Jul 16, 2012

ယောင်္ကျားဆိုတာ(မိန်းမသားများအတွက်)

ယောင်္ကျားဆိုတာမျိုးကစိတ်သာယာမှူ ကိုအလွန် ရှာတတ်ကြတာပါ

သူတို့ ရဲ့ စိတ်ကို သာယာမှူပေးနိုင်မယ့် မိန်းမ မျိုးကိုလိုချင်တတ်ကြ

တယ်…. တစ်စုံတစ်ယောက်ကိုနှစ်နှစ်ကာကာချစ်တယ်ဆိုရင်လဲ

မမေ့တတ်ကြသလို မိန်းမ မာယာ နဲ့ ပြည့်စုံတဲ့ သူမျိုးကိုလဲ

တန်ဖိုးထာပြီးမြတ်နိုးတတ်ကြပြန်ရောလေ…အညုအခရာတွေမပေး

တတ်တဲ့မိန်းမ ကိုလဲ သိတ်မနှစ်သက်တတ်ကြပါဘူး….ကွယ်ရာမှာ

တော့  ဒီမိန်းမ က မာယာများတယ် လို့ဆိုချင်ဆိုမယ် ကဲ့ရဲ့ ချင်ကဲ့ ရဲ့ 

မယ် တကယ် တန်းကြတော့ အဲ့ ဒါ ကိုပဲ နှစ်သက်တတ်ကြပြန်ရော..

အဲ့ဒါကြောင့် ယောကျာင်္းတွေနဲ့ပတ်သက်ရင် မိန်းမသားတွေသိထားဖို့ လိုအပ်တာလေးပြောပြချင်မိပါတယ်….ဘာလို့လဲဆိုတော့ အချစ်နဲ့ 

မကင်းကြတဲ့သူတွေမို့  ချစ်သူရဲ့ ချစ်မြတ်နိုးခြင်းကို ပိုင်ပိုင်နိုင်နိုင်

ခံယူခွင့်တော့ဘယ်သူမဆိုရချင်ကြမှာပဲလေ.. ဒီတော့ 

မိန်းမသားတွေ အနေနဲ့ သစ္စာမဲ့  ဖို့ လွယ် ကူလွန်းတဲ့ ယောကျာင်္း

ကို ကိုင်တွယ် နိုင် ဖို့  အကောင်းဆုံးဖြစ်မယ် ထင်တာလေး

ချပြဆွေးနွေးသွားပါမယ်..ဒါမှလဲ အသဲကွဲတယ် ဆိုတဲ့ ဖြစ်ရပ်မျိုးကို

ရှောင်လွှဲနိုင်မယ် ထင်မိလို့ပါ….နေရာတိုင်းအသုံးမ၀င် ဘူးဆိုရင်တောင်မှ

ရာခိုင်နှုန်းအများဆုံး အကျိုးသက်ရောက်မှူ ရှိစေတယ် လို့ သုတေသနပြုထားတာလေးတွေ လေ့လာထားတာလေးတွေ ကို

ဝေမျှပေးပါရစေနော်…

++++++++

ပိုက်ဆံ ချမ်းသာတဲ့မိန်းမ ထက် ရုပ်ချောတဲ့ မိန်းမ က သာတယ်

ရုပ်ချောတဲ့မိန်းမ ထက် အပြောကောင်းတဲ့မိန်းမ ကပိုသာတယ် တဲ့ 

++++++++++++++++++++++++++++++++++

အဲ့ဒီတော့  ချိုသာတဲ့ စကား ကိုပြောတတ်ကြပါစေနော်

မာယာ သုံးတယ် ဆိုရာမှာလဲ အလွန် အကျွံ့ မသုံးမိဖို့တော့ လိုတာပေါ့…

လုံးဝ ကြီး ယောင်္ကျားတစ်ယောက်က ကိုယ့်ကို ချစ်တယ် ဆိုတိုင်းလဲ..

ဘာပြောပြော ချစ်နေမယ် လို့တစ်ထစ်ချမတွက်လိုက်ပါနဲ့ 

စကားကြမ်းပြောတတ်တဲ့ မိန်းမ ကို သေလောက်အောင်ချစ်နေပါစေ

စကားချို သာ ပြောတတ်တဲ့ မိန်းမ မျိုး ကိုတွေ့ တဲ့ အခါ

အလွယ် တကူ ကျွံ့ တတ်ကြပါတယ်..ဒါကြောင့် ကိုယ့် ကို ချစ်တယ် ဆိုတဲ့ 

လူကို ကိုယ် ကလဲ ချစ်တယ် ဆိုရင်..စကားချိုချို ပဲပြော ပါ…

စကားချိုချို ပြောတတ်တဲ့ မိန်းမ ကို မချစ်ရင်တောင် ချိုသာတဲ့ စကား

မျိုးပြောတတ်တဲ့ အတွက် သူ့ ကို ယောင်္ကျားတွေက နှစ်သက်စွာပဲ

ကာကွယ် စောင့်ရှောက်တတ်ကြပါတယ်…

ဒါကြောင့်မို့  ချစ်တဲ့သူ ကိုဘယ်လောက်ပဲ ချစ်တယ် လို့ပြောပြော

ချိုသာတဲ့ စကားမျိုး ပြောတတ်တဲ့ မိန်းမ ကို နှစ်လိုစွာပဲ

မြတ်နိုးတတ်ကြတာပါ်..ဆိုတာရယ်

မာယာ တွေ မသုံးတတ်ရင်တောင်မှ ချိုသာတဲ့စကားနဲ့ပဲ ..

ကိုယ့်အနားကမခွဲခွာချင်အောင်ပြောတတ်ကြပါစေ လို့

ကိုယ်ချင်း ကိုယ်ချင်း အသိပေးလိုက်ပါရစေနော်..

စကားပုံတောင်ရှိသေးတာပဲလေ ပုခက်လွှဲသောလက်များသည်

ကမ္ဘာ ကို အုပ်စိုးနိုင်သည် တဲ့ ….တို့ မိန်းမ တွေ ဟာ အပြောလေးနဲ့ 

အုပ်ချုပ်တတ် ဖို့ အဓိက ကျပါတယ်..ယောင်္ကျားတွေနဲ့ ရင်ဘောင်

တန်းတယ်ဆိုပေမယ့်  မိန်းမ မာယာလေးနဲ့တော့ ချစ်သူ ကို ဖမ်းစား

ထားဖို့ လိုအပ်တယ် နော်..ကလီယိုပါထရာလို နေမ၀င် အင်ပါယာကြီး ကို

လက်ဆောင် ရဖို့ တော့ မဟုတ်ဘူးပေါ့လေ…တစ်ဦးတည်းသောချစ်သူ

ကို ကိုယ့်ရင်ခွင် ကနေ တစ်ခြားကို လွင့်ထွက်မသွားစေဖို့  ပါ….

မိန်းမသားတွေ အားလုံးကံကောင်းနိုင်ကြပါစေ…

No comments:

Post a Comment