Jul 23, 2012

ပြည်ပရောက် မြန်မာ တွေ ၀င်ငွေ ခွန် ကင်းလွတ် ခွင့် ပြု

ပြည်ပရောက် မြန်မာ တွေ ၀င်ငွေ ခွန် ကင်းလွတ် ခွင့် ပြု

BN FNG
 
8
 
0
 
 
မဲပေးပါ
ပြည်ပ နိုင်ငံ များ တွင် သွားရောက် အလုပ်လုပ် ကိုင်နေ ကြသည့်  မြန်မာ နိုင်ငံသားများ ၏ ၀င်
ငွေ ခွန် အား မူလ က ၆ လ တိတိ လျှော့ ကောက် ရန် သာ စီစဉ် ထား သော်လည်း နိုင်ငံခြားငွေဖြင့်
ရရှိသည့် လစာခေါင်းစဉ်အောက်ရှိ ၀င်ငွေစုစုပေါင်းအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့်
ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ပယ် ဖျက် လိုက် ပြီ ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့ မှ
အတွင်း ရေး မှုး တစ်ဦး ဖြစ်သူ ဦးတင် မျိုးကြည် က လက်မှတ် ထိုး ပြီး တရား ၀င် သတင်း ထုတ်
ပြန် လိုက် သည်။

ပြည်ပရောက် မြန်မာ နိုင်ငံ သားများ အား  ၀င်ငွေ ခွန် ကင်းလွတ် ခွင့် ပြုသည် ဆိုသည့် သတင်း ကို
နေပြည်တော် ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီးဌာ န မှ ညွှန်ကြားရေး မှု တစ်ဦး က လည်း FNG သို့ 
အတည် ပြု ပြောကြား သည်။

“မနေ့ က စာထုတ် တယ် ၊ ဒီနေ့  စာဝင်လာတယ်၊ ခင်ဗျား တို့ ဆီ ပို့ လိုက်တဲ့ စာပဲ ၊ ဇန်န၀ါရီ ၂၀၁၂ က
နေ စပြီး အတည် ဖြစ်မယ်” ဟု အဆိုပါ အရာ ရှိက ပြောသည်။

တစ်ဆက် တည်း ကြား သိရသည့် သတင်း မှာ မူ ရန်ကုန် နှင့် နေ ပြည်တော် နိုင်ငံ တကာလေဆိပ်မှာ
ထွက်ခွာခွင့် နှင့် ဆိုက်ရောက် အခွန် များ ကို မူ တိုးမြှင့် ကောက်ခံ မည် ဟု သိရသည်။

ပြည်ပ ရောက် မြန်မာ များ အနေဖြင့် မူလက သက်ဆိုင်ရာ နိုင်ငံ အပြင် မြန်မာ အစိုးရ ကို ပါ ၀င်ငွေ
ခွန် နှစ်ထပ် ပေးဆောင် နေရ မှု ကြောင့် ဖောင်စီးရင်း ရေငတ်၊ သမင်မွေးရင်း ကျားစား ရင်း ဖြင့်
လုံး ပါး ပါး ကာ လှုပ်လေ မြုပ်လေ ဘ၀ ဖြင့် ဆယ်စုနှစ် ပေါင်း များ စွာကို ခါးသီးစွာ ဖြတ် သန်း ခဲ့
ရသည်။

ဝင်ငွေခွန် ပေးဆောင်ရမှု အား အပြီး တိုင် ပယ်ဖျက် သည့် သတင်း နှင့် ပတ်သက် ပြီး စင်္ကာပူ နိုင်ငံ
နည်းပညာ ကုမ္ပဏီ တွင် တာဝန်ထမ်းဆောင် နေသည့် သတင်း က ” ကျွန်မ တို့  ဒီသတင်း ကြားရ
တာ အရမ်းပျော်ပါတယ်။ မိဘ တွေ ကို လွတ်လွတ် လပ် လပ် ပိုက်ဆံ ပြန်ပို့  လို့  ရသွား ပြီ ” ဟု
ပြောသည်။

မြန်မာ နိုင်ငံ တွင်း သို့  ပြည်ပရောက် မြန်မာ များ လွတ်လပ် စွာ ငွေ ကြေး လွှဲပြောင်း ခွင့် ရသဖြင့်
ဘဏ်လုပ် ငန်း စနစ်ပါ တိုးတက် လာ နိုင် သည် မြန်မာ သတင်းဌာန တစ်ခု ဖြစ်သည့် Eleven
Media အင်တာနက် စာမျက် နှာ တွင် ဖော်ပြထား သည

No comments:

Post a Comment