လူငယ်တိုင်းအိမ်ထောင်ပြုတော့မယ်ဆိုရင်တော့ ကိုယ်ပိုင်စံညွန်းတွေနဲ့
သတ်မှတ်ပြီး သဘောကျနှစ်သက်တဲ့သူတွေနဲ့ အတူယှဉ်တွဲနှစ်ယောက်တစ်ဘ၀ကို
ဖန်တီးတည်ဆောက်ကြပါတယ်။ ဒီလိုတည်ဆောက်ရာမှာ မိမိကိုယ်ပိုင်
စံညွန်းများအပြင် နောက်ထပ်
သိသင့်တယ်ထင်တဲ့ အချက်တွေလည်း ရှိနေပါတယ် ။ ဒီအချက်လေးတွေကို သူငယ်ချင်း ညီအကိုမောင်နှမများ သိစေနိုင်ရန်အတွက်
ဝေမျှပေးလိုက်ပါတယ်။ ကျွန်တော်တို့နားထဲမှာ ငယ်ငယ်ထဲက ကြားဘူးပြီး လူကြီးသူမတွေ ဆုံးမနေတဲ့ စကားပုံလေးတစ်ခုရှိပါတယ်..
"အိမ်ထောင်မှု ၊ ဘုရားတည် ၊ ဆေးမှင်ရည် စုပ်ထိုး ဤ(၃)မျိုး ချက်မပိုင်ရင် မလုပ်နဲ့လို့ " ပြောခဲ့ကြပါတယ်။ လုပ်ပြီးရင် ပြန်ပြင်ဖို့ခက်တဲ့
အရာတွေဖြစ်နေပါတယ်။ ဒီတော့မမှားရလေအောင် သတိဆောင်နိုင်ဖို့ သိသင့်တာတွေကို လေ့လာကြပါစို့ဗျာ...
အိမ်ထောင်မပြုမီ သိသင့်သော အချက်များမှာ
(၁) မိမိတို့၏ ပညာအရည်အချင်း ပြည့်စုံပြီလား။
(၂) စိတ်ပါဝင်စားမှုရှိပြီလား။
(၃) တစ်ဦးနှင့် တစ်ဦး အကြောင်းစုံသိပြီးလား။
(၄) သုံး၊လေး နှစ် မစောင့်နိုင်တော့တာ ဘာကြောင့်လဲ။
(၅) အခက်အခဲများကို ရင်ဆိုင်နိုင်ပြီလား ။
(၆) သွေးသားတောင့်တမှု သက်သက်ကြောင့်လား။
(၇) တစ်ဦးနှင့်တစ်ဦး သည်းခံမှု ၊ အနစ်နာခံမှု ရှိကြပြီလား။
(၈) မိဘဆွေမျိုးများကို စုံစမ်းမေးမြန်းပြီးပြီလား။
(၉)အိမ်ထောင်ရဲ့တာဝန်ဝတ္တရားတွေကိုရော ကျေပွန်စွာ နားလည်ပြီလား။
(၁၀)ဘာသာ၊ သာသနာရဲ့ အကျိုးကိုရော တက်နိုင်သလောက် ကူညီနိုင်ပြီလား။
(၁၁) အိမ်ထောင်မကျမီ ငွေရေးကြေးရေး ဘယ်လောက်ကုန်ကျမည်ကို တွက်ချက်ထားပြီလား။
(၁၂) မိမိခြေထောက်ဖြင့် ထနိုင်ပြီးလား... မိမိခြေထောက်ပေါ်ရပ်တည် နိုင်ပြီလား။ ကိုယ်အားကိုယ်ကိုးနိုင်ပြီလား။
(၁၃) သားသမီးရလာပါက ထိုသားသမီးအတွက် တာဝန်ယူနိုင်ပြီလား။
(၁၄) ဘ၀ကြင်ဖော်ကို တစ်သက်လုံးပေါင်းဖော်ရမည်ဖြစ်သောကြောင့် လေးလေးနက်နက်စဉ်းစားရန်လိုအပ်ပါသည်။
ဤအချက်တွေကိုရေးသားခဲ့ကြသူများမှာ အတွေ့အကြုံရှိပြီးသော သူများဖြစ်သည့်အတွက် အထက်ပါအချက်အလက်များကို
အိမ်ထောင်မပြုမီ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ သို့မှသာလျှင် ပျော်ရွင်ဖွယ်ကောင်းသော ဘ၀တစ်ခုကို နှစ်ယောက်အတူ
ဖန်တီးတည်ဆောက်နိုင်ကြမှာပါ...။

No comments:
Post a Comment