Jul 18, 2012

Firefox 8 Available to Download!

Mozilla ရဲ့ web browser အသစ်ဖြစ်တဲ့ Firefox 8 ထုတ်ပြန်မှာကို Mozilla ရဲ့ site မှာ November ရှစ်ရက်နေ့တုန်းက တရားဝင်ကြေငြာခဲ့ပါတယ်။

ထုံးစံအတိုင်းပဲ Firefox 8.0 final version ကို windows, Mac နဲ့ Linux OS တွေအတွက် Mozilla ရဲ့ FTP server တွေမှာအခု download လုပ်လို့ရနေပါပြီ။



Firefox version အသစ်ဟာ Firefox7 ထုတ်ပြီးတစ်လခွဲအကြာမှာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါဟာ Mozilla ရဲ့ ခြောက်ပတ်မှာ တစ်ကြိမ်လောက် အသစ်ထုတ်နိုင်ရေး စီမံကိန်းကို အကောင်အထည် ဖော်နေပုံပါပဲ။ Firefox 8 မှာတော့ သုံးနေကျ performance တွေရဲ့တည်ငြိမ်မှုကို ထိန်းထားပေးရုံသာမက browser ရဲ့ address bar မှာ Twitter message တွေကို ရှာနိုင်တဲ့ function ကိုလဲထည့်ထားပေးပါတယ်။ tab တွေသုံးရာမှာလဲ ရွေးစရာတွေထပ်ထည့်ပေးထားပါတယ်။ browser ကို restart လုပ်ပြီးတဲ့အခါ tab တွေကို user ရဲ့ request အတိုင်း load လုပ်ခိုင်းလို့ရပါပြီ။ ဒါ့အပြင် add-on management နဲ့ security ကိုလဲတိုးမြှင့်ထားတာတွေ့ရပါတယ်။ အကြမ်းအဆင့်ပဲရှိတဲ့ extension တွေကို install လုပ်ရာမှာ security problem တွေကို ကာကွယ် နိုင်ဖို့အတွက် third party add-on တွေကို firefox 8 ကကာကွယ်ပေးပါတယ်။

windows တွေအတွက် firefox 8 ကို ဒီမှာdownload လုပ်လို့ရပြီး Mac OS အတွက် ဒီမှာLinux အတွက်ကိုတော့ဒီမှာ Download လုပ်လို့ရပြီ။


This post from Myanmar Youth Media

No comments:

Post a Comment