Jul 25, 2012

အချစ်အတွက်အသက်ပေးဝံ့တဲ့အချစ်

ဒီလိုရဲရင့်တယ်
သူငယ်ချင်းတို့ရေဒီတစ်ခါအားလုံးကို
ကင်းမြီးကောက်အကြောင်းပြောပြချင်တယ်
စကော်ပီယန်ဆိုတဲ့အဲဒီအကောင်ကအမကောင်ဟာအထီးကောင်ထက်ကြီးတဲ့
ကိုယ်ခန္ဓာရှိတယ်။အသေးဆုံးတစ်လက်မခွဲကနေအကြီးဆုံးရှစ်လက်မအထိရှိကြပါတယ်။
ဒီလိုလှပပါတယ်
အပူပိုင်းဒေသတွေမှာနေထိုင်ကြပေမယ့်အပူကြောက်တဲ့အတွက်
ကျောက်ကြိုကျောက်ကြားမှာပုန်းအောင်းနေကြပါတယ်။
ညအချိန်မှာအစာရှာထွက်ပြီးနေ့အချိန်မှာအိပ်စက်ပုန်းအောင်းနေကြပါတယ်။
ဒီလိုအစာစားတယ်။
ကမ္ဘာပေါ်တွင်ကင်းမြီးကောက်မျိုးပေါင်းများစွားရှိပြီအချို့အမည်းရောင်အဖြူရောင်
အ၀ါရောင်အသီးသီးရှိကြပါတယ်။မြန်မာများကတော့အမည်းရောင်ကိုကင်းမလက်မဲ

အဖြူရောင်ကိုကင်းဖြူလေးဟုဒေသအလိုက်ခေါ်ဆိုကြပါတယ်။အင်းဆက်တွေထဲမှာတော့
ခေါင်းပိုင်းကနေအင်တန်နာတိုင်လေးတွေမပေါက်ပဲလက်မတစ်စုံပေါက်နေတဲ့ထူးထူးဆန်းဆန်းသတ္တ၀ါပါပဲ
အမြီးမှာပြင်းထန်တဲ့အဆိပ်တွေစုစည်းထားတဲ့အဆိပ်ဆူးရှိပြီးရန်သူကိုလမ်ကနဲ့ညှပ်ပြီးဆူးနဲ့ထိုးပြီးတိုက်ခိုက်တဲ့အခါ
အဆိပ်တွေပြန့်နှံ့ပြီးသေသွားနိုင်ပါတယ်။အဆိပ်ဟာအင်မတန်ပြင်းတဲ့အတွက်
ဆိတ်တွေကြွက်တွေနဲ့အခြားအကောင်ငယ်တွေသေနိုင်ပါတယ်
လူတောင်မှအားနည်းနေတဲ့အချိန်ဆိုရင်သေနိုင်ပါတယ်။
အဲကျွန်တော်ပြောချင်တဲ့ဆီမရောက်သေးဘူးဗျ။
သူတို့မိတ်လိုက်တဲ့အကြောင်း(အချစ်အကြောင်း)ပြောချင်တာ
ကင်းမြီးကောက်တွေဟာဒေါသကြီးပါတယ်
အထီးထက်အမကပိုပြီးဒေါသကြီးပါတယ်။သူကိုလာပြီးပိုးပန်းတဲ့အထီးကိုသဘောမတွေ့ရင်
သတ်စားပစ်လိုက်ပါတယ်။
သဘောကျရင်တော့လက်မနှစ်စုံတွဲကပြီးတော့
ဒီလိုတွဲကတယ်လေ
အထီးနေထိုင်တဲ့ကျွင်းရှိရာဆီချီတက်ပါတော့တယ်
ပြီးရင်တော့နှစ်ပါတ်ခန့်တူတူနေပြီးရင်အထီးကိုသတ်စားလိုက်ပါတယ်။
သားပေါက်ကလေးများကိုတော့မိခင်ကင်းမကြီးကကျောပေါ်မှာတင်ပြီး
ဂရုတစိုက်စောင့်ရှောက်ပါတယ်။သူတို့ရဲ့အထီးတွေဟာကမ္ဘာမှာပြိုင်စံရှားတဲ့အချစ်သမားတွေပါပဲ
သူတို့ကိုသတ်စားမယ်ဆိုတာသိရက်နဲ့သူတို့ချစ်ဖို့ကိုဝန်မလေးခဲ့ဘူး
ကင်းအမကလဲအထီးကိုသတ်စားလိုက်ပေမယ့်သူရဲံကိုယ်ပွားကင်းပေါက်ကလေးတွေကိုကျောပေါ်တင်ပြီးတယုတယ
စောင့်ရှောက်မွေးမြူပါတယ်။


ဒီလိုသားပေါက်တွေက်ုစောင့်ရှောက်တယ်
။သူငယ်ချင်းတို့လဲကိုယ့်ချစ်သူအပေါ်အသက်ပေးပြီးချစ်နိုင်ပါစေ

No comments:

Post a Comment