သူငယ်ချင်းနှစ်ဦး ခရီးအတူထွက်ကြရာ သဲကန္တာရ တစ်နေရာ
အရောက်တွင် စကားများပြီး ထိုးကြိတ်ကြ လေသည်။ အထိုးခံရသူက စကားတစ်ခွန်းမျှ
မပြောဘဲ သဲပေါ်တွင် “ယနေ့ ကျွန်တော့်သူငယ်ချင်း ကျွန်တော်ကို ထိုးသည်” ဟု
ရေးမှတ်ထားလိုက်သည်။
နှစ်ဦးစလုံး ခရီးရှေ့ဆက်ကြပြီး တောအုပ်တစ်ခုအရောက် မြစ်တစ်စင်းတွေ့သဖြင့် အနားယူရန် ဆုံးဖြတ်လိုက်ကြသည်။ မြစ်ထဲသို့ ရေဆင်းချိုးကြရာ အထိုးခံရသောသူက ရေနစ်သဖြင့် ကျန်သူငယ်ချင်းက ကယ်ဆယ်ခဲ့သည်။ သတိပြန်လည်လာသောအခါ “ယနေ့ ကျွန်တော့်သူငယ်ချင်း ကျွန်တော့်ကို ကယ်တင်ခဲ့သည်” ဟု ကျေုာက်တုံးတစ်တုံးပေါ်တွင် ထွင်းခဲ့သည်။ ကယ်ဆယ်ခဲ့သော သူငယ်ချင်းက နားမလည်၍ “ဘာကြောင့် ကျွန်တော်ထိုးတုန်းက သဲပေါ်တွင် ရေးပြီး ကျွန်တော်ကယ်တာကို ကျောက်တုံးပေါ် ရေးရသလဲ” ဟု မေးလေသည်။
ထိုအခါ သူက “သူငယ်ချင်းက ကိုယ့်အပေါ် မကောင်းခဲ့တာတွေကို လေနှင့် အလွယ်တကူ လွှင့်ပါ ပျက်စီးနိုင်သော သဲပေါ်တွင် ရေးခဲ့ပြီး ကိုယ့်ကို ကူညီခဲ့တာတွေကို အလွယ်တကူ မပျက်စီးနိုင်သော ကျောက်တုံးပေါ်တွင် ထွင်းခဲ့ခြင်းဖြစ်သည်” ဟု ပြန်ဖြေလေသည်။
သူငယ်ချင်းများ ပေါင်းသင်းဆက်ဆံရာတွင် ထိခိုက်နာကျင်စေခြင်းသည် မတော်တဆဖြစ်၍ အလွယ်တကူ မေ့ပစ်သင့်ပြီး ကူညီခြင်းသည် တကယ့် အမှန်စင်စစ်ဖြစ်သောကြောင့် မှတ်သားထားသင့်သည်။ ထိုသို့ မှတ်သားနိုင် သူသာလျှင် လောကကြီးတွင် သူငယ်ချင်း ပေါများမည်ဖြစ်သည်။
မြန်မာတက်ကနစ်ဖိုရမ်မှ ဗဟုသုတအဖြစ်သာမျှဝေပါသည်။

No comments:
Post a Comment