Jul 23, 2012

နှစ်သစ်အကူးအပြောင်းမှာဘာလုပ်ကြမလဲ

နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းနေတဲ့အချိန် ( ည ၁၂ နာရီမထိုးခင်မိနစ်ပိုင်းကလေး နောက်တနေ့ သို့ ကူးပြောင်းနေစဉ်အချိန်ကလေးကိုဆိုလိုပါတယ် ) သင်ဘယ်လိုအနေအထား
နဲ့နှစ်သစ်ကို ကူးပြောင်းသွားချင်သလဲ အိမ်ပျော်နေရင်းနဲ့ကူးပြောင်းသွားမလား ၊ တချို့ကတော့
(Countdown) လုပ်နေတဲ့ နာရီကိုစောင့်ကြည့်နေပြိး နှစ်သစ်လဲကူးရော ( Happy Newyear )
လို့အော်လိုက်ကြတယ် ၊ နှစ်သစ်ဦးရဲ့ အစဦးဆုံးမိမိရဲ့အလုပ်ဟာ တရားနှစ်လုံးသွင်းလျက်ဖြစ်စေ
ဘုရားဂုဏ်တော်တခုခုအာရုံပြုလျက်ဖြင့်အစပြုလိုက်ပါ၊
           နှစ်ဟောင်းကနေနှစ်သစ်စပ်ကူးကာလမှာပရိတ်တရားတော်တခု ခုကိုဖွင့်ပြီးနာနေလျက်
ဖြစ်စေ ၊ တရားထိုင်နေရင်းနဲ့ ဖြစ်စေ နှစ်သစ်ကိုရောက်သွားရင်မကောင်းဘူးလား ၊ နောက်တော့
သတ္တ၀ါတွေအားလုံးကိုအမျှပေးဝေလိုက်ပေါ့ ၊
          ယနေ့ကမ္ဘာကြီးမှာ လူသားတွေဟာ ဘေးအန္တရယ်အမျိုးမျိုးနဲ့ကြုံတွေ့နေရတယ်
လူသားများအားလုံး
          နှစ်သစ်မှာကျန်းမာချမ်းသာကြပါစေ
          ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ
          ရောဂါခပ်သိမ်းကင်းငြိမ်းကြပါစေ
ဆင်းရဲခပ်သိမ်းကင်းငြိမ်းကြပါစေ
`          ကြောင့်ကျခပ်သိမ်းကင်းငြိမ်းကြပါစေ
          နှလုံးစိတ်ဝမ်းပေးချမ်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါ ၊

ပရိတ်တရားတော်များကတော့ ပရိတ်ကြိး ၁၁ သုတ်ဖြစ်စေ
ပဌာန်းတရားတော်ဖြစ်စေ ကောင်းပါတယ် ၊
          အဲဒါက နှစ်သစ်တခုရဲ့အစမှာ မိမိရဲ့ ပထမဦးဆုံးပြုလုပ်တဲ့အလုပ်ဖြစ်ပါတယ် ၊
`        အဲ နေ့ တနေ့ရဲ့ အစကိုရော ဘယ်လိုနဲ့ စမလဲ အိပ်ရာကနိုးထလို့မျက်စိနှလုံပွင့်တာနဲ့
တနေ့တာရဲ့ အစကို ဘယ်လိုစမလဲ
          ဂုဏ်တခုခုကိုရွက်လိုက်ပါ ၊ ပြီးတော့ သတ္တ၀ါတွေကိုမေတ္တာပို့လိုက်ပါ ၊ ပြီးတော့မြတ်စွာ
ဘုရားကို ရေဦးကပ်လိုက်ပါ နောက်တော့မှ ကိုယ်လုပ်စရာတွေလုပ်တာပေါ့
ဒီလိုနဲ့ နေ့ တနေ့ရဲ့အစကို စလိုက်ရင် တနေ့တာ လုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်သွားပါလိမ့်
မယ် ၊ စမ်းကြည့်ပါလို့ မျှဝေလိုက်ပါတယ် ၊
နှစ်သစ်မှာကျန်းမာချမ်းသာကြပါစေ

No comments:

Post a Comment