Jul 10, 2012

ပီကေစားခြင်း၏အကျိုး

ပီကေပာုခေါ်သော Chewing Gum သည် လူငယ်လူရွယ်များတွင် ရေပန်းစားနေသော ဖက်ရှင်တစ်ရပ်အသွင်ရှိနေပါသည်။
ပီကေ၀ါးခြင်း၊ ပူဖောင်းမှုတ်ခြင်းသည် သူတို့ ဧ။်ကျန်းမာရေးအပေါ် မည်ကဲ့သို့  အကျိုးသက်ရောက်မှုရှိပါသလဲ။
လေ့လာတွေ့ ရှိချက်များအရ ပီကေ၀ါးမှုတ်ခြင်းသည် တချို့ သော ကျန်းမာရေးအတွက်များစွာအထောက်အကူပြု ကောင်းမွန်
ကြောင်း သိရှိရပေသည်။
(၁) ပီကေအား ထမင်းစားပြီးနောက် ၀ါးစားသောအခါ အစာအိမ်မှ အက်စစ်များအထက်သို့ (အစာရေမျိုအတွင်းသို့ ) ပြန်လှန်တက်
လာခြင်းမှ ကာကွယ်နိုင်သောကြောင့် အစာစားပြီး အစာမကြေရင်ပြည့်ရင်ကယ်၊ လေပူလေချဉ်တက်ခြင်းကို ပျောက်ကင်းသက်
သာစေနိုင်သည်။
(၂) သကြားဓာတ်မပါသော ပီကေအား ၀ါးနေခြင်းဖြင့် ပါးစပ်အတွင်း တံတွေးများပိုမိုထွက်ရှိစေကာ၊ အက်စစ်ဓာတ်ပမာဏ လျော့
နည်းစေခြင်းဖြင့်၊ အပေါ်ယံကြွေသွားလွှာအား အက်စစ်ဓာတ်စားခြင်းမှ ကာကွယ်ပေးနိုင်ခြင်းဖြင့် သွားပိုးပေါက်များ ပိုမိုကြီးလာ
ခြင်းကို နှေးကွေးသွားစေပါသည်။
(၃) ညဘက်ကားမောင်းရင်းနှင့်မငိုက်စေရန် ပီကေ၀ါးစားခြင်းဖြင့် လန်းဆန်းတက်ကြွကာ အိပ်ချင်ပြေစေပါသည်၊ ထို့ ပြင်ညဘက်
တာဝန်ကျသူများအနေဖြင့် မအိပ်ရသော်လည်း တစ်ညလုံး ပီကေ၀ါးစားနေခြင်းဖြင့်၊ မနက်မိုးလင်းသောအခါ ပီကေ၀ါးမစားထား
သူများထက် ပို၍အိပ်ရေးပျက်ဒဏ်ကို ခံနိုင်စေပါသည်။
မူရင်း။ ။ Health Dige

No comments:

Post a Comment