ခန္ဓာကိုယ်ကို
အကာအကွယ်အဖြစ်ဖုံးအုပ်ထားတဲ့ လူ့အရေပြားဟာ ပြောင်းလဲတဲ့
ရာသီဥတုဒဏ်အမျိုးမျိုးကိုခံနေရပါတယ်။ နွေရာသီမှာဆိုရင်
ပူပြင်းတဲ့နေရောင်ဒဏ်ကြောင့် အသားပပ်တာတွေ စိုပြည်မှုမရှိတာတွေ
ဖြစ်ရပြန်ပါလေရော။ ဆောင်းတွင်းရောက်တဲ့အခါ လေထုထဲမှာ လုံလောက်တဲ့ အစိုဓာတ်
မရှိတာကြောင့် အသားခြောက်တာဖြစ်ပါတယ်။ ကွ့အပ်ခြောက်သွေ့တဲ့အသားအရောဟာ
ရောဂါပိုးအမျိုးမျိုး ၀င်ရောင်နိုင်လို့ အသားအရေကို
စိုပြည်နူးညံ့ချောမွေ့နေအောင်ဂရုစိုက်သင့်ပါတယ်။ ဒီလိုဂရုစိုက်တဲ့နေရာမှာ
အစားအသောက်နဲ့နေထိုင်မှုပုံစံကိုပါ ဂရုစိုက်ရမှာဖြစ်ပါတယ်။
အသားအရေစိုပြည်အောင်အဓိကအချက်ကတော့ ရေများများသောက်ပေးဖို့ပါပဲ။ ဆောင်းတွင်းမှာ ရေနွေးနွေးလေးသောက်တာက ခန္ဓာကိုယ်အတွက်ပိုမိုကောင်းမွန်ပါတယ်။ ဒီရာသီမှာ အချဉ်၊ အငံ ကဲတဲ့ ဟင်းရည်လေးတွေချက်ပြုတ်စားသင့်ပါတယ်။အချိုနဲ့အဆီများတဲ့ အစာတွေကိုတော့ ရှောင်ရမယ်နော် . . ။
နေထိုင်မှု ပုံစံအနေနဲ့ကတော့ သိုးမွေး၊ပိုး၊ချည်ထည်နဲ့ ပြုလုပ်ထားတဲ့ နွေးထွေးတဲ့ အ၀တ်အစားကို ၀တ်ရမှာပေါ့။ ဒါမှလည်း အအေးဒဏ်ကို အံ့တုနိုင်မယ်လေ။ အ၀တ်အစားကို အထပ်ထပ်ဝတ်မယ်ဆိုရင် ချည်ထည်သားကို အရင်ဦးဆုံးဝတ်သင့်ပါတယ်။ တစ်ပတ်ကို အနည်းဆုံးသုံးကြိမ်းကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပြီး တစ်ကြိမ် ကို မိနစ် ၃၀လောက် ပြုလုပ်ပေးတာဟာ အသားအရေကို ကောင်းမွန်ဝင်းပစေပါတယ်။ ဆောင်းတွင်းမှာ မျက်နှာခဏ ခဏ သစ်တဲ့အမူအကျင့်ကိုမလုရပါဘူး။ မျက်နှာပြင်မှာရှိတဲ့ သဘာဝ အဆီဓာတ်တွေ ကုန်ခန်းပြီး အသားပိုခြောက်တတ်လို့လေ။ ဆောင်တွင်းမှာ Moisturizing Lotion ကို ခန္ဓာကိုယ်တစ်ခုလုံးလိမ်းသင့်ပါတယ်။
ဒါ့အပြင်နှုတ်ခမ်းသားပေါ်က အရေပြားဟာ အဆီဂလင်းမရှိတဲ့အတွက် အလွယ်တကူခြောက်သွေ့ပြီး အက်ကွဲတတ်ပါတယ်။ နှုတ်ခမ်းရဲ့ အစိုဓာတ်ပမာဏကို ရှိသင့်တဲ့ အနေအထားမှာ ရှိနေအောင် အထူးဂရုစိုက်ရပါမယ်။ နှုတ်ခမ်းသားခြောက်သွေ့ အက်ကွဲမှုမဖြစ်အောင် Lip Balm ကို အကာအကွယ်အဖြစ်အမြဲတမ်းလိမ်းပါ။ နှုတ်ခမ်းစိုးဆေး မဆိုးခင်မှာ လည်း အောက်ခံ လိမ်းပေးပါ။သံလွင်ဆီကိုပျားရည်းလေးရောစပ်ပြီးလည်း လိမ်းပေးတာဟာလည်း နှုတ်ခမ်းသားမခြောက်စေဖို့ နည်းလမ်းကောင်းလေးတစ်ခုပါပဲ။
ဆောင်းတွင်းမှာဆိုရင် ဆံပင်တွေ အစိုဓာတ်နည်းလို့ ကြွတ်ဆပ်တာမျိုးမဖြစ်ရအောင် ကွန်ဒီရှင်နာကို သုံးပေးပါ။ ခေါင်းလျှော်ပြီးတဲ့အခါမှာ ဒရိုင်ရာမသုံးဘဲ သဘာဝအတိုင်း အတတ်နိုင်ဆုံး ဆံပင်ကို အခြောက်ခံပါ။ ဆံပင်ကို အပူပေးတာတွေ အပူချောင်းသုံးတာတွေကို တတ်နိုင်သမျှလျှော့မှဆံပင်အစိုဓာတ်ဆုံးရှုံးမှုနည်းမှာဖြစ်ပါတယ်။ သဘာဝနည်းလမ်းကောင်းတစ်ခုကတော့ ရှားစောင်းလက်ပပ်အရည်နဲ့ ဆံပင်ကို နှိပ်နယ်ပေးတာဟာ အစိုဓာတ်ကိုပြန်လည်ရရှိစေပါတယ်။ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်တော့ ဦးရေပြားကို ဆီနဲ့ နှိပ်နယ်ပေးတာဟာ ဆံပင်ကို စိုပြည်သန်စွမ်းစေပါတယ်။
အသားအရေအတွက် ဒီအချိန်မှာ ရွေးချယ်သင်တာကတော့ ထောပတ်သီး၊ဒါမဟုတ် ဗာဒံစေ့ ဆီပါဝင်တဲ့ Moisturizer ပဲဖြစ်ပါတယ်။ရေကို အခြေခံထုတ်လုပ်ထားတဲ့ Moisturizer တွေဟာ ဆောင်းတွင်းမှာဆို အသားအရေအတွက် ထိရောက်မှုမရှိနိုင်ပါဘူး။ Moisturizer လိမ်းတဲ့အခါလည်း ရေချိုးပြီးကာစ အသားအရေမှာ မစိုဓာတ်ရှိနေတုန်းလိမ်းတာက ပိုထိရောက်ပါတယ်။
နောက်တစ်ခု သတိထားရမှာက ဆောင်းတွင်းနေ ဆိုပေမယ့် သိပ်မပြင်းဘူးထင်ပြီး sunscreen လိမ်းဖို့မမေ့ကြပါနဲ့နော်။ မျက်နှာအတွက်ဆိုရင် SPF 15-30 လောက်ပါတာကို လိမ်းသင့်ပါတယ်။အပြင်မထွက်ခင် နာရီဝတ်လောက်ကြိုတင်လိမ်းရပါမယ်။
ဆံပင်၊နှုတ်ခမ်း၊ အသားအရေခြောက်သွေ့တာတွေအပြင် ဆောင်းတွင်းမှာ ဖနောင့်အသားအရေခြောက်သွေ့လို့ ဖနောင့်ကွဲအက်တာကလည်း အဖြစ်များပါသေးတယ်။ ကွဲအက်ရာက နက်ရှိုင်းတဲ့အခါ သွေးထွက်ပြီးနာကျင်နိုင်ပါတယ်။ တစ်ခါတစ်ရံ အဲဒီအက်ကွဲကြောင်းတွေကနေ ရောဂါပိုးဝင် ရောက်နိုင်လို့ ဒါကိုလည်း လစ်လျူရှုထားလို့ မရပါဘူး။
ခြေဖနောင့် ကွဲတဲ့အကြောင်းတွေ ထဲမှာ ဖိနပ်မပါဘဲခရီးရှည် လမ်းတာ၊ ရာသီဥတုကြောင့် ကွဲတာ၊ အသားခြောက်သူးတွေ အလွယ်တကူ ခြေဖနောင့်ကွဲတာ၊ အချိန်အကြာကြီး မတ်တပ်ရပ်သူတွေ၊ ကိုယ်အလေးချိန်များလို့ ခြေထောက်ပေါ်မှာ ဖိအားပိုများစေတဲ့သူတွေဟာ ဖနောင့် ကွဲတတ်ကြပါတယ်။
ဖနောင့်ကွဲသူတွေဟာ ရေချိုးတဲ့အခါ ကျောက်တုံးအကြမ်းလေးနဲ့ အသာအယာပွတ်တိုက်ပေးပြီး အရေပြားဟောင်းတွေကို ဖယ်ရှားပေးပါ။ ဖနောင့်ကို ပျော့ပြောင်းစေပြီးကွဲအက်ရာ တွေကို စေ့သွားစေမယ့် medicated herbal balm, cracked heel စတာတွေကို လိမ်းပေးမယ်ဆိုရင် သက်သာပျောက်ကင်းမှာဖြစ်ပါတယ်။
ဒါဆိုရင် ဆောင်းတွင်းမှာ အသားအရေခြောက်သွေ့မှုကနေကင်းဝေးပြီး ခေါင်းအစ၊ ခြေအဆုံး စိုပြည် ၀င်းလက်တဲ့ အလှပိုင်ရှင်တစ်ဦးဖြစ်နိုင်မှာပါ။

No comments:
Post a Comment