G+ ကိုလက်ရှိအသုံးပြုနေတဲ့သူတွေက
invite လုပ်ပေးမှအကောင့်မရှိသေးတဲ့သူတွေအသုံးပြုခွင့်ရတဲ့ကာလပါ။ အံ့သြစရာကောင်းလောက်အောင်ပါပဲ Trial ကာလ(June 28, 2011
until September 20,2011) ၄လ အတွင်းမှာ အသုံးပြုသူဦးရေ
သန်း ၅၀ ကျော်တဲ့အထိအောင်မြင်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ Trial စလွှင့်တင်ပြီး ၂ပတ် အတွင်းမှာတင် အသုံးပြုသူ ၁၀ သန်း၊ ၁လ
အတွင်း ၂၅သန်း(ဒါတောင်တရုတ်မှာ Block လုပ်ထားခဲ့လို့) အထိအောင်မြင်ခဲ့ပါတယ်။ ထက်ပြီးအတိအကျပြောရရင် Facebook
စတင်လွှင့်တုန်းက အသုံးပြုသူ ၂သန်း ရရှိဖို့ ၂နှစ် ကြာခဲ့ပါတယ်။ G+ က FB ရဲ့စံချိန်ကိုချိုးပြခဲ့ပါတယ်။
ဘာလို့ G+ အဲ့လောက်အောင်မြင်လာခဲ့တာလဲ???
> G+ မှာ circle, photo, stream, hangout, game, spark ဆိုတဲ့ အဓိက features တွေပါရှိပါတယ်။
Circles
google-circle.png
G+ ကိုအောင်မြင်စေတဲ့အဓိက feature ပါ။ Circle တွေဘယ်လိုအလုပ်လုပ်လဲကြည့်ရအောင်
google-plus-writers-feat.jpg
Google+ ရဲ့ circle တွေက facebook ရဲ့ Add As Friend နဲ့လုံးဝကွာပါတယ်။ G+ မှာ user အတွက် friends,family,acquaintances,
following ဆိုတဲ့ circles တွေပါပြီးသားပါ
လုပ်ရမှာကသင့် gmail account ထဲက သူငယ်ချင်းတွေကို click လိုက်ထောက်ပြီး ရှိနေတဲ့ friends ဆိုတဲ့စက်ဝိုင်းထဲကို drop ချလိုက်ရုံပါပဲ၊
မိသားစုဝင်တွေဆိုရင်တော့ Family ဆိုတဲ့စက်ဝိုင်းထဲကိုပေါ့။
Following ဆိုတာက ဥပမာ Britney Spears ဆိုပါတော့ သူ့ကို friend circle ထဲထဲ့လို့ရပါတယ် ဒါပေမယ့်
သူနဲ့တကယ်သူငယ်ချင်းမဟုတ်ပါဘူး။ သူကလဲ သန်းနဲ့ချီတဲ့
friend requests တွေထဲကသင့်ရဲ့ request ကိုမှရွေးပြီးသူ့ရဲ့သူငယ်ချင်းစက်ဝိုင်းထဲ ထဲ့မှာမဟုတ်ပါဘူး။ သူ့ရဲ့ public profile
ကိုသင်ဝင်ကြည့်လို့ရမှာမဟုတ်ပါဘူး။ သူ့ကို Follow လုပ်လိုက်ပါ။
သင်ဟာသူ့ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်သွားပါပြီ။ သူ့ရဲ့ Public sharing တိုင်းကိုသင်မြင်တွေ့နိုင်ပါပြီ။ Pages တွေ ဥပမာ မှော်ဆရာgroup
ရဲ့ page ဆိုပါတော့ group ထဲကမန်ဘာတွေနဲ့သူငယ်ချင်းဖြစ်လို့ရပေမယ့်
group ကြီးနဲ့တော့သူငယ်ချင်းဆိုတာမဖြစ်နိုင်ပါဘူး ကျွန်တော်တို့တွေ ဒီ group ကို follow လုပ်ရပါတယ် ဒီသဘောပါ။
Circles တွေရဲ့အသုံးဝင်ပုံ
>ဘာလို့ဒီလိုစက်ဝိုင်းတွေရှိနေရတာလဲ??? အဖြေရှင်းဖို့အတွက် Facebook နဲ့သက်သေပြရမှာပါ။ ဥပမာ.........
ကျွန်တော်တို့ဆီမှာလူတိုင်းမသိစေချင်တဲ့ခံစားချက်လေးတွေရှိတာပဲ အဲဒီခံစားချက်လေးတွေအတွက်ထွက်ပေါက်အဖြစ်
ကိုယ်သိစေချင်တဲ့သူတွေကိုပဲသိစေလိုတာမျိုးတွေလဲရှိတာပေါ့၊ FB ကဒါမျိုးတွေဖန်တီးမပေးနိုင်ပါဘူး။
လူတစ်ယောက်ကိုသူငယ်ချင်းအဖြစ်လက်ခံလိုက်ပြီဆိုရင် သင်တင်သမျှပို့စ်တွေကို သူမြင်ချင်ချင် မမြင်ချင်ချင်တွေ့နေရမှာပါပဲ။
G+ ရဲ့circles တွေကအဲ့ပြဿနာကိုလွယ်ကူတဲ့အဖြေနဲ့ရှင်းပေးထားပါတယ်။ circle တွေပါ။ ခုနကကျွန်တော့ဥပမာအတိုင်းဆိုရင် ကျွန်တော်
G+ ထဲမှာ University Friends ဆိုတဲ့စက်ဝိုင်းဆောက်လိုက်မယ်ဗျာ။
ပြီးတက္ကသိုလ်ကသူငယ်ချင်းတွေချည်းပဲထဲ့ထား နောက်ကိုရေးချင်တာရေးပြီး ကိုယ့်ပိုစ်ကိုတွေ့စေချင်တဲ့ circles တွေကိုပဲရွေးပြီး share လိုက်
။ Public ထဲတင်ချင်ရင် Public ဆိုတာကိုရွေးပြီး share လိုက်။
အလွန်လွယ်ကူပြီးသင့်ရဲ့ privacy ကိုလဲမထိခိုက်ပါဘူး။
Circles တွေအကြောင်းကပြောရင်တောင်ကုန်ပါ့မလား တစ်ခုကျန်သေးတယ် friend တွေအချင်းချင်း the whole circle လုံး share
လို့ရသေးသဗျာ။ ကျွန်တော့်ဆီမှာကျွန်တော်လေးစားတဲ့စာရေးဆရာတွေချည်းပဲရှိတဲ့
စက်ဝိုင်းရှိတယ်ဗျာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကသည်စာရေးဆရာတွေကို follow လုပ်ချင်တယ် FB ထဲမှာသာဆိုရင် ကျွန်တော့်
friends တွေတစ်ယောက်ချင်းစီကိုလိုက်ပြီး Add ရမှာ
စက်ဝိုင်းတွေရှိနေခြင်းကလူတွေကိုသူ့အပိုင်းနဲ့သူစုစည်းထားလို့ရတယ် အခုလိုကျွန်တော့်သူငယ်ချင်းကတောင်းဆိုတာမျိုးရှိလာပြီဆိုရင်
ကျွန်တော်က ကျွန်တော့်ရဲ့ စာရေးဆရာတွေပဲရှိတဲ့ Friend circle ကိုသူငယ်ချင်းဆီ
Share ပေးလိုက်ရုံပဲ။ သူလဲအချိန်ကုန်သက်သာတယ် စံနစ်တကျလဲဖြစ်တယ်၊ ဘယ်လောက်ကောင်းလဲ။
ကဲအခုတော့ Circle တွေအကြောင်းနဲ့ပဲခဏရပ်ထားလိုက်ရအောင်။ နောက်မှပဲgoogle+အကြောင်းထပ်တင်ပေး
ပါဦးမယ်
ကဲ... စိတ်ပါဝင်စားသောမိတ်ဆွေများhttp://www.plus.google.comမှာဝင်ရောက်လေ့လာကြပေါ့နော်

sign inကနေဆက်ဝင်ကြည့်လိုက်ပါနော်...လွယ်ပါတယ်

No comments:
Post a Comment